တကယ်လို့ စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာအာကာသစခန်း (International Space Station – ISS) ပေါ်မှာ ပထမဆုံးစိုက်ပျိုးမယ့် အသီးသီးသောအပင်များကို ရတော့မှာဖြစ်ပါတယ်။
နာဆာကသုတေသီများဟာ Española ဒေသထွက် ငရုတ်သီးပင်တစ်မျိုး (Capsicum annuum) ကို အာကာသအတွင်းပို့ဆောင်သွားမှာဖြစ်ပြီး အာကာသ အတွင်း အာကာသယာဉ်မှုးများစိုက်ပျိုးတဲ့ ပထမဆုံးအသီးအနှံတစ်မျိုးဖြစ်လာမယ်လို့သိရပါတယ်။

Española ဒေသထွက် ငရုတ်သီးပင်တစ်မျိုး (Capsicum annuum) ကို အာကာသအတွင်းပို့ဆောင်သွားမှာဖြစ်
အခုလို အာကာသစခန်းတစ်ခုအတွင်းစိုက်ပျိုးဖို့အတွက် အလွန်အမင်းလည်းမရှည်နိုင်သလို အဆိုပါအခြေအနေများမှာ ကောင်းမွန်စွာရှင်နိုင်မယ့် အပင် မျိုးစေ့ကို ရွေးချယ်ခဲ့ရခြင်းဖြစ်တယ်လို့ နာဆာမှ အပင်ပိုင်းဆိုင်ရာ ပညာရှင် Ray Wheeler က ပြောကြားခဲ့ပါတယ်။ အာကာသယာဉ်မှုးများ ကလည်း စပ်ပြီးအရသာရှိတဲ့ အစားအစာများကို တောင့်တနေခဲ့တာကြာပြီဖြစ်တာကြောင့် အခုလိုရွေးချယ်မှုဟာ သူတို့အတွက်လည်း ပျော်ရွှင်စရာတစ်ခု ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ်။ ပြီးတော့ ငရုတ်ကောင်းအတော်အများဟာ အာကာသဆေးဝါးတစ်မျိုးဖြစ်တဲ့ ဗီတာမင်စီလည်း ကြွယ်ဝကြတယ်လို့ သိရပါတယ်။

ကောင်းမွန်စွာရှင်နိုင်မယ့်အပင်မျိုးစေ့ကို ရွေးချယ်ခဲ့ရခြင်းဖြစ်တယ်လို့ နာဆာမှ အပင်ပိုင်းဆိုင်ရာ ပညာရှင် Ray Wheeler က ပြောကြားခဲ့
ငရုတ်ကောင်းအမျိုးအစားပေါင်း ထောင်ချီရှိတဲ့အထဲမှာမှ အခုလို Española ငရုတ်ကောင်းကို ရွေးချယ်ခဲ့ရခြင်းဟာ သူတို့က အလွန်မြင့်မားတဲ့နေရာများ မှာပေါက်တဲ့ အပင်များဖြစ်တဲ့အပြင် ပျိုးထောင်ဖို့မြန်ဆန်ခြင်း၊ ဝတ်မှုံကူးဖို့လွယ်ကူခြင်းတို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
တကယ်တော့ အာကာသယာဉ်မှုးများဟာ အာကာသအတွင်း သစ်ပင်များစတင်စိုက်ပျိုးနေတာ ၁၉၈၂ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ဆိုဗီယက် Salyut (7) အာကာသယာဉ်ပေါ်မှ အာကာသယာဉ်မှုးများဟာ Arabidopsis အပင်ကို စတင်စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပါတယ်။

အာကာသယာဉ်မှုးများဟာ အာကာသအတွင်း သစ်ပင်များစတင်စိုက်ပျိုးနေတာ ၁၉၈၂ ခုနှစ်ကတည်းကဖြစ်ပါတယ်
ရုရှားအာကာသယာဉ်မှုးများဟာ သူတို့ကိုယ်တိုင် အာကာသယာဉ်ပေါ်မှာပြုလုပ်တဲ့အစားအသောက်များကို ၂၀၀၃ ခုနှစ်ကတည်းက စတင်စားသုံးနေကြတာ ဖြစ်ပေမဲ့ အမေရိကန်အာကာသယာဉ်မှုးများဟာ ၂၀၁၅ ခုနှစ်ကမှ သူတို့ကိုယ်ပိုင်ဆလတ်ရွက်များကို ISS ပေါ် ယူဆောင်စားသောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ISS ပေါ်မှာ အရွက်အမျိုးမျိုးကို စိုက်ပျိုးစားသုံးနေကြပြီဖြစ်ပြီး ဆလတ်ရွက်၊ တရုတ်ဂေါ်ဖီထုတ်နဲ့ ပဲစေ့များလည်း ပါဝင်ပါတယ်။

အနာဂတ်မှာ လူသားတို့ မားစ်ပေါ်သွားရောက်နယ်ချဲ့မယ့်အစီအစဉ်အတွက် တစ်ထောင့်တစ်နေရာကပါဝင်တဲ့ plan တစ်ခုလည်းဖြစ်
ဒီအချက်ဟာ အနာဂတ်မှာ လူသားတို့ မားစ်ပေါ်သွားရောက်နယ်ချဲ့မယ့်အစီအစဉ်အတွက် တစ်ထောင့်တစ်နေရာကပါဝင်တဲ့ plan တစ်ခုလည်း ဖြစ်ပါတယ်။ မားစ်ကိုသွားရောက်ဖို့အတွက်ဆိုရင် (၆) လကနေ (၁) နှစ်အတွင်းကြာနိုင်ပြီး အဲဒီခရီးစဉ်မှာ ပါဝင်သွားမယ့်အာကာသယာဉ်မှုးများဟာ လတ်လတ်ဆတ်ဆတ်အစားအသောက်များကိုစားနိုင်ဖို့အတွက် စိုက်ပျိုးခြင်းကအရေးပါပါလိမ့်မယ်။ ပြီးရင် မားစ်ပေါ်မှာနေထိုင်ခြင်းနဲ့ ပြန်လာတဲ့ လမ်းခရီးစဉ်တို့လည်းရှိသေးတဲ့အတွက် အစားအသောက်ဆိုတာဟာ ရှင်သန်နိုင်ဖို့အတွက် အဓိကနေရာကနေ စဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ မားစ်ကိုသွားဖို့အတွက် ဒုံးပျံများကိုတီထွင်နိုင်ပေမဲ့ လမ်းခရီးမှာစားသောက်မယ့်အရာများကို မစီစဉ်နိုင်ဘူးဆိုရင်အလကားပါပဲလို့ နာဆာမှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Jacob Torres က ပြောကြားခဲ့ပါတယ်။
အခုဆိုရင် သုတေသီများဟာ အာကာသအတွင်းမှာ အသီးအနှံပေါင်းစုံကိုစိုက်ပျိုးနိုင်ဖို့အတွက်ကြိုးပမ်းနေကြပြီး အဓိကအားဖြင့် အာဟာရနဲ့ ဗီတာမင်ဓာတ် များလည်းကြွယ်ဝမယ့်အရာများကို ပိုမိုအာရုံစိုက်နေတယ်လို့သိရပါတယ်။
ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Ref: Curiosity
Team (ရိုးရာလေး)