Area 51 အား ဝင်ရောက်စီးနင်းမည်ဆိုသော Facebook Event အား going ပြုလုပ်ထားသူ (၆) သိန်းကျော်ထိ ရှိလာ

4744899807001_6058318412001_6058316476001-vs.jpg

Facebook ပေါ်မှာ အခုဆိုရင် Storm Area 51, They Can’t Stop All of Us ဆိုတဲ့ event တစ်ခုရှိနေပြီး going ပြုလုပ်ထားသူ (၆) သိန်းကျော်ခန့်အထိရှိလာတာကြောင့် အမေရိကန်ဒေသတွင်း မီဒီယာများသာမက ကမ္ဘာ့မီဒီယာများရဲ့ အာရုံစိုက်ခြင်းကိုခံလာရပြီဖြစ်ပါတယ်။ ဒီ event ဟာ ဟာသတစ်ခုအနေနဲ့ စတင်ပေါ်ပေါက်ခဲ့တာမှန်ပါတယ်။ Event ကို host လုပ်တဲ့ page ကလဲ meme page တစ်ခုဖြစ်ပြီး နာမည်ကိုက Shitposting cause im in shambles ဖြစ်ပါတယ်။

 

ဒီ event ကို host ပြုလုပ်သူဟာ meme များပြုလုပ်လေ့ရှိသူတစ်ဦးဖြစ်ပြီး Twitch မှာလဲ ဂိမ်းဆော့တာကို တစ်ခါတစ်လေ stream လုပ်တတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ သူစီစဉ်ထားတဲ့ operation မှာဆိုရင် သွားရောက်ရမယ့် သူများဟာ နာရူတိုစတိုင် နဲ့ အလွန်လျင်မြန်စွာပြေးရမှာ ဖြစ်ပြီး အစောင့်များပစ်မယ့် ကျည်ဆံများထက်မြန်အောင်ပြေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အကျအဆုံးအနည်းငယ်ရှိမှာဖြစ်ပေမဲ့ ဂြိုဟ်သား များကိုတွေ့ရတာတော့ တန်ပါတယ်လို့လည်းဆိုပါတယ်။

Area 51 ဆိုတာ ဘာလဲ

Area 51 ဆိုတာကတော့ အမေရိကန်နိုင်ငံ Las Vegas ကနေ မိုင် (၈၀) လောက်ရှိတဲ့ ကန္တာရအတွင်းက အထူးလျို့ဝှက် အမေရိကန်စစ်စခန်း တစ်ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့ လက်နက်အတော်အများကို အဆိုပါ နေရာမှာ တပ်ဆင်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဒီစခန်းကို သေသေချာချာ အစောင့်များ၊ အကာအကွယ်များ ချထားပါတယ်။ ဒီစခန်းကို စတင်တည်ဆောက်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော်ခန့် ရှိပြီဖြစ်ပေမဲ့ အထဲမှာ ဘာတွေလုပ်နေသလဲဆိုတာကို လျို့ဝှက်ချက်တစ်ခုအဖြစ်ထားပြီး အပြင်ကိုချပြခြင်း လုံးဝမရှိပါဘူး။ ဒါကြောင့် သူတို့ဟာ အထဲမှာ ထူးထူးဆန်းဆန်းအရာတွေလုပ်နေတယ်ဆိုပြီး conspiracy theory ပေါင်းများစွာရှိပါတယ်။

ဒီစခန်းနဲ့ပတ်သတ်ပြီး လက်ရှိသိထားရသလောက်ကတော့ သူဟာ အတော်လေးကို ကြီးမားပါတယ်။ ဧကပေါင်း (၂.၉) သန်းခန့်ကျယ်ဝန်းပြီး သူနဲ့ မိုင် (၅၀၀၀) ပတ်ဝန်းကျင်မှာ လေယာဉ်များ ပျံသန်းခွင့်မရှိပါဘူး။ သူဟာ အမေရိကန်လေတပ်တစ်ခုဖြစ်တဲ့ Nellis Air Force ရဲ့ အခြေစိုက်စခန်းဖြစ်ပြီး Nevada Test and Training Range (NTTR) ရဲ့ တည်ရှိရာနေရာလည်းဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးစစ်စခန်းတစ်ခုဆိုလည်း မမှားပါဘူး။

၁၉၅၅ ခုနှစ်မှာ အမေရိကန်လေတပ်က အဆိုပါစခန်းကို ဆောက်လုပ်ပြီးကတည်းကစလို့ နျူကလိယ လက်နက်ပေါင်းစုံစမ်းသပ်မှုပေါင်း ရာချီပြုလုပ်ခဲ့ပြီး လျို့ဝှက် stealth လယာဉ်မောင်းနှင်သူများအတွက်လည်း လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်ပါတယ်လို့ Livescience မှာ ဖော်ပြထားပါတယ်။

Conspiracy Theory များ

Area 51 နဲ့ပတ်သတ်ပြီး လူပြောအများဆုံး conspiracy သီအိုရီတစ်ခုကတော့ ဂြိုဟ်သားများပါပဲ။ ၁၉၄၇ ခုနှစ်အလယ်ပိုင်းတုန်းက နယူးမက္ကစီကိုပြည်နယ်၊ ရော့စ်ဝဲလ် အနီးမှာ ပန်းကန်ပြားပျံတစ်ခုပျက်ကျခဲ့ပြီး ပန်တဂွန်ဟာ မြန်မြန်ဆန်ဆန်လာရောက် သိမ်းစည်းသွားတယ်လို့ ဆိုပါတယ်။ ပန်းကန်ပြားပျံပေါ်မှာ ဂြိုဟ်သာ (၃) ကောင်ပါလာပြီး (၂) ကောင်က ပျက်ကျစဉ်မှာ ပွဲချင်းပြီးသေပြီးတော့ နောက်တစ်ကောင်ကတော့ ရှင်နေခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ ပန်းကန်ပြားပျံနဲ့ ဂြိုဟ်သားများရဲ့ အလောင်းကို Area 51 မှာ ထားရှိထားပြီးတော့ စမ်းသပ်မှုများပြုလုပ်နေတယ်လို့ Conspiracy သီအိုရီမှာ ပြောကြပါတယ်။ (အလင်းနှစ်များစွာဖြတ်သန်းပြီးတော့ ကမ္ဘာပေါ်ထိရောက်လာတဲ့ အလွန်နည်းပညာမြင့်မားသော ဂြိုဟ်သားများက ကမ္ဘာပေါ် ကောင်းကောင်းမွန်မွန်မဆင်းတတ်ဘဲ ပျက်ကျတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား)

အဆိုပါပျက်ကျတဲ့အရာဟာ လူအများထင်သလို ဂြိုဟ်သားတို့ရဲ့ ပန်းကန်ပြားပျံမဟုတ်ပဲ ရာသီဥတုတိုင်းတာတဲ့ weather balloon တစ်ခုသာဖြစ်တယ်လို့ အမေရိကန်အစိုးရက ၁၉၉၄ ခုနှစ်မှာ တရားဝင် ထုတ်ပြန်ကြေငြာထားပါတယ်။ ဒါပေမယ့် conspiracy သီအိုရီကို လက်ကိုင်ထားသူများကမယုံကြည်ဘဲ ဒါဟာ ဂြိုဟ်သားတို့ရဲ့ ပန်းကန်ပြားပျံသာဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒီသီအိုရီဟာ Area 51 မှာ အလုပ်လုပ်ခဲ့တယ်ဆိုသူတစ်ဦးက သိပ္ပံပညာရှင်များဟာ Area 51 မှာ ဂြိုဟ်သားများရဲ့ ပန်းကန်ပြားပျံကို reverse engineering နည်းနဲ့ လေ့လာနေတာကို သူကိုယ်တိုင် တွေ့မြင်ခဲ့တယ်လို့ သတင်းမီဒီယာများကို ပြောကြားခဲ့တဲ့ ၁၉၈၀ ပတ်ဝန်းကျင်စလို့ ခေတ်စားလာခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲစုံစမ်းမှုများအရ ထိုသူဟာ လူလိမ်တစ်ဦးသာဖြစ်ပါတယ်။ Area 51 ကို ဘယ်တုန်းကမှ ရောက်ဖူးခဲ့သူမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ဒီအချက်တွေကို သတိမထား၊ စိတ်မဝင်စားကြတော့ပဲ Conspiracy သီအိုရီကိုသာ လက်ကိုင်ထားကြပါတော့တယ်။

ဒါပေမယ့် ဒီ Area 51 စခန်းနဲ့ပတ်သက်ပြီး လျို့ဝှက်နက်နဲကာ ပဟေဠိအချို့ရှိတယ်ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို Facebook event ကြောင့် လူအများဟာ ဂြိုဟ်သားများကို မြင်ချင်ဇောနဲ့ စခန်းအနီးကို ချဉ်းကပ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ သေချာတာကတော့ အစောင့်များဟာ ကပ်လာသူကို ပစ်ခွင့်ရှိပါတယ်။

မကြာသေးခင်က tourist များလိုက်ပါလာတဲ့ SUV ဗန်တစ်စီးဟာ Area 51 ရဲ့ ကန့်သတ်နယ်မြေထဲကို ဝင်ရောက်ခဲ့တာကြောင့် ယာဉ်မောင်းအပါအဝင် စီးနင်းလိုက်ပါလာသာ (၄) ဦးစလုံးဟာ ဒေါ်လာ ၆၅၀ ဒဏ်ငွေဆောင်ခဲ့ရပါတယ်။ အဆိုပါ ယာဉ်မောင်းဟာ နောက် နှစ်အနည်းငယ်ကြာသည်အထိ အဆိုပါ ဒေသတစ်ဝိုက်မှာ tour တွေ လိုက်ပြခွင့်လည်း အပိတ်ခံခဲ့ရပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top