၂၄ နှစ်လုံးလုံး ပတ်ဝန်းကျင်မှာ အမှိုက်တစ်စမရှိအောင် သန့်ရှင်းရေးလုပ်ခဲ့တဲ့ အဘိုးအို

4.2.2025-yyl-1.jpg

အိန္ဒိယနိုင်ငံမှ အဘိုးအိုတစ်ဦးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ပတ်ဝန်းကျင်မှာ အမှိုက်တစ်စ မကျန်အောင် သန့်ရှင်းရေးလုပ်ပြီး မြောင်းတွေ ဆယ်၊ အပင်တွေ စိုက်ကာ စိမ်းလန်းစိုပြေရေးအတွက် လုပ်ဆောင်ခဲ့လို့ အိန္ဒိယမီဒီယာတွေမှာ ချီးကျူးခံနေရပါတယ်။

အသက် ၈၃ နှစ်အရွယ်ရှိတဲ့ ဆူရာနာရာယန်ဟာ ၂၀၀၁ ခုနှစ်မှာ မန်နေဂျာရာထူးကနေ အနားယူခဲ့ပြီးကတည်းက ဒီအလုပ်တွေကို နေ့စဉ်လုပ်ဆောင်ရမယ့် တာဝန်တစ်ခုအတိုင်း မပျက်မကွက် လုပ်ဆောင်ခဲ့တာပါ။

ပုံမှန်အားဖြင့် သူ့အသက်အရွယ်မှာ လူအများစုက အေးအေးဆေးဆေး အနားယူဖို့ စဉ်းစားမှာဖြစ်ပေမဲ့ တောင်သူမိသားစုကနေ မွေးဖွားလာတဲ့ ဆူရာနာရာယန်ကတော့ အပင်စိုက်ပျိုးရာတာကတော့ အလွန်ဝါသနာထုံသူပါ။ အမှိုက်ပိတ်ဆို့လို့ မိုးတွင်းဘက်မှာ ရေမြောင်းတွေ ရေမလျှံအောင် မြောင်းထဲက အမှိုက်တွေကိုလည်း အမြဲသန့်ရှင်းလေ့ ရှိသူပါ။

ဆူရာနာရာယန်က ဒီလိုအလုပ်တွေလည်းလုပ်ရင်း ထိခိုက်ဒဏ်ရာရတာမျိုး ရှိပေမဲ့ မရပ်တန့်ခဲ့သလို သူ့ဇနီးကလည်း နောက်ကွယ်ကနေ အစဉ်အမြဲပံ့ပိုးပေးခဲ့ပါတယ်။ သူ့အတွက်ကတော့ ဒီအလုပ်တွေ လုပ်နေရရင် အမြဲပျော်ရွှင်နေတာပဲလို့ ဆူရာနာရာယန်က ဆိုပါတယ်။

Ref: 83-YO Has Been Sweeping His Bengaluru Neighbourhood Clean for 24 Yrs!
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top