ကင်တက်ကီပြည်နယ်က အမျိုးသမီးတစ်ယောက်ဟာ ထီပေါက်ပြီးနောက် သူစိမ်းတွေအတွက် လက်ဆောင်ကတ်တွေ ဝေပေးခဲ့ပါတယ်။ ခရစ္စတယ်ဒန်းဟာ ဒေါ်လာ ၂၀ တန် ထီလက်မှတ်ကနေ ဒေါ်လာ ၁၄၆,၃၅၁ ထီဆုကြီး ပေါက်ခဲ့တာပါ။ အစောပိုင်းမှာ သူက ထီပေါက်တာကို မယုံခဲ့ပေမဲ့ ထီရုံးကနေ အီးမေးလ် ရောက်လာတော့ အရမ်းဝမ်းမြောက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကုန်ခြောက်စတိုးကို သွားပြီး လက်ဆောင်ကတ်တွေ ဒေါ်လာ ၂၀၀၀ ဖိုး ဝယ်ယူကာ သူစိမ်းတွေကို ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ ” ကျွန်မဘဝတစ်လျှောက်လုံး လိုချင်တာတွေရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။ ဒါက ကျွန်မအတွက် အံ့အားသင့်စရာလက်ဆောင်ပါပဲ” လို့ ခရစ္စဒန်းက ဆိုပါတယ်။
အခုလို အံ့အားသင့်စရာ လက်ဆောင်ရချိန်မှာ တခြားသူတွေကိုလည်း မျှဝေပေးချင်စိတ် ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။ သူက လက်ကျန်ထီဆုကြေးငွေတွေကို ကားဝယ်ဖို့၊ ငွေပြေစာတွေ ပေးချေဖို့ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
Ref: Woman Wins $146K In Lottery, Hands Out Gift Cards To Strangers
NZ(ရိုးရာလေး)