ဂျက်ကီချမ်းနဲ့ ရက်ဖ် မာခီအိုတို့ပါဝင်မယ့် Karate Kid ဇာတ်ကားအသစ်အတွက် Karate Kid အဖြစ် ပါဝင်နိုင်မယ့် ဆယ်ကျော်သက်ကို ရှာဖွေနေ

22.11.23-yyl-3-1.jpg

ပထမဆုံး Karate Kid ဇာတ်ကား ထွက်ရှိပြီး နှစ်ပေါင်း ၄၀ အကြာမှာ နောက်ထပ် Karate Kid ဇာတ်ကားကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ အဲဒီဇာတ်ကားအတွက် သတင်းတစ်ခုကို Karate Kid ဇာတ်ကားအသီးအသီးမှာ ပါဝင်ခဲ့တဲ့ အမေရိကန်မင်းသား ရက်ဖ်မာခီအိုနဲ့ ဟောင်ကောင်မင်းသားကြီးဂျက်ကီချမ်းတို့က ကြေညာပေးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သူတို့နှစ်ဦးလည်းပါဝင်မှာဖြစ်ပါတယ်။

ဂျက်ကီချမ်းက The Karate Kid ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၁၀ ခုနှစ်ဇာတ်ကားမှာ ကရာတေးဆရာ မစ္စတာဟန်အဖြစ် ပါဝင်ခဲ့တာပါ။ ရက်ဖ်မာခီအိုကတော့ ၁၉၈၄ ခုနှစ် နဲ့ ၁၉၈၉ ခုနှစ်ကြား ပထမဆုံး Karate Kid ဇာတ်ကားတွေမှာ ဒန်နီရယ် လာရက်ဆိုအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူက ဇာတ်လမ်းသွားတူတဲ့ Cobra Kai တီဗီစီးရီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားအသစ်အတွက် Karate Kid အဖြစ် ဆယ်ကျော်သက်ကောင်လေးကို ရှာဖွေနေတယ်ဆိုတဲ့ သတင်းကိုကြေညာခဲ့တာပါ။ လူမှုကွန်ယက်ပေါ်မှာ Sony Pictures မျှဝေခဲ့တဲ့ ကြေညာချက်ဗီဒီယိုမှာ “ဟိုင်း…အားလုံးပဲ။ အရေးကြီးတဲ့သတင်းကြေညာစရာရှိပါတယ်”လို့ ဂျက်ကီချမ်းက ပြောပါတယ်။ “ကျွန်တော်တို့ Karate Kid ဇာတ်ကားအသစ်မှာ အတူပါဝင်သရုပ်ဆောင်နေပါတယ်” လို့ ရက်ဖ်မာခီအိုကလည်း ဆိုပါတယ်။ အဲဒီနောက်မှာ သူတို့တွေက Karate Kid အသစ်ကို ကမ္ဘာ့တစ်ဝှမ်းရှာဖွေနေပါတယ်ဆိုတာကို ပြောသွားခဲ့တာပါ။

Sony Pictures နဲ့ Karate Kid လီဖုန်းအဖြစ် သရုပ်ဆောင်မယ့် ဆယ်ကျော်သက်ကောင်လေးကို ရှာဖွေနေတာဖြစ်ပါတယ်။ လီဖုန်းက အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြား တရုတ်လူမျိုး (ဒါမှမဟုတ်) တရုတ်သွေးနှော ဆယ်ကျော်သက်ဖြစ်ရမှာပါ။ အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောဆိုနိုင်ရပါမယ်။ လီဖုန်းက ထက်မြက်တယ်၊ ကျွမ်းကျင်တဲ့ကိုယ်ခံပညာတစ်ယောက်ဖြစ်တယ်။ ကိုယ်ခံပညာတစ်မျိုးမျိုး၊ ကျွမ်းဘား၊ (ဒါမှမဟုတ်) အကအတွေ့အကြုံကတော့ ခိုင်မာတဲ့အားသာချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ရွေးချယ်ခြင်းအသေးစိတ်ကို
https://sites.sonypictures.com/karatekidcasting/မှာ ဝင်ရောက်သိရှိနိုင်ပါတယ်။

Ref: Jackie Chan, Ralph Macchio to star in new ‘Karate Kid’ film, looking for ‘next karate kid’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top