UFO တွေနဲ့ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းနေခဲ့ကြောင်း အမေရိကန်စစ်တပ်ဝန်ခံ

ufo.jpg

New York Post ရဲ့ ဖော်ပြချက်အရ အမေရိကန်စစ်တပ်ဟာ UFO တွေနဲ့ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းခဲ့တယ်လို့ Pentagon စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ခံသွားခဲ့ပါတယ်။

အမေရိကန်စစ်တပ်ဟာ UFO တွေနဲ့ပတ်သက်ပြီး လျှို့ဝှက်စုံစမ်းခဲ့တယ်လို့ Pentagon စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဝန်ခံသွားခဲ့

အမေရိကန်အစိုးရဟာ AATIP (Advanced Aerospace Threat Identification Program) ဆိုတဲ့ UFO တွေအကြောင်း အဓိကလေ့လာစုံစမ်းတဲ့အစီအစဉ်ကို လျှို့ဝှက်လုပ်ဆောင်ခဲ့တာပါ။ ဒီလျှို့ဝှက်အစီအစဉ်အရ UFO တွေကို မျက်မြင်ကိုယ်တွေ့ သက်သေတွေနဲ့အတူ စုံစမ်းစစ်ဆေးမှုတွေပါ ပေါင်းစပ်ပြီး လေ့လာဖော်ထုတ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ (၂၀၁၇) ခုနှစ်မှာ လူသိရှင်ကြားဖြစ်ခဲ့ပြီး (၂၀၁၂) ခုနှစ်မှာ ရပ်တန့်သွားခဲ့ပြီးဖြစ်တယ်လို့ သတင်းထွက်ရှိလာခဲ့ပေမဲ့ လက်ရှိအချိန်ထိ စုံစမ်းမှုတွေကို တိတ်တဆိတ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဂြိုဟ်သားတွေစီးနင်းလာတဲ့နည်းပညာမြင့်ယာဉ်ပျံတွေ၊ ဒါမှမဟုတ် အမျိုးအမည်မသိ ပျံသန်းနိုင်တဲ့အရာဝတ္ထုတွေဟာ ကမ္ဘာမြေပေါ် တကယ်ပဲရောက်ရှိလာခဲ့သလား

ဂြိုဟ်သားတွေစီးနင်းလာတဲ့နည်းပညာမြင့်ယာဉ်ပျံတွေ၊ ဒါမှမဟုတ် အမျိုးအမည်မသိ ပျံသန်းနိုင်တဲ့အရာဝတ္ထုတွေဟာ ကမ္ဘာမြေပေါ် တကယ်ပဲရောက်ရှိလာခဲ့သလားဆိုတာ အမေရိကန်ဘက်က ဘယ်တော့မှထုတ်မပြောဘဲ သိုသိပ်ဖုံးဖိထားခဲ့ပေမဲ့ အခုလို UFO တွေအကြောင်း စုံစမ်းလေ့လာနေတယ်လို့ ဝန်ခံလာခဲ့တာဟာ အံ့အားသင့်စရာလည်း ဖြစ်နေခဲ့ပါတယ်။

အမျိုးအမည်မသိထူးဆန်းတဲ့အရာတွေဟာ ရုရှားရဲ့အထူးအဆင့်မြင့် လေယာဉ်တွေဖြစ်နိုင်ချေရှိတာကြောင့်လည်း အမေရိကန်အနေနဲ့ နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်နေရဆဲ

တစ်ဘက်မှာလည်း အဲဒီအမျိုးအမည်မသိထူးဆန်းတဲ့အရာတွေဟာ ရုရှားရဲ့အထူးအဆင့်မြင့် လေယာဉ်တွေဖြစ်နိုင်ချေရှိတာကြောင့်လည်း အမေရိကန်အနေနဲ့ နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်နေရဆဲဖြစ်ပါတယ်။

Ref: Dailymail ” Pentagon finally admits it investigated UFOs as part of secretive initiative shuttered in 2012″
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top