ဘဲမိခင်ရဲ့ ကျောပေါ်မှာ ဘဲသားပေါက်လေး ၁၆ ကောင် လိုက်စီးနေတဲ့ပုံကို အင်္ဂလန်နိုင်ငံသား မက်ခ်ခရင်းစ်က ရိုက်ကူးခဲ့တာပါ။ ဒီပုံကို အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း ရော့ခ်ျဒါလီမြို့အနီးက ရေကန်တစ်ကန်မှာ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
ဒီပုံနဲ့ပတ်သက်ပြီး ဒေးလီးမေးလ် သတင်းစာက ကလေးများတဲ့ မိသားစုကြီးတစ်စု တည်ထောင်ဖို့ မလွယ်ကူပေမယ့် မိခင်မေတ္တာဟာ အကန့်အသတ် မရှိဘူးဆိုတဲ့ဆိုတာကို
ဖော်ကျူးနေတယ်လို့ ရေးသားထားပါတယ်။
မက်ခ်ခရင်းစ်က ”မိခင်ဘဲမကြီးရဲ့ ကျောပေါ်မှာ ဘဲသားပေါက်လေး ဘယ်နှစ်ကောင် လိုက်စီးနေလဲလို့ ရေမိတဲ့အချိန်မှာ ဒီလောက်တောင် များရသလားလို့ ကျွန်တော် မယုံနိုင်အောင်ဖြစ်သွားတယ်။ ပုံမှန်အားဖြင့် ဆိုရင် ဘဲတွေက ကင်မရာထုတ်လိုက်တာနဲ့ အဝေးကို ထွက်ပြေးသွားတတ်ကြပါတယ်။ ဒီအတွက်ကြောင့် အဲဒီပုံကို ရိုက်နိုင်ခဲ့တာ အရမ်းထူးခြားပါတယ်” လို့ ပြောပါတယ်။
ဘဲတွေဟာ သာမန်အားဖြင့် ဥ ၁၂လုံးအထိ ဥတတ်ပေမယ့် ဘဲသားပေါက် ၁၆ ကောင်အထိ ရှိတာကတော့ သာမန်ထက် များတယ်လို့ ဒေးလီးမေးလ် သတင်းစာက
ဖော်ပြထားပါတယ်။