ရှားရှားပါးပါး တွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးပုလဲကြီး

25-7-2022-yyl10.jpg

သက်ရှိခန္ဓာကိုယ်ထဲမှာ ဖြစ်တည်တဲ့ တစ်ခုတည်းသော ရတနာဟာ ပုလဲပါပဲ။ ပုံမှန်အားဖြင့် ကမာကောင်တွေရဲ့ကိုယ်ထဲမှာ ပုလဲတွေကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးပုလဲကြီးကိုတော့ ဂုံးကောင်ရဲ့ကိုယ်ထဲကနေ တွေ့ရှိခဲ့တာပါ။ ဒါဟာ ရှားရှားပါးပါး တွေ့ရှိမှုပါပဲ။ ၂၀၀၆ ခုနှစ်မှာ ဖိလစ်ပိုင်တံငါသည်တစ်ယောက်က ပါလာဝမ်ကျွန်း ကမ်းလွန်ဘက်မှာ ကမ္ဘာ့အကြီးဆုံးပုလဲကြီးကို တွေ့ရှိခဲ့တာပါ။

သူ့ရဲ့လှေ ကျောက်ဆူးက ဂုံးကောင်ကြီးနဲ့ ချိတ်မိနေလို့ တံငါသည်က ဆင်းဖြုတ်ရင်း ဒီပုလဲကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလေးချိန် ၇၅ ပေါင်နီးပါးရှိပြီး အလျား ၂၆ လက်မ၊ ဗျက် ၁၂ လက်မ ရှိပါတယ်။ ဒါပေမဲ့ တံငါသည်က ပုလဲကြီး ဘယ်လောက်အဖိုးတန်သလဲဆိုတာကို မသိခဲ့ပါဘူး။ ကံကောင်းခြင်းအဆောင်တစ်ခုအနေနဲ့ သူ့အိပ်ယာအောက်မှာ ၁၀ နှစ်တိုင်တိုင် သိမ်းထားခဲ့တာပါ။

သူ့အိမ်မီးလောင်သွားချိန်မှာလည်း ပုလဲကြီးက မပျက်စီးဘဲ ကျန်နေရစ်ခဲ့ပါတယ်။ ဒီပုလဲကြီးက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: World Largest Pearl

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top