အသည်းမာတဲ့ လင်းထက်အောင်ကို ဟိန်းထွန်းအောင် အမှတ်နဲ့ အနိုင်ရ

ဩဂုတ်လ ၂ ရက်နေ့က မန္တလေးမြို့ရဲ့ မန္တလာသီရိ အားကစားရုံမှာ ယှဉ်ပြိင်ထိုးသတ်ခဲ့တဲ့ WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ တတိယတွဲဆိုင်းဖြစ်တဲ့ ဟိန်းထွန်းအောင် (ရွှေသထုံ)နဲ့ လင်းထက်အောင် (တောင်ကလေး)တို့ပွဲစဉ်မှာ ဟိန်းထွန်းအောင်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအစမှာ ဟိန်းထွန်းအောင်က တံတောင်ရိုက်၊ ခေါင်းတိုက်၊ လက်သီးတွဲလုံးတွေနဲ့ တိုက်စစ်ဆင်ရာမှာ လင်းထက်အောင် အထိနာခဲ့ပေမဲ့ လင်းထက်အောင်ရဲ့ ဘယ်ဝိုက်လက်သီး ထိမှန်ခဲ့လို့ ဟိန်းထွန်းအောင် လဲကျခဲ့ပါတယ်။

ဒုတိယအချီမှာ ဟိန်းထွန်းအောင် တိုက်စစ်ပိုကြမ်းလာပြီး ဘယ်ခြေကန်၊ ခေါင်းတိုက်တွဲလုံး၊ ဘယ်ထောက်၊ ညာဒူးတွဲလုံးတွေနဲ့ ထောင့်ပိတ်ထိုးသတ်ခဲ့သလို လင်းထက်အောက်ကလည်း ပတ်တံတောင်၊ ခြေကန်ချက်တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

တတိယအချီမှာ အမှတ်သာနေတဲ့ ဟိန်းထွန်းအောင်က တိုက်စစ်အရှိန်လျှော့ခဲ့လို့ လင်းထက်အောင်က အမြင့်ကန်ချက်တွေ၊ လက်သီးချက်တွေ ထုတ်သုံးလာပေမဲ့ ဟိန်းထွန်းအောင်က ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စတုတ္ထအချီမှာ လင်းထက်အောင် ညာမျက်ခုံး ကွဲခဲ့လို့ ဆရာဝန်ပြခဲ့ရပေမဲ့ ဆရာဝန်က ဆက်ထိုးခွင့်ပြုခဲ့ပါတယ်။ စတုတ္ထအချီ ပြီးခါနီးမှာ ဟိန်းထွန်းအောင်က ထောင့်ပိတ်ပြီး လက်သီးချက်တွေ ပစ်သွင်းနိုင်ခဲ့သလို ပဉ္စမအချီမှာလည်း လက်သီးတွဲလုံးတွေ၊ ဒူးတိုက်ချက်တွေ သုံးခဲ့ပေမဲ့ အသည်းမာလွန်းတဲ့ လင်းထက်အောင်ကို မဖြိုနိုင်ခဲ့ပါဘူး။ ၅ ချီအပြီး အမှတ်နဲ့ ဆုံးဖြတ်ရာမှာ တစ်ဖက်သတ်နီးပါး ထိုးသတ်သွားတဲ့ ဟိန်းထွန်းအောင်က အနိုင်ရခဲ့ပါတယ်။

Photos – TH
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top