လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို အဆီတွေက ပိတ်ဆို့ထားတာတဲ့အချိန်နဲ့ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်။
သွေးလည်ပတ်မှုမရှိတဲ့ နေရာတစ်ဝိုက်မှာ ဦးနှောက်ဆဲလ်တွေ ပျက်စီးစေပြီး ရောဂါပြင်းထန်မှုက ဦးနှောက်အတွင်း ထိခိုက်မိတဲ့အတိုင်းအတာ၊ နေရာတို့ပေါ်မှာ မူတည်ပါတယ်။ လေဖြတ်ခြင်း မဖြစ်အောင် (၈၀) ရာခိုင်နှုန်း ကြိုတင်ကာကွယ်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
- သွေးပေါင်နဲ့ ကိုလက်စထရောကို ပုံမှန်အနေအထားမှာ အမြဲရှိနေအောင် ထိန်းထားပါ။
- ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ။
- ကျန်းမာမျှတစွာ စားသုံးပါ။
- ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
- ခန္ဓာကိုယ်အဆီတွေကို လျှော့ချပါ။
- အရင်လေဖြတ်ဖူးသူတွေက ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ထပ် လေမဖြတ်စေဖို့ ကာကွယ်ပါ။
ဘယ်လိုသိရှိနိုင်မလဲ
- မျက်နှာတစ်ခြမ်း ရွဲ့နေသလား
- လက်မောင်းမြှောက်ရာမှာ အားနည်းနေသလား
- စကားပြောရ ခက်ခဲနေသလား
အချိန်နဲ့အမျှ အရေးကြီးပါတယ်။ အဲ့ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုပါက
လူနာတင်ယာဉ်အမြန်ဆုံးခေါ်ပါ (သို့မဟုတ်) လူနာအား နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာကို ရောက်အောင် အမြန်ဆုံးပို့ဆောင်ပါ။
ဘယ်လိုကူညီမလဲ
- လေဖြတ်ခြင်းခံစားနေရပြီလို့ သံသယရှိသူကို ကူညီဖို့ အချိန်မှီလုပ်ဆောင်ချက်တွေဟာ အသက်အန္တရာယ်ကနေ ကယ်တင်ပေးနိုင်ပါတယ်။
- မျက်နှာရွဲ့ခြင်း၊ လက်မောင်းအားလျော့လာခြင်း၊ စကားပြောရ ခက်ခဲလာခြင်း အစရှိတဲ့ လေဖြတ်ခြင်း လက္ခဏာတွေကို စစ်ဆေးပါ။
- လူနာကို သက်တောင့်သက်သာရှိစေမယ့် အနေအထားမှာ လဲလျောင်းခိုင်းပါ။
- အသက်ရှုရ လွယ်ကူစေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ တင်းကျပ်တဲ့ အဝတ်အစားတွေကို ချောင်ချိသွားအောင် ကူညီပေးပါ။
- ဆို့နင့်ခြင်းမဖြစ်စေဖို့ ပါးစပ်ထဲကို (အစားအစာ/ရေ အစရှိတဲ့) ဘယ်အရာကိုမှ မတိုက်ကျွေးပါနဲ့။
- လူနာကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာကို အမြန်ဆုံးပို့ဆောင်ပါ။
နောက်ဆက်တွဲဆိုးကျိုး
- လေဖြတ်ခြင်းကို လျင်မြန်စွာ သိရှိအောင်လုပ်ပြီး အသက်ကယ်ပါ။
- လေဖြတ်ခြင်းဆိုတာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။
- တစ်စုံတစ်ယောက် လေဖြတ်ပါက ဦးနှောက်ရဲ့ သန်းပေါင်းများစွာရှိတဲ့ အာရုံကြောတွေလျင်မြန်စွာ ပျက်စီးသွားနိုင်တဲ့အတွက် စက္ကန့်တိုင်းဟာ အရေးကြီးလှပါတယ်။
- ကုသရန် နှောင့်နှေးကြံ့ကြာသွားပါက ရေရှည်မသန်စွမ်းမှုတွေဖြစ်ပေါ်နိုင်ပါပြီး သေဆုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။
Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Team(ရိုးရာလေး)