အခမ်းအနားနဲ့တကွ ကျင်းပခဲ့တဲ့ ခွေးမင်္ဂလာဆောင်

31-5-2022-yyl-12.jpg

အမြဲမခွဲ တတွဲတွဲ ဖြစ်နေတဲ့ ခွေး ၂ ကောင်ကိုတော့ မင်္ဂလာအခမ်းအနားနဲ့တကွ ပေးစားလိုက်ကြပါပြီ။ ၉ နှစ်အရွယ် ခွေးမလေး ပီးနက်နဲ့ ၃ နှစ်အရွယ် ခွေးလေး ကာရှူးတို့ကို ပြီးခဲ့တဲ့အင်္ဂါနေ့က တက္ကဆက်ပြည်နယ်မှာရှိတဲ့ ဆန်အန်တိုနီယို တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ မင်္ဂလာအခမ်းအနား ကျင်းပပေးခဲ့တာပါ။

သူတို့ ၂ ကောင်လေးက ချီဟွာဟွာ မျိုးနွယ်ဝင် ခွေး ၂ တွေဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလမှာ သူတို့ရဲ့သခင်တွေက သူတို့ကို စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ၂ ကောင်ဟာ SAHS ရဲ့ ကျန်းမာရေးစင်တာကို သွားခွဲစိတ်မှုလုပ်ရင်း တွေ့ဆုံခဲ့ကြတာပါ။ အဲဒီကတည်းက သံယောဇဉ်တွဲခဲ့ကြတဲ့ သူတို့ ၂ ကောင်ကို SAHS ရဲ့ ဝန်ထမ်းတွေက မင်္ဂလာပွဲ ကျင်းပပေးခဲ့တာပါ။

သူတို့ကို မွေးမြူမယ့်သခင် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး မင်္ဂလာပွဲ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မင်္ဂလာပွဲကို ပြီးစလွယ်လုပ်ပေးခဲ့တာမဟုတ်ဘဲ အသေးစားဘုရားကျောင်းတစ်ခု တည်ဆောက်ပြီး မင်္ဂလာပွဲ ကျင်းပပေးခဲ့တာပါ။ သူတို့ကို မွေးမြူချင်သူတွေအနေနဲ့ တစ်ကောင်ချင်းစီ ခေါ်ယူမွေးမြူနိုင်ပေမဲ့ ဟန်းနီးမွန်းကာလပြီးတဲ့အထိ စောင့်ဆိုင်းရမယ်လို့ SAHS ရဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။

Ref: Goodnews ” Till Death Do Us Bark: Watch Inseparable Shelter Dogs Get Married in Adorable Ceremony”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top