အလှပြင်ပစ္စည်းလေးတွေကို သပ်သပ်ရပ်ရပ် နေရာချဖို့ နည်းလမ်းကောင်း (၆) ချက်

makeup-brush-and-decorative-cosmetics-on-a-white-PVDPXLS.jpg

ရှုပ်ပွနေတဲ့ သင့်ရဲ့ မိတ်ကပ် အံဆွဲနဲ့ ဘီရိုတွေကို နှုတ်ဆက်လိုက်ပါတော့။

အခုပြောပြမယ့် နည်းလမ်းတွေက ဗြုတ်စဗျင်းတောင်းဖြစ်နေတဲ့ သင့်ရဲ့ အလှပြင်ပစ္စည်းတွေကို သေချာ နေရာချပေးဖို့ ကူညီမှာပါ။ ဒီလိုဆို သင့်ရဲ့ အိုင်းရှဲဒိုးတွေ ဒါမှမဟုတ် လက်သည်းနီပုလင်းတွေလည်း ခဏခဏ မပျောက်တော့ဘူးပေါ့။ ကဲ ကြည့်လိုက်ကြရအောင်

ရှင်းရှင်းလင်းလင်းနေရာချပါ

ပြည့်ကြပ်နေတဲ့ သင့်ရဲ့ အံဆွဲတွေ ဘီရိုတွေထဲကို အလှပြင်ပစ္စည်း တစ်ခုခု ထည့်လိုက်ပြီဆိုပါတော့။ အသုံးလိုလို့ ပြန်ရှာတဲ့အခါမှာ ရှာရခက်သွားတယ်ဟုတ်? ပလတ်စတစ် အကြည်နဲ့ လုပ်ထားတဲ့ အံဆွဲကိုသုံးပါ။ ဒါဆို တိုလီမုတ်စ ပစ္စည်းတွေကို မွှေနှောက် ရှာဖွေစရာမလိုပဲနဲ့ အလွယ်တကူ ရှာလို့ရပြီလေ။

makeup storage 1

မျိုးတူပစ္စည်းတွေကို အကန့်လေးတွေနဲ့ခွဲထည့်ပါ

အံဆွဲတွေမှာ အလှပြင်ပစ္စည်း ထည့်မယ်ဆိုရင် အကန့်လေးတွေ သုံးပေးခြင်းအားဖြင့် ပိုပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းစေမှာပါ။ အမျိုးတူ ပစ္စည်းလေးတွေ (ဥပမာ နှုတ်ခမ်းနီ၊ Blushe လေးတွေ) စုထားခြင်းအားဖြင့် လိုတဲ့အချိန်မှာ အလွယ်တကူ ယူသုံးလို့ရတော့ ပိုအဆင်ပြေသွားတာပေါ့။

makeup storage 2

နံရံပေါ်မှာ သံလိုက်နဲ့ ကပ်ထားပါ

တကယ်လို့ သင့်မှာ အလှပြင်ပစ္စည်းတွေ တင်ထားဖို့ နေရာ အပိုမရှိဘူး ဆိုကြပါစို့။ သံပြားတစ်ပြားမှာ အဝတ်စအုပ်ပြီး အလှဆင်၊ ဘောင်ခွေပြီးတော့ နံရံမှာ ချိတ်ထားလိုက်ပါ။ သံလိုက်တုံးလေးတွေကို သင့်အလှပြင်ပစ္စည်း တစ်ခုစီတိုင်းမှာ ကော်နဲ့လိုက်ကပ်ပြီးတော့ သံလိုက်ပြားပေါ်မှာ တင်ထားလိုက်ရုံပါပဲ။

makeup storage 3

ရောင်စုံသေတ္တာလေး

အရောင်စုံဝယ်ထားတဲ့ သင့်ရဲ့ လက်သည်းနီတွေကို သိမ်းဖို့အတွက် နည်းလမ်းကောင်းလေးပါ။ အရင်ဆုံး ဖိနပ်ထည့်တဲ့ ဗူးတစ်ခုကို စက္ကူလှလှလေးနဲ့အရင် အလှဆင်လိုက်ပါ။ ကိုယ့်ရဲ့ လက်သည်းနီ ပုလင်းတွေကိုထည့်၊ ပြီးတော့ လက်သည်းနီပုလင်း ထိပ်လေးတွေမှာ ဗူးထဲက အရောင်လေး နည်းနည်းသုတ်ထားလိုက်။ အဲဒီလိုဆိုရင် ဘယ်ပုလင်းက ဘယ်အရောင်ဆိုတာ ထုတ်မကြည့်လည်း သိရပြီပေါ့။

makeup storage 4

ဘရက်ရှ်တွေကို ဘယ်လိုသိမ်းဆည်းမလဲ?

လွယ်ပါတယ် အဝကျယ်တဲ့ ပန်းအိုးလှလှလေး တစ်ခုထဲမှာ ရောင်စုံကျောက်တုံး လှလှလေးတွေထည့်လိုက်။ ပြီးရင်တော့ ကိုယ့်ရဲ့ ဘရက်ရှ်လေးတွေကို စိုက်ထားလိုက်ရင် ကြည့်ကောင်းသွားပြီပေါ့။

 

makeup storage 5

ခုံပေါ်မှာ အလှဆင်ထားပါ

တချို့ အလှပြင်ပစ္စည်းလေးတွေက ဗီရိုထဲထည့်ပြီး သိမ်းထားဖို့ မဖြစ်နိုင်လောက်အောင် လှလွန်းနေတတ်တယ်။ အဲဒီလိုအခါမျိုးတွေမှာ ဗန်းတစ်ခု(ဒါမှမဟုတ်) ဓါတ်ပုံဘောင် တစ်ခုကို ပက်လက်လှန်ပြီး Cosmetic လှလှလေးတွေကို တင်ထားလို့ရပြီပေါ့။

makeup storage 6

Ref: Genius Ways to Store Your Beauty Products #Beauty Tip

Mo Mo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply