10.1.24-yyl-3.jpg

ဖက်ရှင်လောကမှာ လှုပ်ရှားနေဆဲ ကမ္ဘာ့အသက်အကြီးဆုံး မော်ဒယ်

အမေရိကန်မော်ဒယ် ကာမန်ဒဲလ်အော်ရီဖစ်ဟာ ဖက်ရှင်လောကမှာ လှုပ်ရှားနေဆဲဖြစ်တဲ့ အသက်အကြီးဆုံး မော်ဒယ်ပါပဲ။ သူ့အသက်က ၉၂ နှစ် ရှိနေပါပြီ။ ၁၃ နှစ်သမီးအရွယ်မှာ ဘဲလေးအကသင်တန်းသွားရင်း ဘတ်စ်ကားပေါ်မှာ ဓာတ်ပုံဆရာတစ်ဦးရဲ့ ဇနီးနဲ့ ဆုံခဲ့ပြီး ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒီတုန်းက…

5.12.23-yyl-1.jpg

ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် စံချိန်တင်ပြီး သက်တမ်း ၁၉၁ နှစ် ပြည့်ခဲ့တဲ့ လိပ်ကြီး ဂျိုနသန်

ကမ္ဘာ့အသက်အကြီးဆုံး ကုန်းနေသတ္တဝါအဖြစ် စံချိန်တင်ထားတဲ့ လိပ်ကြီး ဂျိုနသန်ဟာ အသက် ၁၉၁ နှစ် ပြည့်မြောက်သွားခဲ့ပါပြီ။ Seychelles လိပ်ကြီးမျိုးဖြစ်တဲ့ ဂျိုနသန်ဟာ တောင်ပိုင်းအတ္တလန္တိတ်သမုဒ္ဒရာထဲက ဗြိတိန်ရဲ့ ရေမြေခြားပိုင်နက်ဖြစ်တဲ့ စိန့်ဂယ်လီနာကျွန်းမှာ ပေါက်ဖွားခဲ့တာပါ။ သူ့ရဲ့သက်တမ်းအတွင်း ဗြိတိန်ထီးနန်း ပြောင်းလဲမှု…

24.10.23-yyl-11.jpg

ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ သေဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီဟာ ၃၁ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဘော်ဘီရဲ့သခင်တွေဟာ ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ရွာငယ်လေးမှာ နေထိုင်ကြတာပါ။ ဘော်ဘီဟာ ပေါ်တူဂီခြံစောင့်ခွေးမျိုးစိတ်ဖြစ်တဲ့ ရာဖဲရိုခွေးတစ်ကောင် ဖြစ်ပါတယ်။ ရာဖဲရိုခွေးတွေဟာ သက်တမ်း ၁၂…

16.8.23-yyl-4.jpg

ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးအမျိုးသမီးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ်ဂျပန်အမျိုးသမီး

ဂျပန်အားကစားသမားတစ်ဦးဖြစ်တဲ့ ခါဆုမီ ဆာအီခီဟာ ဩစတြီးယားမှာ ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်ရဲ့ နိုင်ငံဖြတ်ကျော်နှင်းလျှောစီးပြိုင်ပွဲ Masters World Cup မှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို အသက် ၈၈ နှစ်မှာ ချိုးခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်ဖွား…

3.4.2023-yyl-iamge-12.jpg

ကမ္ဘာ့အသက်အကြီးဆုံး ရေလှိုင်းစီးသူအဖြစ် စံချိန်တင်ခဲ့တဲ့ ဂျပန်အဘိုးအို

ဂျပန်အဘိုးအို ဆိုင်အိချီဆာနိုဟာ ကမ္ဘာ့အသက်အကြီးဆုံး ရေလှိုင်းစီးသူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်က ရေလှိုင်းစီးချိန်မှာ အသက် ၈၈ နှစ်၊ ၂၈၈ ရက် အရွယ်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး…

24-11-2022yyl08.jpg

အသက် ၂၆ နှစ်အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ကြောင်

လန်ဒန်အရှေ့တောင်ပိုင်း၊ အောပန်တန်မြို့လေးက ဖလော်စီဆိုတဲ့ ကြောင်ဟာ အသက် ၂၇ နှစ်မပြည့်ခင် ရက်ပိုင်းအလိုမှာ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တာပါ။ ဖလော်စီဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့မှတ်တမ်းမှာ တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် သတ်မှတ်ခဲ့တာပါ။ “ချစ်စရာကောင်းတဲ့ ဖလော်စီအကြောင်း…

5-7-2022-01.jpg

ကမ္ဘာ့အသက်အကြီးဆုံးနဲ့ လုပ်သက်အ​ကြာဆုံးလေယာဥ်မယ်

အသက် ၈၆ နှစ်အရွယ် ဘတ်တီ နက်ချ်က American လေကြောင်းလိုင်းရဲ့ လေယာဥ်မယ်တစ်ယောက်ပါ။ သူဟာ ကမ္ဘာ့အသက်အကြီးဆုံးနဲ့လုပ်သက်အကြာဆုံးလေယာဥ်မယ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ ဘတ်တီက ၁၉၅၇ ခုနှစ်မှာ လေယာဥ်မယ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ အခုနှစ်မှာ လုပ်သက် ၆၅ နှစ်ပြည့်ကို…

yyl-037.jpg

ကမ္ဘာ့အသက်အကြီးဆုံး ကြံ့နက် သေဆုံး

အသက် ၅၇ နှစ်ရှိပြီး ကမ္ဘာ့အသက်အကြီးဆုံးလို့ ယူဆထားတဲ့ ကြံ့နက်ကြီးဟာ တန်ဇန်းနီးယားနိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။ အရှေ့တိုင်းမျိုးစိတ်ဖြစ်တဲ့ ကြံ့နက်ကြီး ဖော်စတာကို ၁၉၆၅ ခုနှစ်က နိုရွန်ဂိုရိုမီးတောင်ဝမှာ စတင်တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖော်စတာက ၃ နှစ်အရွယ်ပဲ ရှိပါသေးတယ်။…

img1-1.jpg

စံချိန်အသစ်တင်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမား

အသက် (၉၆) နှစ်အရွယ် ရေ ဝေါ်လေ (Ray Woolley) ဆိုသူ စစ်ပြန်အဘိုးအိုဟာ ကမ္ဘာ့အသက်အကြီးဆုံးရေငုပ်သမားအဖြစ် တတိယအကြိမ်မြောက်ရေငုပ်ပြီး အရင်က သူရေငုပ်တဲ့စံချိန်ထက်သာလွန်ရင်းနဲ့ သူ့ရဲ့မွေးနေ့ကို သြဂုတ်လ (၂၈) ရက်နေ့က ဆင်နွှဲခဲ့ပါတယ်။ သြဂုတ်လ (၂၈)…

Masazo-Nonaka7.jpg

ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို အသက် (၁၁၃) နှစ်အရွယ်မှာ ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး ဘိုးဘိုးကြီးဟာ ဂျပန်နိုင်ငံ မြောက်ဘက်၊ ဟော့ကိုင်းဒိုးကျွန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဘိုးအို မာစာဇို နိုနာကာ (Masazo Nonaka) ဟာ ဆူမိုနပန်းသတ်ပွဲကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး အချိုတွေစားရတာလည်း ကြိုက်သူတစ်ဦးပါ။ သူ့ မိသားစုဝင်တွေရဲ့…