PUBG MOBILE မှ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Yangon Galacticos (YG) အသင်း၏ In-Game Outfit ကို စတင်မိတ်ဆက်

game.webp

PUBG MOBILE က Yangon Galacticos (YG) အသင်းကို ဂုဏ်ပြုသည့်အနေဖြင့် တရားဝင် In-Game Outfit အသစ် ဖန်တီးပေးလိုက်ခြင်းဖြစ်ပြီး သြဂုတ်လ ၄ ရက်နေ့ မှစတင်၍ သြဂုတ်လတစ်လလုံး ကမ္ဘာတစ်ဝန်းရှိ PUBG MOBILE ကစားသမားများ ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ လူကြိုက်များသော နာမည်ကြီး Mobile Game တစ်ခုဖြစ်သည့် PUBG MOBILE သည် မြန်မာနိုင်ငံ၏ ထိပ်တန်း Esports အသင်းဖြစ်သော Yangon Galacticos (YG) ကို ဂုဏ်ပြုသောအားဖြင့် YG အသင်း၏ In-Game Outfit အသစ်ကို ကမ္ဘာတစ်ဝန်းလုံးတွင် စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယခုကဲ့သို့ Esports အသင်းတစ်သင်းအတွက် သီးသန့် In-Game Outfit ထုတ်လုပ်ပေးခြင်းသည် PUBG MOBILE ၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ပေးခြင်းဖြစ်ပြီး YG အသင်း၏ ပြိုင်ပွဲအောင်မြင်မှုနှင့် မြန်မာ့ Esports ၏ ကမ္ဘာ့အဆင့်ရောက်ရှိမှုကို ဂုဏ်ပြုသည့် အထူးအစီအစဉ်တစ်ရပ်လည်းဖြစ်သည်။ အဆိုပါ သီးသန့် In-Game Outfit ကို သြဂုတ်လ ၄ ရက်နေ့ မှစတင်၍ သြဂုတ်လတစ်လလုံး ကမ္ဘာတစ်ဝန်းရှိ PUBG MOBILE ကစားသမားများအားလုံး In-Game ထဲတွင် ရရှိနိုင်မည်ဖြစ်သည်။

PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE ရဲ့ သမိုင်းမှာ အသင်းတစ်သင်းအတွက် သီးသန့် In-Game Outfit ကို ပထမဆုံးအကြိမ်အဖြစ် Yangon Galacticos (YG) နဲ့ အတူ မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ YG အသင်းဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ ပြိုင်ပွဲစဉ်တွေမှာ ထူးချွန်ထက်မြက်တဲ့ စွမ်းဆောင်ရည်တွေကို အစဉ်တစိုက် ပြသနိုင်ခဲ့တဲ့ အသင်းဖြစ်တာကြောင့် ခုလိုဂုဏ်ပြုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ Esports အသိုက်အဝန်းအတွက် ဂုဏ်ပြုပံ့ပိုးပေးခြင်းဖြစ်သလို Esports အသင်းတွေ ရေရှည်တိုးတက်ဖွံ့ဖြိုးလာရေးအတွက် အစဉ်တစိုက် အားပေးကူညီသွားမယ်ဆိုတဲ့ PUBG MOBILE ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ထဲက တစ်ခုကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

PUBG MOBILE ၏ သမိုင်းဝင် In-Game Outfit မိတ်ဆက်မှုသည် YG အသင်းအတွက် ကြီးမားသည့် ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ကမ္ဘာ့အဆင့် Esports World Cup (EWC 2026) Paris ပြိုင်ပွဲကြီးသို့ Title Defender အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်လျက်ရှိသည့် YG အသင်းအား ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များနှင့် မြန်မာ့ Esports အသိုင်းအဝိုင်းမှ တက်ကြွစွာ ပါဝင်အားပေးနိုင်ရန်အတွက်လည်း အကောင်းဆုံး ပံ့ပိုးမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ YG သည် ၂၀၂၅ ခုနှစ်တွင် Esports World Cup (EWC 2025) ချန်ပီယံဆုကို ရရှိခဲ့ပြီးနောက် ယခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် Esports World Cup (EWC 2026) တွင် ချန်ပီယံဆုကို ကာကွယ်ရန် ပြန်လည်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Yangon Galacticos (YG) အသင်း၏ Coach ဖြစ်သူ Nicky က “အခုလို PUBG MOBILE ကနေ ကျွန်တော်တို့ YG အတွက် ပထမဆုံး In-Game Outfit ကို ဖန်တီးဂုဏ်ပြုပေးခဲ့တဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါဟာ YG အသင်းရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုခံရတာတင်မကဘဲ မြန်မာ Esports အသိုက်အဝန်းတစ်ခုလုံးရဲ့ အောင်မြင်မှုလဲ ဖြစ်ပါတယ်။ အခုလို ပံ့ပိုးပေးခဲ့တဲ့ အဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ရှိပြီး အခု EWC 2026 Paris မှာလဲ Title Defender အဖြစ် မြန်မာနိုင်ငံအတွက် အစွမ်းကုန် ယှဉ်ပြိုင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ PUBG MOBILE ၏ ပထမဆုံးအကြိမ် သမိုင်းဝင် In-Game Outfit မိတ်ဆက်နိုင်ခဲ့ခြင်းသည် မြန်မာလူငယ်များ၏ စွမ်းရည်ကို အသိအမှတ်ပြုခြင်းဖြစ်ပြီး မြန်မာ့ Esports ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထားရှိသည့် PUBG MOBILE ၏ ခိုင်မာသော ကတိကဝတ်ကို ထင်ဟပ်ပြသလျက်ရှိသည်။ PUBG MOBILE အနေဖြင့် မြန်မာ့ Esports အသိုင်းအဝိုင်းတွင် ကမ္ဘာ့အဆင့် ချန်ပီယံသစ်များ ဆက်လက်ပေါ်ထွက်လာစေရေးနှင့် လူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဖန်တီးပေးသွားမည်ဖြစ်ပြီး မြန်မာ့ Esports အဆင့်အတန်းကို ကမ္ဘာ့အလယ်တွင် ဆက်လက်ဝင့်ထည်စေရန် ကဏ္ဍစုံမှ အစဉ်တစိုက် ဝန်းရံကူညီသွားမည်ဖြစ်သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top