မေဝယ်သာကို ထာဝရအကောင်းဆုံးမိတ်ဆွေလို့ သတ်မှတ်ရတဲ့ အကြောင်းရင်းကို ဝီလ်စမစ် ထုတ်ပြော

4-11-2022yyl11.jpg

အရင်တုန်းက အမေရိကန် လက်ဝှေ့ချန်ပီယံဟောင်း မေဝယ်သာနဲ့ အပြင်မှာ လူချင်းဆုံဖူးပြီး မိတ်ဆွေအဆင့်အထိ မရောက်ခဲ့ပေမဲ့ ထင်မထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် သူ့ဘဝရဲ့ ထာဝရအကောင်းဆုံးမိတ်ဆွေအဖြစ် သတ်မှတ်ထားတယ်လို့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဝီလ်စမစ်က ပြောပါတယ်။

ဝီလ်စမစ်ဟာ ၂၀၂၂ ခုနှစ် မတ်လက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ သူ့ဇနီးသည် ဆံပင်မရှိတာကို ဟာသလုပ်ခဲ့တဲ့ အခမ်းအနားမှူး ခရစ္စရော့ခ်ကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့ပါတယ်။ အုတ်အော်သောင်းနင်း ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသလို Sony နဲ့ Netflix တို့ကလည်း သူတို့ရဲ့ ပရောဂျက်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ မေဝယ်သာက နေ့စဉ်နေ့တိုင်း ၁၀ ရက်တိုင်တိုင် ဝီလ်စမစ်ကို ဖုန်းဆက်အားပေးခဲ့တာပါ။ ” သူက နေ့တိုင်းကို ဖုန်းဆက်အားပေးတာပါ။ သူက ကျွန်တော့်ရဲ့ ထာဝရအကောင်းဆုံး မိတ်ဆွေပါပဲ” လို့ ဝီလ်စမစ်က ဆိုပါတယ်။

Ref: Will Smith said Floyd Mayweather called him every day for 10 days straight after the infamous Oscars Chris Rock slap

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top