၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲတွင် Grand Royal Special Reserve က မြန်မာ့အကောင်းဆုံးဝီစကီဆု ဆွတ်ခူး

1024-x-682-px.jpg

သာလွန်ထူးကဲသည့် အနံ့၊ အရသာ နှင့် စွဲထင်ကျန်ရစ်မှုတို့ကြောင့် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲတွင် Grand Royal Special Reserve က “Best in Myanmar” မြန်မာ့အကောင်းဆုံးဝီစကီဆုကို ဆွတ်ခူးရရှိ

မြန်မာနိုင်ငံတွင်ထုတ်လုပ်ပြီး ကမ္ဘာကအသိအမှတ်ပြုခြင်းခံရသော Grand Royal Special Reserve သည် ဆန်းသစ်သော အရည်အသွေး၊ အရသာနှင့် ပြေပြစ်မှုတို့၏ ပြယုဂ်တစ်ခုဖြစ်သည်။ “ဝီစကီအိုလံပစ်” ဟုပင် တင်စားခေါ်ဝေါ်ကြသော ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲတွင် Grand Royal Special Reserve က “Best in Myanmar” မြန်မာ့အကောင်းဆုံးဝီစကီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၎င်း၏အရည်အသွေးကို ထပ်မံသက်သေထူခဲ့သည်။

မြန်မာ့အကောင်းဆုံးဝီစကီ


Grand Royal Special Reserve ဝီစကီကို ဆယ်စုနှစ်ကျော် အတွေ့အကြုံရှိပြီး အပြည်ပြည်ဆိုင်ရာဝီစကီပြိုင်ပွဲများတွင် အရသာထူးကဲ၍ အရည်အသွေးမြင့်ဝီစကီများအား မြည်းစမ်းသုံးသပ်နိုင်သည့် ကျွမ်းကျင်ပညာရှင်များက အကဲဖြတ်အမှတ်ပေးထားခြင်းဖြစ်သည်။ Grand Royal Special Reserve ဝီစကီသည် ကမ္ဘာ့အဆင့်မီ အရည်အသွေးမြင့်ဝီစကီအဖြစ် ယခုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသော ဆုတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့သည်မှာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။

ဖန်တီးဖော်စပ်မှု


Grand Royal Special Reserve ဝီစကီကို အရည်အသွေးကောင်းမွန်သော ပါဝင်ပစ္စည်းများဖြင့် အချိုးကျပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် အနံ့၊ အရသာနှင့်ပြည့်စုံပြီး ရွှေကဲ့သို့ အရောင်အဆင်းရှိသည့် နိုင်ငံတကာအရည်အသွေးမီ မြန်မာ့အကောင်းဆုံးဝီစကီအမှတ်တံဆိပ် ဖြစ်ပါသည်။ Grand Royal Special Reserve ဝီစကီကို စကော့ချ်တလန်နိုင်ငံမှ အတွေ့အကြုံရင့် ဝီစကီကျွမ်းကျင်ပညာရှင်က စကော့ချ်မုယောစပါးဝီစကီ (၁၆) မျိုးနှင့် မြန်မာနိုင်ငံမှ မု‌ယောစပါးဝီစကီတို့ကို အချိုးညီမျှစွာ ဂရုတစိုက်ရောစပ်ဖန်တီးထားခြင်းဖြစ်သည်။ အလွှာတိုင်းတွင် ဟန်ချက်ညီသောအရသာရရှိရန် အမေရိကန်ဝက်သစ်ချသားစည်ထဲတွင် နှစ်ချို့ခံထားသည့်အတွက် ဝက်သစ်ချသားရနံ့ နှင့် နူးညံ့သောမီးခိုးရနံ့တို့က ဝီစကီ၏ ထူးခြားသောစွဲထင်ကျန်ရစ်မှုကို ပေးစွမ်းနိုင်ပါသည်။

နိုင်ငံတကာကအသိမှတ်ပြုထားခြင်း


Grand Royal Special Reserve ဝီစကီသည် ၎င်း၏ ကောင်းမွန်သောအရည်သွေးကြောင့် နိုင်ငံတကာမှဆုတံဆိပ်ပေါင်း (၃၂) ခုနှင့်အထက် ဆွတ်ခူးရရှိထားသည်။ မြန်မာ့အကောင်းဆုံးဝီစကီ၏ တစ်မူထူးခြားသောအရသာနှင့် အထိအတွေ့တို့သည် ၎င်းအားထုတ်လုပ်ဖန်တီးသူ၏ ကျွမ်းကျင်တတ်မြောက်မှုကို ထင်ဟပ်နေခြင်းကြောင့် နိုင်ငံတကာစင်မြင့်ထက်၌လည်း ရှေ့တန်းတွင် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

အသေးစိတ်ထပ်မံသိရှိလိုပါက https://www.facebook.com/specialreservewhisky တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top