အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၀-၃-၂၀၁၉ မှ ၁၆-၃-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-2-March.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၀-၃-၂၀၁၉ မှ ၁၆-၃-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

အပတ္စဥ္တင္ဆက္ေပးေနက်ျဖစ္တဲ့ ဆရာကကၤသူရဲ႕စႏၵသူရိယ နကၡတၱေဝဒေဟာစာတမ္းကို ႐ိုးရာေလးပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ (၁၀-၃-၂၀၁၉ မွ ၁၆-၃-၂၀၁၉ ရက္ေန႔အထိ) တြက္ခ်က္လမ္းၫႊန္ေပးထားမႈကို ပုံတစ္ပုံခ်င္းစီမွာ Unicode/ Zawgyi version ႏွစ္မ်ိဳးနဲ႔ တြဲဖက္ေဖာ္ျပေပးထားပါတယ္။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်သက်ဆိုင်သော ကန်ထရိုက်လုပ်ငန်းများဖြင့် တိုးတက်ခြင်းများရရှိမည်ဖြစ်သည်။ ရေထွက်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများနှင့် ပတ်သက်သည့်တောင်သူများ ကံညံ့နေပါသေးသည်။ ယခုတစ်ပတ်အတွင်း ကျန်းမာရေးအနေဖြင့် နှာစေး၊ ချောင်းဆိုးကဲ့သို့ ရာသီပြောင်းရောဂါများဖြစ်မည်။ ခွဲခန်းဝင်ရမည့်သူများ စိတ်ပူရန်မလိုပါ။ အချစ်ရေးနှင့်ပတ်သက်၍ ချစ်သူထံမှ မဖြေမရဘဲ ကြိုးရှည်ရှည်နှင့်လှန်ခံရမည်။ အိမ်ထောင်သည်များ မိမိတို့၏ သားသမီးကို မီးမဆော့ပါစေနှင့်။ ကလေးမီးလောင်ဒဏ်ရာရတတ်သည်။ ပညာရေးသမားများ ပြည်ပအတွက်ကြိုးစားနေသူများ သေချာလေ့လာဖြေဆိုပါ။ အောင်ပါလိမ့်မည်။ အထူးသဖြင့် တနင်္ဂနွေသားသမီးတို့သည် ယခုတစ်ပတ်အတွင်း ထီထိုးသင့်သည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
အကျိူးပေးဂဏန်း – ၆၊ ၄၊ ၂ ယတြာ – ရဟန်းတစ်ပါးအား အလှူငွေ (၆၀၀) လှူပါ။

တနဂၤေႏြ
တနဂၤေႏြသားသမီးမ်ားအေနျဖင့္ ယခုအပတ္အတြင္း စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ အိမ္၊ၿခံ၊ေျမလုပ္ငန္း၊ ေဆာက္လုပ္ေရးလုပ္ငန္း၊ေဆာက္လုပ္ေရးႏွင့္သက္ဆိုင္ေသာ ကန္ထ႐ိုက္လုပ္ငန္းမ်ားျဖင့္ တိုးတက္ျခင္း မ်ားရရွိမည္ျဖစ္သည္။ ေရထြက္ပစၥည္းမ်ားႏွင့္ ေကာက္၊ပဲသီးႏွံမ်ားႏွင့္ပါတ္သက္သည့္ေတာင္သူမ်ား ကံညံ့ေနပါေသးသည္။ ယခုတစ္ပါတ္အတြင္း က်န္းမာေရးအေနျဖင့္ ႏွာေစး၊ ေခ်ာင္းဆိုးကဲ့သို႔ ရာသီေျပာင္းေရာဂါမ်ားျဖစ္မည္။ ခြဲခန္းဝင္ရမည့္သူမ်ား စိတ္ပူရန္မလိုပါ။ အခ်စ္ေရးႏွင့္ပတ္သက္၍ ခ်စ္သူထံမွ မေျဖမရဘဲ ႀကိဳးရွည္ရွည္ႏွင့္လွန္ခံရမည္။ အိမ္ေထာင္သည္မ်ား မိမိတို႔၏ သားသမီးကို မီးမေဆာ့ပါေစႏွင့္။ ကေလးမီးေလာင္ဒဏ္ရာရတတ္သည္။ ပညာေရးသမားမ်ား ျပည္ပအတြက္ႀကိဳးစားေနၾကတဲ့သူမ်ား ေသခ်ာေလ့လာေျဖဆိုပါ။ ေအာင္ပါလိမ့္မည္။ အထူးသျဖင့္ တနဂၤေႏြသားသမီးတို႔သည္ ယခုတစ္ပတ္အတြင္း ထီထိုးသင့္သည္။ ႏိုင္ငံဝန္ထမ္းမ်ား ကံေကာင္းပါသည္။
အက်ိဴးေပးဂဏန္း – ၆၊ ၄၊ ၂ ယၾတာ – ရဟန္းတစ္ပါးအား အလႉေငြ (၆၀၀) လႉပါ။

တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်တွင် ရတနာပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာ၊ ရေနံ နှင့် လမ်းခင်းကျောက်အပါအဝင် မြေမှထွက်သော အဖိုးတန်ပစ္စည်းများဖြင့် ကံကောင်းခြင်း၊ ပွပေါက်တိုးခြင်းဖြစ်မည်။ ကျောက်စိမ်းကဲသို့ ကံတရားအခြေခံသော ရတနာပစ္စည်းများဖြင့် ငွေအစုလိုက်ရမည်။ သို့သော် စားသောက်ကုန်လုပ်ငန်းများ၊ မုန့်လုပ်ငန်းများကံညံ့နေပါလိမ့်မည်။ ပြည်ပမှ သွင်းကုန်များကောင်းပြီး ပို့ကုန်သမားများ ညံ့ပါသည်။ ဒီတစ်ပတ်အတွက် သွေးတိုးရောဂါရှိသူများသတိထားပါ။ ခွဲစိတ်ခန်းဝင်မည့်သူများ သွေးသွင်းရတတ်ပြီး သွေးရှာရခက်တတ်သည်။ အချစ်ရေးတွင် သွေးကွဲမည်။ ကြားလူကြောင့်ဖြစ်မည်။ သတိထားပါ။ အိမ်ထောင်သည်များ ဘုရားဖူးခရီးသွားရမည်။ ကံကောင်းပါသည်။ ကား၊ ခြံ၊ မြေ ဝင်တတ်သည်။ ငွေချေးလိုက်ပါက ဆုံးမည်။ သတိထားပါ။ ပညာရေးသမားများ အထူးသဖြင့် ရာထူးဝန်စာမေးပွဲဖြေမည့်သူများ အင်္ဂလိပ်စာ ပိုသတိထားပါ။ နိုင်ငံဝန်ထမ်းများ အလုပ်များမည့်အချိန်ဖြစ်သည်။
အကျိုးပေးဂဏန်း – ၃၊ ၂၊ ၅ ယတြာ – ကံကော်ပန်းများအား အိမ်ဘုရားတွင်လှူပေးပါ။

တနလၤာ
တနလၤာသားသမီးမ်ားအေနျဖင့္ ယခုအပတ္တြင္ ရတနာပစၥည္းမ်ား၊ တြင္းထြက္ပစၥည္းမ်ား၊ ေက်ာက္မ်က္ရတနာ၊ ေရနံ ႏွင့္ လမ္းခင္းေက်ာက္အပါအဝင္ ေျမမွထြက္ေသာ အဖိုးတန္ပစၥည္းမ်ားျဖင့္ ကံေကာင္းျခင္း၊ ပြေပါက္တိုးျခင္းျဖစ္မည္။ ေက်ာက္စိမ္းကဲသို႔ ကံတရားအေျခခံေသာ ရတနာပစၥည္းမ်ားျဖင့္ ေငြအစုလိုက္ရမည္။ သို႔ေသာ္ စားေသာက္ကုန္လုပ္ငန္းမ်ား၊ မုန႔္လုပ္ငန္းမ်ားကံညံ့ေနပါလိမ့္မည္။ ျပည္ပမွ သြင္းကုန္မ်ားေကာင္းၿပီး ပို႔ကုန္သမားမ်ား ညံ့ပါသည္။ ဒီတစ္ပတ္အတြက္ ေသြးတိုးေရာဂါရွိသူမ်ားသတိထားပါ။ ခြဲစိတ္ခန္းဝင္မည့္သူမ်ား ေသြးသြင္းရတတ္ၿပီး ေသြးရွာရခက္တတ္သည္။ အခ်စ္ေရးတြင္ ေသြးကြဲမည္။ ၾကားလူေၾကာင့္ျဖစ္မည္။ သတိထားပါ။ အိမ္ေထာင္သည္မ်ား ဘုရားဖူးခရီးသြားရမည္။ ကံေကာင္းပါသည္။ ကား၊ ၿခံ၊ ေျမ ဝင္တတ္သည္။ ေငြေခ်းလိုက္ပါက ဆုံးမည္။ သတိထားပါ။ ပညာေရးသမားမ်ား အထူးသျဖင့္ ရာထူးဝန္စာေမးပြဲေျဖမည့္သူမ်ား အဂၤလိပ္စာ ပိုသတိထားပါ။ ႏိုင္ငံဝန္ထမ္းမ်ား အလုပ္မ်ားမည့္အခ်ိန္ျဖစ္သည္။
အက်ိဳးေပးဂဏန္း – ၃၊ ၂၊ ၅ ယၾတာ – ကံေကာ္ပန္းမ်ားအား အိမ္ဘုရားတြင္လႉေပးပါ။

အင်္ဂါ
ယခုအပတ်တွင် အင်္ဂါသားသမီးများအနေဖြင့် စားသောက်ကုန်၊ စားသောက်ဆိုင်၊ အသင့်စားမုန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်းများဖြင့် တိုးတက်မည်။ရေခဲစက်၊ ရေခဲမုန့်လုပ်ငန်း၊ အအေးနှင့်ဆိုင်သောလုပ်ငန်း၊ ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာလုပ်ငန်းများ ကံကောင်းသည်။ သတိထားရန်မှာ ငွေကြေးကိစ္စဖြစ်သည်၊လုပ်ငန်းမှ အကြွေးပြန်မရခြင်းဖြစ်မည်၊ မိမိလုပ်ငန်းကိစ္စအတွက် သူတစ်ပါးထံမှ ငွေချေးရပါက ပြန်မဆပ်နိုင်ဖြစ်တတ်သဖြင့် သတိပြုပါ။ ဆောက်လုပ်ငန်းလုပ်ငန်းမကောင်းပါ။ ပြည်ပမှ ကားတင်သွင်းသူများ ယခုအချိန်တွင် သတိထားပါ။ အချစ်ရေးအတွက် ချစ်သူနှင့် အဆင်မပြေဖြစ်မည် သတိပြုရန်မှာ ကြားလူအဝင်မခံပါနှင့်။ အိမ်ထောင်သည်များ ကံကောင်းပါသည်၊ ထီးထိုးသင့်သည့်အပတ်ဖြစ်သည်။ ပညာရေးသမားများ အထူးသဖြင့် ရာထူးစာမေးပွဲဖြေမည့်သူများ စိတ်ချမ်းသာအောင်နေပါ။ နိုင်ငံဝန်ထမ်းများ မိမိလုပ်ငန်းတွင် မိမိထက်ကြီးသူနှစ်ဦးအကြား ကြားညပ်နေတတ်သဖြင့် သတိထားဆက်ဆံပါ။
အကျိုးပေးဂဏန်း – ၅၊၇၊ဝ ယတြာ – အင်္ဂါနေ့တွင် ကလေးများအား ဇီးယိုများ ဝေပေးပါ။

အဂၤါ
ယခုအပတ္တြင္ အဂၤါသားသမီးမ်ားအေနျဖင့္ စားေသာက္ကုန္၊ စားေသာက္ဆိုင္၊ အသင့္စားမုန႔္လုပ္ငန္း၊ ေရခဲႏွင့္ဆိုင္ေသာလုပ္ငန္းမ်ားျဖင့္ တိုးတက္မည္။ေရခဲစက္၊ ေရခဲမုန႔္လုပ္ငန္း၊ အေအးႏွင့္ဆိုင္ေသာလုပ္ငန္း၊ ေက်ာက္မ်က္ရတနာ၊ လက္ဝတ္ရတနာလုပ္ငန္းမ်ား ကံေကာင္းသည္။ သတိထားရန္မွာ ေငြေၾကးကိစၥျဖစ္သည္၊လုပ္ငန္းမွ အေႂကြးျပန္မရျခင္းျဖစ္မည္၊ မိမိလုပ္ငန္းကိစၥအတြက္ သူတစ္ပါးထံမွ ေငြေခ်းရပါက ျပန္မဆပ္ႏိုင္ျဖစ္တတ္သျဖင့္ သတိျပဳပါ။ ေဆာက္လုပ္ငန္းလုပ္ငန္းမေကာင္းပါ။ ျပည္ပမွ ကားတင္သြင္းသူမ်ား ယခုအခ်ိန္တြင္ သတိထားပါ။ အခ်စ္ေရးအတြက္ ခ်စ္သူႏွင့္ အဆင္မေျပျဖစ္မည္ သတိျပဳရန္မွာ ၾကားလူအဝင္မခံပါႏွင့္။ အိမ္ေထာင္သည္မ်ား ကံေကာင္းပါသည္၊ ထီးထိုးသင့္သည့္အပတ္ျဖစ္သည္။ ပညာေရးသမားမ်ား အထူးသျဖင့္ ရာထူးစာေမးပြဲေျဖမည့္သူမ်ား စိတ္ခ်မ္းသာေအာင္ေနပါ။ ႏိုင္ငံဝန္ထမ္းမ်ား မိမိလုပ္ငန္းတြင္ မိမိထက္ႀကီးသူႏွစ္ဦးအၾကား ၾကားညပ္ေနတတ္သျဖင့္ သတိထားဆက္ဆံပါ။
အက်ိဳးေပးဂဏန္း – ၅၊၇၊ဝ ယၾတာ – အဂၤါေန႔တြင္ ကေလးမ်ားအား ဇီးယိုမ်ား ေဝေပးပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးအနေ ညံ့သည့်ကာလဖြစ်သည်။ စီးပွားရေးကို အခြေခံသော ခရီးသွားခြင်းများဖြစ်မည်။ အလုပ်နေရာသစ်ပြောင်းရခြင်းများဖြစ်မည်။ လုပ်ငန်းသစ်၊ ဝန်ထမ်းသစ်များနှင့်ကြုံရမည်။ ဘဝသစ်၊ လုပ်ငန်းသစ်တွင် အထိုင်မကျသေးသဖြင့် အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်မည်။ ငွေကြေးကိုအကြောင်းပြုသော သောကဖြစ်မည်။ အထူးသဖြင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများ ငွေကြပ်မည်။ ဘဏ်ချေးငွေသမားများ စာရွက်စာတမ်းတစ်ခုအတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်မည့်ကာလဖြစ်သည်။ ကျန်းမာရေးအတွက် လေဖြတ်ထားသူများ သတိပြုပါ။ ခွဲစိတ်ရမည်သူများ သွေးအမျိုးအစားတူ ရှာရခက်ခဲတတ်သည်။ အချစ်ရေးတွင်ထိုင်နေရင်း အချစ်သစ်တွေ့နေတတ်သည်။ အိမ်ထောင်သည်များလည်း အခြားမိန်ကလေးများ၏ သဘောကျခြင်းကို ခံရတတ်သည်၊အထူးသတိထားပါ၊ ပညာရေးအတွက် ကံကောင်းပြီး၊သင်တန်းများမှတာဝန်ယူပို့ဆောင်သော ခရီးသွားရတတ်သည်။ နိုင်ငံဝန်ထမ်းများ နေရာသစ်၊လူကြီးသစ်၊အရာရှိသစ်များနှင့် ဆုံတွေ့ရတတ်သည်။

ရာဟု။ ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးမှာ မတော်တဆဖြစ်တတ်ပြီး ညာဘက်လက် ထိခိုက်တတ်သည်။ စီးပွားရေးတွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူများ ကံကောင်းပါသည်။ အချစ်ရေးမှာတော့ ချစ်သူနှင့် အဆင်မပြေ ဖြစ်နေပါလိမ့်မည်။
အကျိုးပေးဂဏန်း ၂၊ ၅၊ ဝ ယတြာ – ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

ဗုဒၶဟူး
ဗုဒၶဟူးသားသမီးတို႔အဖို႔ ယခုအပတ္အတြင္း စီးပြားေရးအေန ညံ့သည့္ကာလျဖစ္သည္။ စီးပြားေရးကို အေျခခံေသာ ခရီးသြားျခင္းမ်ားျဖစ္မည္။ အလုပ္ေနရာသစ္ေျပာင္းရျခင္းမ်ားျဖစ္မည္။ လုပ္ငန္းသစ္၊ ဝန္ထမ္းသစ္မ်ားႏွင့္ႀကဳံရမည္။ ဘဝသစ္၊ လုပ္ငန္းသစ္တြင္ အထိုင္မက်ေသးသျဖင့္ အနည္းငယ္စိတ္အေႏွာက္အယွက္ျဖစ္မည္။ ေငြေၾကးကိုအေၾကာင္းျပဳေသာ ေသာကျဖစ္မည္။ အထူးသျဖင့္ စက္ပစၥည္း၊ ေဆာက္လုပ္ေရးလုပ္ငန္းလုပ္သူမ်ား ေငြၾကပ္မည္။ ဘဏ္ေခ်းေငြသမားမ်ား စာ႐ြက္စာတမ္းတစ္ခုအတြက္ အခ်ိန္ကုန္၊ ေငြကုန္ျဖစ္မည့္ကာလျဖစ္သည္။ က်န္းမာေရးအတြက္ ေလျဖတ္ထားသူမ်ား သတိျပဳပါ။ ခြဲစိတ္ရမည္သူမ်ား ေသြးအမ်ိဳးအစားတူ ရွာရခက္ခဲတတ္သည္။ အခ်စ္ေရးတြင္ထိုင္ေနရင္း အခ်စ္သစ္ေတြ႕ေနတတ္သည္။ အိမ္ေထာင္သည္မ်ားလည္း အျခားမိန္ကေလးမ်ား၏ သေဘာက်ျခင္းကို ခံရတတ္သည္၊အထူးသတိထားပါ၊ ပညာေရးအတြက္ ကံေကာင္းၿပီး၊သင္တန္းမ်ားမွတာဝန္ယူပို႔ေဆာင္ေသာ ခရီးသြားရတတ္သည္။ ႏိုင္ငံဝန္ထမ္းမ်ား ေနရာသစ္၊လူႀကီးသစ္၊အရာရွိသစ္မ်ားႏွင့္ ဆုံေတြ႕ရတတ္သည္။

ရာဟု။ ။ရာဟုသားသမီးတို႔ ယခုတစ္ပတ္အတြက္ က်န္းမာေရးမွာ မေတာ္တဆျဖစ္တတ္ၿပီး ညာဘက္လက္ ထိခိုက္တတ္သည္။ စီးပြားေရးတြင္ ေက်ာက္မ်က္ရတနာလုပ္ငန္းလုပ္သူမ်ား ကံေကာင္းပါသည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူႏွင့္ အဆင္မေျပ ျဖစ္ေနပါလိမ့္မည္။
အက်ိဳးေပးဂဏန္း ၂၊ ၅၊ ဝ ယၾတာ – ငွက္ကေလးမ်ားကို အစာေကြၽးၿပီး လိုရာဆုေတာင္းပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိမိနှင့် လုပ်ငန်းတူများ၏ ဆက်စပ်လုပ်ငန်းများ၊ အစိုးရပေါ်လစီများကို အထူးလေ့လာပြီးမှ ဆောင်ရွက်သင့်သည်။ စီးပွားရေးဆင့်ကဲဖြစ်စဉ်တွင် မိမိပါသွားနိုင်ပြီး လုပ်ငန်းတွင် အခက်အခဲဖြစ်လိမ့်မည်။အထူးသဖြင့် ဘဏ်နှင့်ပတ်သက်သောလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်း၊ ငွေစုငွေချေးလုပ်ငန်းများ သတိထားရပါလိမ့်မည်။ နိုင်ငံခြားငွေနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ သတိပြုရမည့်ကာလတစ်ခုပါ။ ကျန်းမာရေးအနေနှင့်ကတော့ အဆုတ်ရေဝင်ခြင်း၊ အသက်ရှုကြပ်ခြင်းတို့ခံစားရမည်။ အချစ်ရေးကံကောင်းနေသော်လည်း လက်ထပ်ရန်ကိစ္စအဆင်မပြေသေးပါ။ အိမ်ထောင်ရေးကံကောင်းပါသည်။ ပညာရေးနှင့် ပတ်သက်၍ ပြည်ပနှင့် အလုပ်စာမေးပွဲများအတွက် ပြင်ဆင်သူဖြစ်ပါက အထူးကြိုးစားပါ။ ယခုအပတ်အတွင်း တိရိစ္ဆာန်များ ဝင်တတ်သည်။ နိုင်ငံဝန်ထမ်းများ အလုပ်တွင် ပစ္စည်းပျောက်တတ်သည်၊ ဂိုထောင်မှူးများ သတိပြုသင့်သည့်အချိန်ဖြစ်ပါသည်။
အကျိုးပေးဂဏန်း- ၃၊ ၁၊ ၆ ယတြာ – ကြာသာပတေးနံရှိသော ဘုရားတွင် ဆီမီးသက်စေ့ပူဇော်ပါ။

ၾကာသပေတး
ၾကာသာပေတးသားသမီးတို႔အေနျဖင့္ ယခုတစ္ပတ္အတြင္း စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ရာတြင္ မိမိႏွင့္ လုပ္ငန္းတူမ်ား၏ ဆက္စပ္လုပ္ငန္းမ်ား၊ အစိုးရေပၚလစီမ်ားကို အထူးေလ့လာၿပီးမွ ေဆာင္႐ြက္သင့္သည္။ စီးပြားေရးဆင့္ကဲျဖစ္စဥ္တြင္ မိမိပါသြားႏိုင္ၿပီး လုပ္ငန္းတြင္ အခက္အခဲျဖစ္လိမ့္မည္။အထူးသျဖင့္ ဘဏ္ႏွင့္ပတ္သက္ေသာလုပ္ငန္းမ်ား၊ ေငြလြဲလုပ္ငန္း၊ ေငြစုေငြေခ်းလုပ္ငန္းမ်ား သတိထားရပါလိမ့္မည္။ ႏိုင္ငံျခားေငြႏွင့္ပတ္သက္ေသာ စီးပြားေရးလုပ္ငန္းမ်ား သတိျပဳရမည့္ကာလတစ္ခုပါ။ က်န္းမာေရးအေနႏွင့္ကေတာ့ အဆုတ္ေရဝင္ျခင္း၊ အသက္ရႈၾကပ္ျခင္းတို႔ခံစားရမည္။ အခ်စ္ေရးကံေကာင္းေနေသာ္လည္း လက္ထပ္ရန္ကိစၥအဆင္မေျပေသးပါ။ အိမ္ေထာင္ေရးကံေကာင္းပါသည္။ ပညာေရးႏွင့္ ပတ္သက္၍ ျပည္ပႏွင့္ အလုပ္စာေမးပြဲမ်ားအတြက္ ျပင္ဆင္သူျဖစ္ပါက အထူးႀကိဳးစားပါ။ ယခုအပတ္အတြင္း တိရိစာၦန္မ်ား ဝင္တတ္သည္။ ႏိုင္ငံဝန္ထမ္းမ်ား အလုပ္တြင္ ပစၥည္းေပ်ာက္တတ္သည္၊ ဂိုေထာင္မႉးမ်ား သတိျပဳသင့္သည့္အခ်ိန္ျဖစ္ပါသည္။
အက်ိဳးေပးဂဏန္း- ၃၊ ၁၊ ၆ ယၾတာ – ၾကာသာပေတးနံရွိေသာ ဘုရားတြင္ ဆီမီးသက္ေစ့ပူေဇာ္ပါ။

သောကြာ
သောကြာသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးတွင် အတက်အကျများဖြင့် ရင်ဆိုင်ရမည့်ကာလဖြစ်သည်။ အထူးသဖြင့် ကောက်ပဲသီးနှံသမားအနေဖြင့် သတိထားပြီး ရိုက်သိမ်းရမည့်အချိန်ဖြစ်ပါသည်။ နည်းပညာနဲ့ပါတ်သက်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားသူ၊ နည်းပညာဆိုင်ရာလုပ်ငန်းလုပ်သူများ ကံကောင်းမည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေးနှင့် သတ္တုလုပ်ငန်းတို့တွင် ငွေကြေးနှင့်ပတ်သက်ပြီး အနည်းငယ်ညံ့မည်။ ကျန်းမာရေးအနေနှင့် ဇက်ကြောတက်ခြင်း၊ ခါးနာခြင်းများဖြစ်မည်။ အချစ်ရေးတွင် ချစ်သူ၏ အလေးမထားတတ်သော စရိုက်ကြောင့် အလွန်သောကရောက်ရမည်။ အိမ်ထောင်ရှင်များအနေနှင့် မိသားစုကို အချိန်ပေးပါ။ အေးစက်နေတတ်သည်။ ဒီတစ်ပတ်အတွက် ပညာရေးလိုက်စားသူများအနေဖြင့် နည်းပညာနှင့်ဆိုင်သောသင်တန်းများ တက်ရောက်သင့်သည့်အချိန်ဖြစ်သည်။ ယာဉ်၊ စက် ဝင်မည်။ ဝန်ထမ်းများအနေဖြင့် ယခုတစ်ပတ်အတွင်း ကံကောင်းမည်။ အထူးသဖြင့် အင်ဂျင်နီယာဆိုင်ရာ အတတ်ပညာဆိုင်ရာဝန်ထမ်းများ စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၄၊ ဝ၊ ၃ ယတြာ – သောကြာနေ့တွင် မြတ်စွာဘုရားကို ရည်စူးပြီး မွှေးသောပန်းများ ကပ်လှူပေးပါ။

ေသာၾကာ
ေသာၾကာသားသမီးတို႔အေနျဖင့္ ယခုတစ္ပတ္အတြင္း စီးပြားေရးတြင္ အတက္အက်မ်ားျဖင့္ ရင္ဆိုင္ရမည့္ကာလျဖစ္သည္။ အထူးသျဖင့္ ေကာက္ပဲသီးႏွံသမားအေနျဖင့္ သတိထားၿပီး ႐ိုက္သိမ္းရမည့္အခ်ိန္ျဖစ္ပါသည္။ နည္းပညာနဲ႔ပါတ္သက္တဲ့ ကြန္ပ်ဴတာပ႐ိုဂရမ္ေရးသားသူ၊ နည္းပညာဆိုင္ရာလုပ္ငန္းလုပ္သူမ်ား ကံေကာင္းမည့္အခ်ိန္ျဖစ္သည္။ ေဆာက္လုပ္ေရးႏွင့္ သတၱဳလုပ္ငန္းတို႔တြင္ ေငြေၾကးႏွင့္ပတ္သက္ၿပီး အနည္းငယ္ညံ့မည္။ က်န္းမာေရးအေနႏွင့္ ဇက္ေၾကာတက္ျခင္း၊ ခါးနာျခင္းမ်ားျဖစ္မည္။ အခ်စ္ေရးတြင္ ခ်စ္သူ၏ အေလးမထားတတ္ေသာ စ႐ိုက္ေၾကာင့္ အလြန္ေသာကေရာက္ရမည္။ အိမ္ေထာင္ရွင္မ်ားအေနႏွင့္ မိသားစုကို အခ်ိန္ေပးပါ။ ေအးစက္ေနတတ္သည္။ ဒီတစ္ပတ္အတြက္ ပညာေရးလိုက္စားသူမ်ားအေနျဖင့္ နည္းပညာႏွင့္ဆိုင္ေသာသင္တန္းမ်ား တက္ေရာက္သင့္သည့္အခ်ိန္ျဖစ္သည္။ ယာဥ္၊ စက္ ဝင္မည္။ ဝန္ထမ္းမ်ားအေနျဖင့္ ယခုတစ္ပတ္အတြင္း ကံေကာင္းမည္။ အထူးသျဖင့္ အင္ဂ်င္နီယာဆိုင္ရာ အတတ္ပညာဆိုင္ရာဝန္ထမ္းမ်ား စိတ္ခ်မ္းသာရမည္။
အက်ိဳးေပးဂဏန္း – ၄၊ ဝ၊ ၃ ယၾတာ – ေသာၾကာေန႔တြင္ ျမတ္စြာဘုရားကို ရည္စူးၿပီး ေမႊးေသာပန္းမ်ား ကပ္လႉေပးပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့အနေဖြင့် စီးပွားရေးတွင် လုပ်ဖော်ကိုင်ဘက်တစ်ဦး၏ သစ္စာဖောက်ခြင်း၊ လူယုံသတ်ခြင်းခံရမည့်ကိန်းဖြစ်သည်။ ထိုလူယုံကြောင့် မိမိ၏ စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားတတ်သလို အရှုပ်အရှင်းများလည်း ဖြေရှင်းနေရမည်။ ထိုသို့ဖြေရှင်းနေရချိန်တွင် မိမိအနေနှင့် ဂုဏ်သိက္ခာကျတတ်သဖြင့် သတိပြုရန်ဖြစ်သည်။ ရေလုပ်ငန်း၊စားသောက်ကုန်နှင့် ၊ဆောက်လုပ်ရေးပစ္စည်း လုပ်ကိုင်သူများအထူးသတိပြုရမည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် လူယုံကြောင့် အခက်တွေ့မည့်အချိန်ဖြစ်သည်။ ကျန်မာရေးအနေနှင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ အသည်းရောဂါတို့ဖြစ်မည်။ ဆေးရုံဆေးခန်းသွားရမည်။ အချစ်ရေးတွင် မိမိချစ်ရသော ချစ်သူအား အောင်သွယ်တော်မှ ကြားဝင်သွားတတ်သည်၊ အထူးသတိပြူပါ။ အိမ်ထောင်သည်များလည်း သတိပြုရမည်၊ ဒီတစ်ပတ်အတွင်း စနေသားသမီးတို့အနေဖြင့် လူယုံကြောင့် ဒုက္ခဖြစ်ရကိန်းရှိသဖြင့် လူယုံကို သတိထားရန် အထပ်ထပ်ပြောလိုပါသည်။ ပညာရေးတွင် ကောင်းသည်။ နိုင်ငံဝန်ထမ်းများလည်း လူယုံကြောင့် ပြဿနာတက်နိုင်ပြီး ဌာနတွင် စစ်ဆေးခံရနိုင်သည်။ သတိပြုပါ။
အကျိုးပေးဂဏန်း – ၅၊ ၃၊ ၆ ယတြာ – စနေနေ့တွင် နွမ်းပါးသူအား အဝတ်အစားအကူအညီပေးပါ။

စေန
ယခုတစ္ပတ္အတြက္ စေနသားသမီးတို႔အေနျဖင့္ စီးပြားေရးတြင္ လုပ္ေဖာ္ကိုင္ဘက္တစ္ဦး၏ သစၥာေဖာက္ျခင္း၊ လူယုံသတ္ျခင္းခံရမည့္ကိန္းျဖစ္သည္။ ထိုလူယုံေၾကာင့္ မိမိ၏ စီးပြားေရးလုပ္ငန္းမ်ား ရပ္တန႔္သြားတတ္သလို အရႈပ္အရွင္းမ်ားလည္း ေျဖရွင္းေနရမည္။ ထိုသို႔ေျဖရွင္းေနရခ်ိန္တြင္ မိမိအေနႏွင့္ ဂုဏ္သိကၡာက်တတ္သျဖင့္ သတိျပဳရန္ျဖစ္သည္။ ေရလုပ္ငန္း၊စားေသာက္ကုန္ႏွင့္ ၊ေဆာက္လုပ္ေရးပစၥည္း လုပ္ကိုင္သူမ်ားအထူးသတိျပဳရမည္။ ေဆာက္လုပ္ေရးလုပ္ငန္းတြင္ လူယုံေၾကာင့္ အခက္ေတြ႕မည့္အခ်ိန္ျဖစ္သည္။ က်န္မာေရးအေနႏွင့္ ဦးေခါင္းႏွင့္ဆိုင္ေသာေရာဂါ၊ အသည္းေရာဂါတို႔ျဖစ္မည္။ ေဆး႐ုံေဆးခန္းသြားရမည္။ အခ်စ္ေရးတြင္ မိမိခ်စ္ရေသာ ခ်စ္သူအား ေအာင္သြယ္ေတာ္မွ ၾကားဝင္သြားတတ္သည္၊ အထူးသတိျပဴပါ။ အိမ္ေထာင္သည္မ်ားလည္း သတိျပဳရမည္၊ ဒီတစ္ပတ္အတြင္း စေနသားသမီးတို႔အေနျဖင့္ လူယုံေၾကာင့္ ဒုကၡျဖစ္ရကိန္းရွိသျဖင့္ လူယုံကို သတိထားရန္ အထပ္ထပ္ေျပာလိုပါသည္။ ပညာေရးတြင္ ေကာင္းသည္။ ႏိုင္ငံဝန္ထမ္းမ်ားလည္း လူယုံေၾကာင့္ ျပႆနာတက္ႏိုင္ၿပီး ဌာနတြင္ စစ္ေဆးခံရႏိုင္သည္။ သတိျပဳပါ။
အက်ိဳးေပးဂဏန္း – ၅၊ ၃၊ ၆ ယၾတာ – စေနေန႔တြင္ ႏြမ္းပါးသူအား အဝတ္အစားအကူအညီေပးပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top