ဆရာဝန်က သေပြီလို့ မှတ်ချက်ချခဲ့တဲ့ အမျိုးသမီး အခေါင်းထဲမှာ အသက်ရှူနေသေးကြောင်း တွေ့ရှိ

12.6.23-yyl-7.jpg

အသက်မရှိတော့ဘူးလို့ ဆရာဝန် မှတ်ချက်ပေးခဲ့တဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ အခေါင်းထဲရောက်မှ အသက်ရှူနေကြောင်း တွေ့ရလို့ အရေးပေါ် ဆေးရုံ တင်ခဲ့ရပါတယ်။ အသက် ၇၆ နှစ်အရွယ် အီကွေဒေါအမျိုးသမီး မွန်တိုယာဟာ လေဖြတ်သွားပြီးနောက် နှလုံးခုန်နဲ့ အသက်ရှူ ရပ်တန့်(cardiorespiratory arrest) သွားခဲ့ပြီး သတိပြန်လည်လာအောင် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် တာဝန်ကျဆရာဝန်က အသက်မရှိတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

မွန်တိုယာကို ၅ နာရီကြာ အခေါင်းထဲ ထည့်ထားခဲ့ပြီး ဈာပနအတွက် အဝတ်အစားလဲဖို့ ပြင်ဆင်ချိန်မှာ အသက်ရှူနေသေးတာ တွေ့ရှိခဲ့လို့ ဆေးရုံ တင်ပို့ခဲ့ကြပြီး သူ့ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးလျက်ရှိပါတယ်။ အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကော်မတီဖွဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

Ref: ‘Dead’ woman found breathing in coffin at own funeral

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top