ဆီးနှင်းဖုံးလွှမ်းနေတဲ့ ဓာတ်ပုံကို ပြောင်းလဲပေးဖို့ အိုက်စလန်မြို့တော်ဝန် (၂) ယောက် Google Maps ကို တောင်းဆို

in5.jpg

Google Maps မှာ သူတို့ရဲ့မြို့တွေအပေါ် ဆီးနှင်းဖုံးလွှမ်းနေတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ အသုံးပြုထားတာကို ပြောင်းလဲပေးဖို့ အိုက်စလန်နိုင်ငံက မြို့တော်ဝန် (၂) ယောက်က တောင်းဆိုခဲ့ပါတယ်။ ဒီဓာတ်ပုံကြောင့် အနောက်ပိုင်းဖော့ဒ်ဒေသက ဘိုလွန်ဂါဗီမြို့ကို ပြည်ပခရီးသည်တွေ လာမလည်ဘဲ နေကြလိမ့်မယ်လို့ မြို့တော်ဝန် ဟရိန်ဆင်က ပြောပါတယ်။

အနောက်ပိုင်းဖော့ဒ်ဒေသမှာ ရှုမျှော်ခင်းတွေ ပေါများပြီး ဒီဒေသက ကျွန်းတွေ၊ တံငါရွာတွေဟာ အိုက်စလန်နိုင်ငံသားတွေအတွက် နွေရာသီ အပန်းဖြေခရီးထွက်ဖို့ ရေပန်းစားတဲ့နေရာတွေပါ။ ”အနောက်ပိုင်းဖော့ဒ်ဒေသကို လာလည်ဖို့ စဉ်းစားနေသူ သန်းပေါင်းများစွာက Google Maps မှာ ရှာကြည့်ရင်း ဒီပုံကိုတွေ့သွားရင် အနောက်ပိုင်းဖော့ဒ်ဒေသမှာ ဆီးနှင်းကလွဲပြီး ဘာမှမရှိဘူးလို့ ထင်သွားနိုင်ပါတယ်”လို့ ဘိုလွန်ဂါဗီမြို့တော်ဝန် ဟရိန်ဆင်က ရေးသားထားပါတယ်။

Google Maps နဲ့ တိုက်ရိုက်အဆက်အသွယ်မရမချင်း နေ့စဉ်နေ့တိုင်း ဖေ့ဘွတ်ခ်မှာ ဒီအကြောင်း ရေးတင်မယ်လို့ ဟရိန်ဆင်က ဆိုပါတယ်။ အနောက်ပိုင်းဖော့ဒ်ဒေသရဲ့ အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ အစ်ဆာဖော်ရော်မြို့တော်ဝန် ဂန်းနက်ဆန်ကလည်း Google Maps မှာ ဖော်ပြထားတဲ့ ဓာတ်ပုံကို ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top