ONE: REIGN OF VALOR ပွဲ၏ စိတ်လှုပ်ရှားဖွယ်အချက် (၅) ချက်

unnamed1.jpg

များမကြာမီတွင် ၂၀၁၉ ခုနှစ်၏ ပထမဆုံး ONE Championship ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ မတ်လ ၈ ရက် နေ့တွင် ပြုလုပ်မည့် ONE: REIGN OF VALOR ပွဲတွင် ပြည်သူ့အချစ်တော် အောင်လအန်ဆန် မပါဝင်သော်လည်း ရန်ကုန်ကို အကောင်းဆုံး ပြိုင်ပွဲတင်ဆက်မှုများဖြင့် ဆက်လက်ကိုယ်စားပြုသွားမည်ဖြစ်သည်။

ONE: REIGN OF VALOR သည် စိတ်လှုပ်ရှားဖွယ်ကောင်းသောပွဲဖြစ်စေသော အချက် (၅) ချက်မှာ –

အဓိကတွဲဆိုင်းပွဲ၏ အဓိကတွဲဆိုင်းတွင် ONE ဝယ်သာဝိတ်ကမ္ဘာ့ချန်ပီယံကို မကြာသေးခင်က ရရှိထားသော Zebaztian Kadestam က ကြောက်ခမန်းလိလိ အန္တရာယ်ပေးနိုင်သည့် ကစားသမားသစ် Georgiy Kichigin နှင့် ရင်ဆိုင်ကာ ၎င်း၏ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်သွားမည်ဖြစ်သည်။

Kadestam သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ONE: WARRIOR’S DREAM ပွဲ၌ အမေရိကန် ကစားသမား Tyler McGuire ကို ပဉ္စမအချီတွင် ပြောင်မြောက်လှသော အလဲထိုးကွက်ဖြင့် အနိုင်ရယူခဲ့ကာ လစ်လပ် နေသော ONE ဝယ်သာဝိတ်ကမ္ဘာ့ချန်ပီယံနေရာကို အရယူနိုင်ခဲ့သည်။ ၎င်း အောင်နိုင်မှုနှင့်အတူ အောင်မြင်မှု၏ အထွဋ် အထိပ်သို့ ရောက်ရှိနေသော Kadestam အတွက် တခဏအတွင်းတွင်ပင် မရေရာမှုများက ရောက်ရှိ၍ လာပြန်သည်။ ယခုလာမည့်ပြိုင်ပွဲသည် Kadestam အတွက် ကြီးမားသည့် ပထမဆုံးသော စိန်ခေါ်မှုကို ရင်ဆိုင်ရမည့်အချိန်ဖြစ်သည်။။

Kichigin သည် ONE ဝယ်သာဝိတ်တန်းတွင် ချုပ်ကွက်ကစားနည်းအကျွမ်းကျင်ဆုံးသော ကစားသမားဖြစ်သည်။ ၎င်း၏ နောက်ဆုံးတွဲဆိုင်းတွင် မြေပြင်နပန်းကစားကွက် ကျွမ်းကျင်ပိုင်နိုင်သူ Rousimar Palhares အား ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ သည်။ ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် အနိုင်ရရှိမှု ၁၉ပွဲတွင် ၁၅ပွဲကို ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Kadestam သည် ပွဲကို အံသြဖွယ်ချုပ်ကွက်များဖြင့် ထိန်းနိုင်မည်လား သို့မဟုတ် စိန်ခေါ်သူ၏ ပြင်းထန်သည့် တိုက်ကွက်များ အောက်မှ မားမားမတ်မတ် ပြန်လည် အနိုင်ယူနိုင်မည်လား ဆိုသည်ကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည် ဖြစ်သည်။

ထို့အပြင် ယခုလာမည့်ပွဲတွင် ဝယ်သာဝိတ်ချန်ပီယံအသစ် ပေါ်ထွက်လာမည်လား သို့မဟုတ် Kadestam မှ ချန်ပီယံ ခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဖိုးသော်ပြန်လာပြီ
ဖိုးသော်သည် ကစားသမားမှတ်တမ်း ၆-၀ ဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ပြီးနောက် သူ၏ နောက်ဆုံးယှဉ်ပြိုင်မှုတွင် အတားအဆီးနှင့် ကြုံတွေ့ခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ONE: PURSUIT OF GREATNESS ပွဲ၌ မလေးရှားနိုင်ငံသား Keanu Subbaကို ပထမအချီ ချုပ်ကွက်တွင် ရှုံးနိမ့်ခဲ့သည်။

၎င်းသည် ONE: REIGN OF VALOR ပွဲတွင် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ကြိုးစားသွားမည် ဖြစ်သည်။ ဖိုးသော်၏ ကစားသမား မှတ်တမ်းအဆင့် တိုးတက်ရန်အတွက် ယှဉ်ပြိုင်ရမည့် အဆိုပါပွဲတွင် ဝါရင့်ကစားသမား အင်ဒိုနီးရှားနိုင်ငံသား Yohan Mulia Legowo သည် ပြိုင်ဘက်အနေဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ Legowo သည် ကစားသမားမှတ်တမ်း ၈-၇ ရှိထားပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ လောကတွင် ဖိုးသော်ထက် အတွေ့အကြုံနှစ်ဆ ရှိသူ ဖြစ်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော ဖိုးသော်သည် ယခုလာမည့်ပွဲကို အနိုင်ယူနိုင်မည်ဆိုလျှင် သုဝဏ္ဏမိုးလုံလေလုံ အားကစား ကွင်းရှိ ပရိသတ်များအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အောင်လအန်ဆန်၏ ကြီးကြပ်လေ့ကျင့်သင်ကြားခွင့်ကို ရရှိသူ တီရဲလ်ထန်
မတ်လ ၃၁ ရက် နေ့တွင် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ONE: A NEW ERA ပွဲ၌ မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် Ken Hasegawa နှင့် ယှဉ်ပြိုင်ကာ ချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်ချိန်တွင် အောင်လအန်ဆန် လေ့ကျင့်သင်ကြားပေး ထားသည့် တီရဲလ်ထန်သည် ၎င်း၏ ONE Championship ပွဲဦးထွက်ကို ယှဉ်ပြိုင်မည်ဖြစ်သည်။

ONE မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လမ်းညွှန်လေ့ကျင့်မှုကို ရရှိထားသည့် ထန်အနေနှင့် နည်းပြဖြစ်သူအောင်လ၏ ခြေရာကို လိုက်နင်းနိုင်မည်မှာ ခက်ခဲနိုင်သော်လည်း အမိမြေရှိ ပရိသတ်များ၏ အားပေးထောက်ခံမှုကို တခဲနက် ရရှိမည်ဆိုသည်မှာ အသေအချာပင်ဖြစ်သည်။

တီရဲလ်ထန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ အသက်မွေးဝမ်းကြောင်းတွင် ခက်ခက်ခဲခဲ စတင်ခဲ့ပြီးသည့်နောက်တွင် ၎င်းသည် တွဲဆိုင်းနှစ်ခုတွင် အနိုင်ရရှိထားပြီး ယခုအခါတွင် ကမ္ဘောဒီယားနိုင်ငံမှ Rin Saroth နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ လာမည့် ပွဲသည် ၎င်းအတွက် ONE Championship တွင် အောင်မြင်မှုတစ်ခုရယူနိုင်ရန် အစပြုသည့် ပွဲတစ်ခု ဖြစ်သည်ဟု အများက မျှော်မှန်းထားသည်။

Petchmorrakot Petchyindee Academy သည် နိုင်ပွဲဆက်လက်ရရှိရန် မျှော်လင့်
ထိုင်း kickboxer နှင့် အလဲထိုးကျွမ်းကျင်ကစားသမား Petchmorrakot သည် မြန်မာနိုင်ငံ၏ ကြိုးဝိုင်းထဲသို့ ဝင်ရောက် လာခဲ့ပြီဖြစ်သည်။ ၎င်းသည်၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ဒိုင်ဆုံးဖြတ်ချက်ဖြင့် Alaverdi Ramazanov အား ရှုံးနိမ့်ခဲ့သော်လည်း နောက်ထပ် နှစ်လအကြာတွင် Liam Harrison အား အလဲထိုး အနိုင်ယူခဲ့ကာ ပြန်လည်ဦးမော့လာ နိုင်ခဲ့သည်။ ကမ္ဘာ့မွေထိုင်းချန်ပီယံဟောင်းဖြစ်သူ Petchmorrakot သည် ၎င်း၏ အစွမ်းကုန်ကြိုးစားအားထုတ်များအတွက် ONE မှ ပေးအပ်လာသည့် အကောင်းဆုံးသော အခွင့်အရေးများကို မျှော်လင့်နေသည်။

Petchmorrakot ၏ ရှုံးနှိမ့်မှုသည် ၎င်း၏ ပရိတ်သတ်များအတွက် အံ့အားသင့်စေခဲ့သော်လည်း Ramazanov ကို ယခင်က သတိမထားမိသောသူများသည် ထိုပွဲမှစတင်၍ သတိထားမိလာစေခဲ့သည်။ Petchmorrakot ကဲ့သို့ အားကစားသမား ကောင်းနှင့် ထိုးသတ်ခဲ့ရသည့် အတွေ့အကြုံကောင်းကြောင့် Ramazanov သည် အနည်းငယ်လူသိများလာခဲ့သည်။ Petchmorrakot သည် နောက်တစ်ချီပြန်နွဲရန် အသင့်ရှိနေမည်ဖြစ်ပြီး ယခင်က အမှားအယွင်းမျိုးဖြင့် ထပ်မံ အညံ့ခံတော့မည် မဟုတ်ချေ။

Petchmorrakot သည် ရန်ကုန်တွင် ထိုးသတ်မည့်ပွဲ၌ အနိုင်ရခဲ့လျှင် ONE တွင် သူ၏ ပထမဆုံးသော နိုင်ပွဲဆက်အနိုင် ရရှိခြင်း ဖြစ်ပြီး အနာဂတ်တွင် ချန်ပီယံလောင်း ဖြစ်လာနိုင်မည့်သူလည်းဖြစ်သည်။ ၎င်း စတင်ဝင်ရောက်ထိုးသတ်သည့် ၂၀၁၈ ခုနှစ် ဇွန်လပွဲမှ စတင်၍ လူအများက Petchmorrakot သည် အနာဂတ်ချန်ပီယံလောင်း ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးကြသည်။

ကမ္ဘာ့ ချန်ပီယံဟောင်း Yoshitaka Naito ပြန်လာပြီ
ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးသည် ပြိုင်ပွဲများသို့ ပြန်လည်ဝင်ရောက်လာသည့်အခါတိုင်းသည် စောင့်ကြည့်ရမည့်ပွဲကောင်း တစ်ခုဖြစ်သည်။ Yoshitaka Naito ကဲ့သို့ နာမည်ကြီး ချန်ပီယံတစ်ယောက် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ရောက် ရှိလာခြင်းမှာ ပို၍ပင် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

Yoshitaka Naito သည် ရှိုတို ကစားသမားကောင်းတစ်ဦးဖြစ်သည့်အပြင် ONE Championship တွင်လည်း ကစားသမား ကောင်းတစ်ဦးဖြစ်သည်မှာ ထပ်မံမိတ်ဆက်ပေးစရာမလိုလောက်သည့် သူလည်းဖြစ်သည်။ ချန်ပီယံဟောင်း Joshua “The Passion” Pacio နှင့် တွဲဆိုင်း ၂ ဆိုင်း ရင်ဆိုင်ထိုးသတ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် ၎င်းသည် ချန်ပီယံ ခါးပတ်အတွက် စိန်ခေါ်သူ ဖြစ်လာနိုင်ဖွယ်လည်းရှိသည်။

Yoshitaka Naito သည် ONE Championship တွင် ရှိုတိုအားကစားသမားများ ပါဝင်ယှဉ်ပြိုင်လာနိုင်အောင် လမ်းဖွင့်ပေး ခဲ့သူဖြစ်ပြီး ယခုတွင် အဆိုပါ အဖွဲ့အစည်း ၂ ခုသည် ဂျပန်နိုင်ငံ၏ အကောင်းဆုံး ကိုယ်ခံပညာအားကစား ဖွံ့ဖြိုးတိုးတက် လာအောင် လက်တွဲလုပ်ကိုင်လျက်ရှိကြသည်။

Naito သည် ONE စတရောဝိတ် ကမ္ဘာ့ချန်ပီယံ Yousuke Saruta၊ Shinya Aoki နှင့် Mei Yamaguchi တို့ကဲ့သို့ပင် ဂျပန် ကိုယ်ခံပညာသိုင်းပေါင်းစုံလောက၏ ရှေ့ဆောင်လမ်းပြ အားကစားသမားတစ်ဦး ဖြစ်ပေသည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော စတရောဝိတ်ချန်ပီယံ Naito သည် ကစားသမားမှတ်တမ်း ၁၄ -၂ ဖြင့် စံချိန်တင်လျက်ရှိသူ ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူရန် ONE: Reigh Of Valor သို့ တစ်ကျော့ပြန်လာခြင်းသည် အာရှတစ်ခွင်မှ ပရိတ်သတ်များ၏ အာရုံစိုက်မှုကို ရရှိမည်မှာ အသေအချာပင်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top