ဒူဘိုင်းတွင် ၁၁၀၅ ပေအမြင့်ရှိ Marina Torch မိုးမျှော်တိုက် မီးလောင်မှုဖြစ်ပွား

UAE နိုင်ငံ ဒူဘိုင်းရှိ Marina Torch မိုးမျှော်တိုက်အဆောက်အဦးမှာ ယမန်နေ့က မီးအကြီးအကျယ်လောင်မှုဖြစ်ပွားခဲ့ပြီး ယခုမီးလောင်ခြင်းဟာ၂၀၁၁ ခုနှစ်အဆောက်အဦး စတင်တင်ဖွင့်လှစ်ကတည်းက ဒုတိယအကြိမ်မြောက်မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

Marina Torch မိုးမျှော်တိုက်ဟာ ၈၆ ထပ်ရှိပြီး ၁၁၀၅ ပေမြင့်ကာ ဒေသစံတော်ချိန် မနက် ၁ နာရီခန့်မှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုများအရတော့  အဆောက်အဦးတစ်လျှောက် မီးတောက်များဟာ ပျံနှံနေခဲ့ပြီး အပျက်အစီးများကလည်း လမ်းမပေါ်ကို ပြုတ်ကျနေတာကို တွေ့မြင်ရနိုင်ပါတယ်။

မီးတောင်များဟာ မိုးမျှော်တိုက်တစ်ခုလုံးနီးပါးကို ဝါးမျိုသွားခဲ့ပြီး မီးလောင်ရာမှာရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးကတော့ “marina တာဝါက မီးတောက်တွေဟာ တော်တော်များပြီး အဆောက်အဦးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ အပျက်အစီးတွေလည်း များပြားခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကိုတော့  အခုချိန်ဖြတ်တောက်ထားလိုက်ပါပြီ။ မီးကတော့ အဆောက်အဦးအထဲမှာ လောင်နေဆဲဖြစ်ပြီး အံ့ဩစရာတစ်ခုကတော့ မီးသတ်အချက်ပေး Alarm တွေသိပ်မများတာပါပဲ။ အချက်ပေးခေါင်းလောင်းသံတွေ ကျွန်တော် သိပ်မကြားရဘူး ” လို့ပြောဆိုခဲ့ပါတယ်။

မီးလောင်ချိန်ဟာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး မနက် ၃ နာရီခွဲခန့်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာရသူများလူစာရင်းကို  ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ဒူဘိုင်းရဲ့တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဆောက်အဦးမှာ မီးအကြီးအကျယ်လောင်ခဲ့တာ ဖြစ်ပြီး ကိုးထပ်ကစလောင်ခဲ့တာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

Marina Torch မိုးမျှော်တိုက်ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးတွေထဲက တစ်ခုဖြစ်ပါတယ်။ Marina Torch ကို၂၀၁၁ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလမှာ ပထမ အကြိမ် မီးလောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒူဘိုင်းအာဏာပိုင်တွေက မီးလောင်စဉ်က ပျက်စီးသွားခဲ့တဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်ပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

Ref : CNN News : Massive fire breaks out at Dubai’s 1,105ft Torch tower

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top