ပြန်သုံးလို့ရတဲ့ လစဉ်သုံးပစ္စည်း တီထွင်ခဲ့သူကို တစ်နှစ်တာသူရဲကောင်းဆု ချီးမြှင့်

yyl-023-7.jpg

ပြန်သုံးလို့ရတဲ့ လစဉ်သုံးပစ္စည်း ဖန်တီးပေးနိုင်ခဲ့လို့ အီသီယိုးပီးယားနိုင်ငံသူ ဓာတုအင်ဂျင်နီယာ မီဘရာတူကို CNN သတင်းဌာနက တစ်နှစ်တာသူရဲကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသက မိန်းကလေးငယ်တွေဟာ မီဘရာတူရဲ့ ကျေးဇူးကြောင့် ကျောင်းဆက်နေခွင့် ရရှိခဲ့ပါတယ်။ ပြန်သုံးလို့ရတဲ့ လစဉ်သုံးပစ္စည်း စတင်ထုတ်လုပ်ချိန်မှာ လူတွေက သူ့ကို ရယ်စရာလုပ်ခဲ့ကြတယ်လို့ မီဘရာတူက ပြောပါတယ်။

”တိုင်ဂရေးဒေသမှာနေတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက ဓမ္မတာလာတဲ့အခါ ကြမ်းပေါက်ဖောက်ပြီး ထိုင်နေရတယ်လို့ ကျွန်မကို ပြောကြတယ်။ အဲဒီလိုကြားရတော့ ကျွန်မ တုန်လှုပ်မိတယ်”လို့ မီဘရာတူက ပြောပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပြန်သုံးလို့ရတဲ့ လစဉ်သုံးပစ္စည်း ဒီဇိုင်းဖန်တီးပြီး မူပိုင်ခွင့်တင်ခဲ့တဲ့ မီဘရာတူဟာ တစ်နှစ်ကို ပြန်သုံးလို့ရတဲ့ လစဉ်သုံးပစ္စည်း ၇၀၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ မီဘရာတူ ထုတ်လုပ်တဲ့ လစဉ်သုံးပစ္စည်း ၈၀ ရာခိုင်နှုန်းကို အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက ဝယ်ယူကြပြီး အီသီယိုးပီးယား အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အခမဲ့ဖြန့်ဖြူးပေးပါတယ်။ မီဘရာတူဟာ အခုလိုဆုရတဲ့အတွက် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top