မိန်းမစကား မပယ်ရှားလို့ ဒေါ်လာ ၃၁၅ သန်းဆုကြီး ဆွတ်ခူးခဲ့သူ

28.11.23-yyl-7.jpg

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က အမျိုးသားတစ်ဦးဟာ မိန်းမစကား မပယ်ရှားဘဲ စတိုးဆိုင်မှာ လိမ္မော်ရည်ဘူး သွားပြန်လဲရင်း ဒေါ်လာ ၃၁၅ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ တာယက်ဆူအာမီဟာ ShopRite စတိုးဆိုင်ကနေ လိမ္မော်ရည်ဘူးကို ၅ ဒေါ်လာနဲ့ ဝယ်လာခဲ့ပြီး အိမ်ရောက်တော့ မိန်းမရဲ့ ဆူပူခြင်း ခံခဲ့ရပါတယ်။ အဲဒီလိမ္မော်ရည်ဘူးက အခြားဆိုင်မှာဆိုရင် ၂.၅ ဒေါ်လာပဲ ရှိတယ်၊ သွားပြန်လဲချေလို့ မိန်းမဖြစ်သူက ခိုင်းစေတာကြောင့် ShopRite ဆိုင်ကို နောက်တစ်ခေါက် ပြန်သွားခဲ့ပါတယ်။

သူဟာ လိမ္မော်ရည်ဘူး ပြန်လဲရာကနေ ရလာတဲ့ ၅ ဒေါ်လာကို Powerball ထီ ၂ စောင် ထိုးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အဲဒီစတိုးဆိုင်ကို ပြန်သွားပြီး ထီတိုက်ကြည့်တော့ ပထမတစ်စောင်က မပေါက်ပါဘူး။ နောက်တစ်စောင်ကို တိုက်ချိန်မှာ ငွေရှင်းကောင်တာ ဝန်ထမ်းဆီ သွားပြပါဆိုတဲ့ ညွှန်ကြားချက် တွေ့ရလို့ Scanner ပျက်နေတယ်အထင်နဲ့ ငွေရှင်းကောင်တာကို သူ သွားခဲ့ပါတယ်။

သူ့ရဲ့ ထီလက်မှတ်ကို ကြည့်ပြီး ငွေရှင်းကောင်တာ ဝန်ထမ်းက ” ဘုရား” တနေတာကြောင့် သူလည်း သိချင်စိတ် ပြင်းပြပြီး ဘာဖြစ်တာလဲလို့ မေးမြန်းတဲ့အခါ ဒေါ်လာ ၃၁၅ သန်းတန် ထီဆုကြီး ဆွတ်ခူးမှန်း သိသွားခဲ့ပါတယ်။ ဝမ်းသာလွန်ပြီး လက်တွေတုန်ယင်နေတာကြောင့် အိမ်အပြန်ခရီး ကားမောင်းရာမှာ ၂ နာရီကြာမြင့်ခဲ့ပါတယ်။

အိမ်ပေါက်ဝရောက်ချိန်မှာ ” ဘာလို့ အဲ့လောက်ကြာနေတာလဲဆိုပြီး မိန်းမက ဆူပူတော့ ” သူက ထီပေါက်တဲ့ မှတ်တမ်းကို ထုတ်ပြပြီး ဝမ်းသာလွန်းလို့ ငိုကြွေးမိခဲ့ပါတယ်။ သူတို့ လင်မယားဟာ လိမ္မော်ရည်တစ်ဘူးကို အကြောင်းပြုပြီး နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေးဘဝ ရောက်ခဲ့တာပါ။

Ref: Wife Makes Husband Return Orange Juice, Wins $315M Lottery With $2 He Saved

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top