အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ ကလေးမံမီရုပ်အလောင်း ၄ လောင်း တူးဖော်တွေ့ရှိ

22.11.23-yyl-10.jpg

An archaeologist works on one of five mummies, that according to archaeologists belong to the pre-Inca Ychsma culture that inhabited the central coast of Peru from approximately 900 to 1450 AD., at the Huaca La Florida archaeological site, in Lima, Peru, November 21, 2023. REUTERS/Anthony Marina

ပီရူးနိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အနည်းဆုံး နှစ် ၁၀၀၀ သက်တမ်းရှိမယ်လို့ ယုံကြည်ထားတဲ့ ကလေးငယ် မံမီရုပ်အလောင်း ၄ လောင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ယခင်က ဘာသာရေးအခမ်းအနားတွေ ကျင်းပရာနေရာဖြစ်ပြီး မျက်မှောက်ခေတ်မှာ ပီရူးနိုင်ငံမြို့တော် လီမာရဲ့ ရှေးအကျဆုံးဒေသကနေ တူးဖော်တွေ့ရှိခဲ့တာပါ။

နိုဝင်ဘာလ ၂၀ ရက်မှာ ကလေးမံမီရုပ်အလောင်းတွေနဲ့အတူ အရွယ်ရောက်ပြီးသူတွေရဲ့ မံမီရုပ်အလောင်းတွေလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲဒီမံမီရုပ်အလောင်းတွေဟာ အင်ဒီးယန်းဒေသ အနှံ့အပြားမှာ အင်ကာအင်ပါယာ မကြီးထွားလာခင် ပီရူးနိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းမှာ ထွန်းကားခဲ့တဲ့ ယက်ချမာခေတ်က ဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

တချိန်က ဘုရားကျောင်းတစ်ခု စံပယ်ကိန်းအောင်းရာ တောင်ကုန်းငယ်ရဲ့ လှေကားထစ်အောက်ကနေ မံမီရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ။ အဲဒီဘုရားကျောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ က တည်ဆောက်ခဲ့တာဖြစ်မယ်လို့ ရှေးဟောင်းပညာရှင် လူးဝစ်တာကူဒါက ဆိုပါတယ်။

လူဦးရေး ၁၀ သန်းနီးပါး နေထိုင်တဲ့ လီမာမြို့မှာ ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရှာဖွေရော နေရာ ၄၀၀ နီးပါးအထိ ရှိပါတယ်။ ပီရူးနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု တူးဖော်ရာ နေရာတွေထဲမှာ အကြီးဆုံးနေရာကနေ လီမာမြို့အပြင်ဘက်မှာ တည်ရှိပြီး ၁၆ ရာစုအတွင်း စပိန်လက်အောက် ကျရောက်ခဲ့တဲ့ အင်ကာအင်ပါယာရဲ့ မြို့တော် တည်နေရာပဲ ဖြစ်ပါတယ်။

Ref: Peru archaeologists unearth 1,000-year-old mummies of children in Lima

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top