သေဆုံးသွားခဲ့ပြီဖြစ်တဲ့အသက် ၈ နှစ်အရွယ် ကမ္ဘာ့အရှည်ဆုံးခွေး

29-1-2021-yyl-12.jpg

ကမ္ဘာ့အရှည်ဆုံးခွေး ဖရက်ဒီ (Freddy) ဟာ အသက် ၈ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့သခင် ကလာရာ စတုန်းမန်း (Claire Stoneman) ကလည်း ဖရက်ဒီသေဆုံးကြောင်း အသိပေးပြီးတဲ့နောက်မှာ အရမ်းဝမ်းနည်းပူဆွေးနေတဲ့အပြင် အောက်မေ့တသလို့နေပါတယ်။ ဖရက်ဒီက အရပ်အမြင့် ၃ ပေ ၄ လက်မနဲ့ ၂၀၁၆ခုနှစ်မှာ ကမ္ဘာ့အရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်စာရင်းဝင်ခဲ့တာပါ။

စတုန်းမန်းက ဖရက်ဒီကို အောက်မေ့တသတဲ့အနေနဲ့ အခုလိုပြောပါတယ်။ “ဖရက်ဒီဟာ တော်တဲ့ခွေးလေးပါ။ သူဟာ အရှည်ဆုံးခွေးဖြစ်ရုံသာမက ချစ်ခြင်းမေတ္တာတရားတွေပိုင်ဆိုင်ထားတဲ့ နှလုံးလှတဲ့ခွေးလေးပါ။ သူဟာ ကျွန်မရဲ့ဘဝ၊ ပျော်ရွှင်မှု၊ အဆုံးမသတ်နိုင်တဲ့ဝမ်းနည်းမှု၊ ကျွန်မရဲ့နှလုံးသား၊တစ်ကမ္ဘာလုံးက ချစ်တဲ့ (၁) သန်းမှာ တစ်ကောင်တည်းသောခွေးလေးပါ။ သူ ပေါက်စလေးတုန်းက အတော်လေးသေးပါတယ်။ သူ့မိခင်ဟာ နို့မတိုက်တဲ့အတွက် ကျွန်မဆီ ရောက်သင့်တာထက် (၂) ပတ်စောပြီး ရောက်လာခဲ့တာပါ။ သူ အဲဒီလောက်ကြီးကြီးလာခဲ့မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး”လို့ ဆိုပါတယ်။

The Guinness World Record အဖွဲ့ကလည်း ဖရက်ဒီရဲ့အရပ်အမြင့်သွားတိုင်းတဲ့အချိန်ကိုတောင် ပြန်အမှတ်ရနေပါတယ်။ အဲဒီအဖွဲ့ ဂင်းနစ်မှတ်တမ်းအတွက် ဖရက်ဒီကို တိုင်းဖို့အတွက် သူ့အိမ်ကို လာတဲ့အချိန် ဖရက်ဒီက အတော်လေးကြောက်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ Guinness World Records ရဲ့ အယ်ဒီတာချုပ်က ဖရက်ဒီကို အောက်မေ့တသတဲ့အနေနဲ့ အခုလိုပြန်ပြောပြခဲ့ပါတယ်။

” ဖရက်ဒီက နူးညံ့သိမ်မွေ့တဲ့ဧရာမခွေးကြီးပါပဲ။ သူ့ကို မြင်တွေ့ရတာ အမြဲပျော်ရွှင်မှုရတယ်။ သူ့ရဲ့အရပ်အမြင့်ကို တိုင်းတာကတော့ မေ့မရနိုင်ဆုံးပါပဲ။ ပေါက်စလေးတုန်းက တော်တော်လေးသေးတယ်ဆိုတာ မယုံနိုင်ခဲ့ပါဘူး။ ဖရက်ဒီက လူတိုင်းရဲ့မျက်နှာမှာ အပြုံးပန်ဆင်စေခဲ့တာပါ။ Guinness World Records က လူတိုင်းက သူ့ကို လွမ်းနေမှာပါ။ သူ့အကြောင်းကို ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာနဲ့ မျှဝေရတာ ကျေနပ်ပါတယ်။ RIP ပါ ဖရက်ဒီ” လို့ ပြောပါတယ်။

အလေးချိန် ၉၅ ကီလိုဂရမ်ရှိတဲ့ ခွေးတစ်ကောင်ကို အစာကျွေးရတာ လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ စတုန်းမန်းဟာ ဖရက်ဒီရဲ့အစာအတွက် တစ်လကို ပေါင် ၅၀၀ ကုန်ကျခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတရားဝင်ကိုင်ဆောင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးခွေးကတော့ အရပ်အမောင်း ၃ ပေ ၆ လက်မနဲ့ ဇုစ် (Zeus) ဆိုတဲ့ ခွေးပါပဲ။

Ref: Ladbible “World’s Tallest Dog Freddy Has Died Aged 8”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top