(၂) နှစ်သားလေးကို တွန်းလှည်းအောက်က လှောင်ချိုင့်ထဲ ထည့်ပြီး ဂျယ်လီအေးရောင်းရရှာတဲ့ အမျိုးသမီး

31-5-2022-yyl-08.jpg

ကွေ့ကျိုးပြည်နယ်က အချိုပွဲရောင်းတဲ့အမျိုးသမီးတစ်ဉီးကို သူ့ရဲ့(၂) နှစ်သားလေးကို ဈေးရောင်းတဲ့တွန်းလှည်းအောက်က သံလှောင်ချိုင့်ထဲ ထည့်ပြီး ဈေးရောင်းတဲ့အတွက် လူအများက စိတ်ဝင်စားနေကြပါတယ်။ (သတင်းဌာနတွေက အဲဒီအမျိုးသမီးရဲ့နာမည်ကိုတော့ ထုတ်ဖော်ပြောကြားမထားပါဘူး) သူဈေးရောင်းရတာ အဆင်ပြေဖို့နဲ့ သူ့သားလေး လျှောက်သွားတာကို ကာကွယ်ဖို့အတွက် အခုလိုလှောင်ချိုင့်ထဲထည့်ထားရတာဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

တွန်းလှည်းရဲ့မျက်နှာစာမှာ အိမ်လုပ်ဂျယ်လီအေး ရောင်းချတဲ့ ကြော်ငြာစာသားကို ကပ်ထားပါတယ်။ မုန့်ပြင်ဆင်ပေးတဲ့ကောင်တာအောက်က သံလှောင်ချိုင့်တစ်ခုအတွင်းမှာတော့ ကလေးလေးကို ထည့်ထားပါတယ်။ သံလှောင်ချိုင့်အတွင်းမှာ ကလေးလေးအတွက် ထိုင်စရာအခင်းအနေနဲ့ စောင်တစ်ခုခင်းပေးထားပါတယ်။

Xi’an သတင်းဌာနက အဲဒီအမျိုးသမီးကို မေးမြန်းတော့ သူတို့လင်မယားမှာ နို့မှုန့်ဝယ်ဖို့ ပိုက်ဆံမရှိတဲ့အပြင် တစ်နေ့ကို ထမင်း (၃) နပ်တောင် နပ်မမှန်ဘူးလို့ ပြောပါတယ်။ ကလေးရဲ့အဖေက သူတို့သားအမိကို ဂရုမစိုက်သလို ဗီဒီယိုဂိမ်းပဲ တစ်နေ့လုံးဆော့နေတယ်လို့ အဲဒီအမျိုးသမီးက ပြောပြပါတယ်။

သူ့ကလေးရဲ့ဘဝက ခက်ခဲကြမ်းတမ်းပြီး သူ့နဲ့အတူ ဒုက္ခတွေခံစားနေရတယ်လို့လည်း ဖွင့်ဟပါတယ်။ ဈေးဝယ်သူမရှိတဲ့အချိန်ဆို သူ့သားလေးကို လှောင်ချိုင့်ထဲကနေ ထွက်ခွင့်ပေးပြီး ကစားခိုင်းပါတယ်။ အဲဒီအမျိုးသမီးက သူမရှိရင် သူ့သားလေး ပိုပြီးဒုက္ခရောက်မှာကို စိုးရိမ်မိတယ်လို့လည်း ထုတ်ပြောပြခဲ့ပါတယ်။

Ref: Mothership “Woman in China keeps 2-year-old son in ‘cage’ under food cart while she sells ice jelly”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top