ရင်ပူရင်ဆာဖြစ်တာက ညဘက်မှာ ဘာလို့ပိုဆိုးလာတာလဲ

9-10-2020-yyl-045.jpg

ရင်ပူရင်ဆာဖြစ်ခြင်းက လူတော်တော်များများ နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ အခြေအနေပါပဲ။ လူအများစုက ဒီအခြေအနေကို နှလုံးနဲ့ဆက်စပ်တဲ့ရောဂါနဲ့ မှားယွင်းတတ်ကြပါတယ်။ ဒါက အစာအိမ်အချဉ်ဖောက်တာနဲ့ ဆက်စပ်တဲ့ပြဿနာပါ။ အစာအိမ်မှာ ရှိတဲ့ အစားအစာနဲ့ အက်စစ်ဓာတ်တွေက အစာပြွန်ကို ပြန်ရောက်သွားတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါက အစာပြွန်နံရံတွေကို လောင်ကျွမ်းစေပါတယ်။ အစာအိမ်အချဉ်ဖောက်ခြင်းရဲ့အကျိုးဆက်က ရင်ပူရင်ဆာဖြစ်တာပါ။ နှလုံးအနီးနားမှာ ဖြစ်တဲ့အတွက် ရင်ပူရင်ဆာဖြစ်တယ်လို့ ခေါ်တာပါ။ ဒီပြဿနာက အပူအစပ်အစားအစာတွေစားပြီးနောက် (သို့) ဘောင်းဘီကျပ်ကျပ်ဝတ်ဆင်တဲ့အချိန်တွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ တချို့လူတွေက လူနေမှုပုံစံအလေ့အထ (သို့) သောက်သုံးတဲ့ဆေးဝါးတွေကြောင့် နေ့စဉ် ကြုံတွေ့နိုင်ပါတယ်။ ရင်ပူရင်ဆာဖြစ်ဖူးတဲ့သူတွေက ဒီပြဿနာက ဘယ်လောက် စိတ်ကသိကအောက်ဖြစ်စေလဲဆိုတာ သိကြပေမဲ့ ညဘက်မှာ ဘာလို့ပိုဆိုးရွားတာလဲဆိုတာကိုတော့ သိကြမယ်မထင်ပါဘူး။

ညဘက်မှာ ရင်ပူရင်ဆာဖြစ်တာက ဘာလို့ ပိုဆိုးရွားလာတာလဲ

ညအိပ်ရာဝင်တဲ့အချိန် သင် လဲလျောင်းတဲ့အခါ မတ်တပ်ရပ်နေတဲ့၊ ထိုင်နေတဲ့အချိန်မှာမဖြစ်တဲ့ ကမ္ဘာမြေကြီးရဲ့တွန်းအားကြောင့် အစားအစာတွေက အစာအိမ်ကနေ အစာပြွန်ကို သွားနေပါတယ်။ ဒါကြောင့် ရင်ပူရင်ဆာဖြစ်တာက ညဘက်မှာ ပိုခံစားရတာဖြစ်ပါတယ်။ သင် မတ်တပ်ရပ်နေစဉ် (သို့) ထိုင်နေစဉ် အစားအစာတွေနဲ့ အက်စစ်ဓာတ်တွေက အစာခြေစနစ်ကို လုပ်ဆောင်နေတဲ့ အစာအိမ်မှာ ရှိနေလို့ပါပဲ။

ညဘက် ရင်ပူရင်ဆာဖြစ်တာကို သက်သာအောင် ဘယ်လိုလုပ်မလဲ

ဆေးသောက်နေရတဲ့၊ ဆေးလိပ်သောက်တဲ့၊ အရက်ဘီယာသောက်တဲ့လူတွေက အခြားသူတွေနဲ့ယှဉ်ရင် ညဘက်တွေမှာ ရင်ပူရင်ဆာဖြစ်တာကို ပိုပြီးခံစားရတတ်ပါတယ်။ ညဘက် ရင်ပူရင်ဆာဖြစ်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတချို့ရှိပါတယ်။

ညဘက်အစားအများကြီးမစားပါနဲ့ – ညဘက်ဆိုရင် အစားအစာကို အလွန်အကျွံမစားသင့်ပါဘူး။ သင့်အစာအိမ်က အလွယ်တကူအစာချေဖျက်ပေးနိုင်မယ့် ပေါ့ပါးပါးညစာကို စားသုံးပေးသင့်ပါတယ်။

အဆီများတဲ့၊ အစပ်များတဲ့အစားအစာကို မစားပါနဲ့- သင်က ရင်ပူရင်ဆာဖြစ်တာကို မကြာခဏခံစားရတယ်ဆိုရင် ညဘက်မှာ အဆီများတဲ့၊ အစပ်များတဲ့အစားအစာတွေစားသောက်တာကနေ ရှောင်ပါ။ အဲဒီလိုအစားအစာတွေက ရင်ပူရင်ဆာဖြစ်တာကို ပိုဆိုးရွားလာစေပါလိမ့်မယ်။ ညဘက် ဘီယာ၊ အရက်သောက်တာကိုလည်း ရှောင်သင့်ပါတယ်။

အစာစားပြီးရင် ချက်ချင်းအိပ်ရာမဝင်ပါနဲ့ – အိပ်ရာမဝင်ခင် အနည်းဆုံး (၂) နာရီအကွာမှာ အစာစားပေးရပါမယ်။ ညစာ စားပြီး ချက်ချင်းအိပ်ရာဝင်တာက ရင်ပူရင်ဆာဖြစ်နိုင်မယ့်အခွင့်အလမ်းများလာစေပါတယ်။

ကိုယ်အလေးချိန်လျော့ပါ- ကိုယ်အလေးချိန်များတဲ့သူတွေကလည်း ရင်ပူရင်ဆာဖြစ်နိုင်ချေပိုများပါတယ်။ ပိုနေတဲ့အလေးချိန်က အစာအိမ်မှာ ဖိအားဖြစ်စေပြီး အက်စစ်ဓာတ်တွေကို အစာပြွန်များ လျံသွားစေနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် ကိုယ်အလေးချိန်အရမ်းများနေရင် ဝိတ်နည်းနည်းလျော့ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

Ref: Why does heartburn get worse at night?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top