နောက်ဆုံးရ ပြည်တွင်းသတင်း

53678139_554699035014639_9000447750835273728_n-e1552297475865.jpg

အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချူပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ဒီကနေ့မွန်းလွဲ (၂) နာရီမှ ကော့သောင်းကနေ ထားဝယ်မြို့ကို လေကြောင်းခရီးနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်လဲ့လဲ့မော်ကို ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်း၊ ရဲရိပ်သာမှာ အကျယ်ချူပ်နဲ့ထားရှိခဲ့တာဖြစ်ပြီး ဒီကနေ့ တရားရုံးမှာ ခရီးသွားယမန်ယူခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချူပ်အသစ်ကို မခန့်အပ်ခင်ကာလမှာ လစ်လပ်နေတဲ့ဝန်ကြီးချူပ်ရာထူးကို နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ယာယီတာဝန်ယူထားကြောင်းလည်း သိရပါတယ်။

Photo – Aye Thet

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top