ဘာစီလိုနာအသင်း ဒီကနေ့ လေ့ကျင့်ခန်း ပြန်ဆင်းမယ်

8-5-2020-yyl-012.jpg

လာလီဂါပြိုင်ပွဲကို လာမယ့်ဇွန်လမှာ ပြန်လည်စတင်နိုင်ဖို့ စီစဉ်နေပြီး မေလ ၈ ရက်မှာ လေ့ကျင့်ခန်းပြန်ဆင်းမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သီးခြားလေ့ကျင့်ခန်းအစီအစဉ် ပြန်လည်စတင်မှာပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းတွေကို လိုက်နာဖို့အတွက် ကစားသမားတွေကို ကွင်း ၃ ကွင်းမှာ ခွဲပြီး လေ့ကျင့်ခန်း ဆင်းခိုင်းမှာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် စပိန်နိုင်ငံတစ်ဝန်း အချိန်အတိုင်းအတာတစ်ခုကြာ ပိတ်ဆို့မှုလုပ်ခဲ့ရပြီးနောက်မှာတော့ လာလီဂါအသင်းတွေက ဒီတစ်ပတ်ထဲမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေနဲ့အညီ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြပါတယ်။ စပိန်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂၅၆၈၅၅၊ သေဆုံးသူ ၂၆၀၇၀ ယောက် ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top