ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အီရန်

60462502_2067515713374342_5127790922465017856_n.jpg

အီရန်နိုင်ငံဟာ ဒုံးကျည်သယ်ဆောင်သွားတဲ့စစ်သဘောင်္တွေကို အရှေ့အလယ်ပိုင်းက ပါရှန်ပင်လယ်ကွေ့ဆီ စေလွှတ်ထားတဲ့ ပုံတွေထွက်လာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ စစ်ဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံထဲမှာပါတဲ့ အီရန်စစ်သဘောင်္တွေဟာ အမေရိကန်အခြေစိုက် ရေတပ်စခန်းအနီးနားကို ဦးတည်သွားနေလို့ ဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ပင်လယ်ပြင်အတွင်းစစ်ပွဲ ဖြစ်ဖို့ အလားလာ များနေပါတယ်။

အမေရိကန်နိုင်ငံဘက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ခြိမ်းခြောက်သတိပေးခဲ့တာက ခုလိုတင်းမာမှုကို ဖြစ်စေခဲ့

အမေရိကန်နိုင်ငံဘက်က အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ခြိမ်းခြောက်သတိပေးခဲ့တာက ခုလိုတင်းမာမှုကို ဖြစ်စေခဲ့ပြီး အီရန်၊ ယူအေအီးနဲ့ ဆော်ဒီအာရေဗျ စတဲ့ အာရပ်နိုင်ငံတွေက ပင်လယ်စစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ အခိုင်အမာပြောခဲ့ကြပါတယ်။ ပုံအရ ပါရှင်ပင်လယ်ကွေ့မှာရှိနေတဲ့ အီရန်စစ်သဘောင်္တွေဟာ အရင်က အီရန်နိုင်ငံကနေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခြိမ်းခြောက်မှုအသစ်ကို ဖော်ဆောင်နေတယ်လို့ ဖော်ပြနေကြပြီ ဖြစ်ပါတယ်။

လအနည်းငယ်ကြာခဲ့ပြီဖြစ်တဲ့ အီရန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားကတင်းမာမှုဟာ အီရန်နိုင်ငံရဲ့ ရေနံတင် သဘောၤ နဲ့ pumping station တိုက်ခိုက်ခံရပြီးတဲ့နောက် အထွက်အထိပ်ကိုရောက်လာခဲ့ပြီး အမေရိကန် ကတော့ သူတို့တိုက်ခိုက်ခဲ့တာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ ရေနံတင်သဘောၤ တိုက်ခိုက်ခံရတဲ့ အချိန်မှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ရေနံတင်သဘောၤနှစ်စင်းလည်း တိုက်ခိုက်ခံခဲ့ရပြီး လက်သည်တော့ မပေါ်ခဲ့ပါဘူး။

အီရန်နိုင်ငံ ကလည်း ရန်သူနဲ့ ထိပ်တိုက်တွေ့ဖို့ အပြည့်အဝပြင်ဆင်ထား

ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့မှာ နိုင်ငံအများစုက အီရန်နိုင်ငံနဲ့ အမေရိကန်တို့ဟာ ပင်လယ်စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြပြီး ပင်လယ်စစ်ပွဲက သူတို့လိုချင်တဲ့ နောက်ဆုံးအရာဖြစ်မယ်လို့ ယူဆနေကြပါတယ်။ အီရန်နိုင်ငံ ကလည်း ရန်သူနဲ့ ထိပ်တိုက်တွေ့ဖို့ အပြည့်အဝပြင်ဆင်ထားကြောင်း၊ ကာကွယ်ရေးဝန်ကြီး အာမီ ဟာတာမီ (Amir Hatami) ကလည်း ဘယ်လိုပဲ ထိပ်တိုက်တွေ့ရပါစေ အမေရိကန်နိုင်ငံကို အနိုင်ယူပစ်မယ်လို့ ကြုံးဝါးနေပါတယ်။

Ref: Dailymail “Iranian missiles ‘loaded on to boats in the Persian Gulf ”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top