ပူတင်ရဲ့ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်အတု ဖန်တီးသူကို ထောင်ဒဏ်ချမှတ်

in4-2.jpg

ရုရှားသမ္မတ ပူတင်ရဲ့ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်အတု ဖန်တီးခဲ့တဲ့ အမျိုးသားကို ရုရှားတရားရုံးက ထောင်ဒဏ် (၂၈) ရက် ချမှတ်ခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူ ယာမာဒါယက်ဗ်ဟာ ရုရှားနိုင်ငံမှာ နိုင်ငံရေးဖိနှိပ်မှုခံစားခဲ့ရသူတွေအတွက် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နာဘီရီဇန်ယီချယ်နီမြို့မှာ ပူတင်ရဲ့ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်အတု ဖန်တီးခဲ့တာဖြစ်ပါတယ်။

အများပြည်သူဆိုင်ရာ အခမ်းအနားကျင်းပမှု ဥပဒေကို ထပ်ဖန်တလဲလဲ ချိုးဖောက်တယ်ဆိုပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တရားရုံးက ယာမာဒါယက်ဗ်ကို ထောင်ဒဏ် (၂၈) ရက် ချမှတ်ခဲ့ပါတယ်။ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်အတု ဖန်တီးရာမှာ ပါဝင်ကူညီခဲ့တဲ့ အမျိုးသားတစ်ဦးကိုလည်း (၆) ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ ယာမာဒါယက်ဗ်ဟာ ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်အင်တာနက်ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်ခဲ့သူပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုရှားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုက လွတ်လပ်စွာပြောဆိုခွင့်ကို ခြိမ်းခြောက်နေတယ်လို့ သူက ဆိုပါတယ်။ ပထမဥပဒေကြမ်းအရ ရုရှားနိုင်ငံ၊ ရုရှားအရာရှိတွေနဲ့ ရုရှားလူမှုအသိုက်အဝန်းကို လေးစားမှုကင်းမဲ့ရာရောက်တဲ့ ဖော်ပြမှုတွေကို ပိတ်ပင်ထားပြီး ထပ်ဖန်တလဲလဲ ချိုးဖောက်သူကို ထောင်ဒဏ် (၁၅) ရက်အထိ ချမှတ်ဖို့ ရှိပါတယ်။ ဒုတိယဥပဒေကြမ်းကတော့ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်နိုင်စေပြီး သတင်းအချက်အလက်အမှားတွေ ပါဝင်တဲ့ သတင်းတုတွေကို ဝေမျှဖော်ပြတာကို ပိတ်ပင်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top