ယူကေရဲ့ ဆယ်စုနှစ်ဂီတပညာရှင်ဖြစ်လာခဲ့တဲ့ အက်ဒ်ရှီရန်

yyl-043-5.jpg

ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန် (Ed Sheeran) ဟာ အောင်မြင်မှုတွေ အလီလီဆွတ်ခူးပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာ ယူကေရဲ့နံပါတ်တစ် ဆယ်စုနှစ်ဂီတပညာရှင်ဖြစ်လာခဲ့ပါပြီ။

အက်ဒ်ရှီရန်က ၂၀၁၀-၂၀၁၉ခုနှစ်က တစ်ကိုယ်တော်သီချင်းတွေနဲ့ အယ်လ်ဘမ်တွေက နံပါတ် (၁) ရရှိခဲ့တဲ့အတွက် “Official Chart Record Breaker” ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူ ထွက်ရှိခဲ့တဲ့ သီချင်းတွေက ဗြိတိန်ရဲ့တစ်ပတ်စာဂီတစာရင်းမှာ (၇၉) ပတ်လောက် ရှိနေခဲ့တာဖြစ်ပါတယ်။ အရင်က အဲဒီဆုကို ရရှိခဲ့သူတွေက ပေါလ် မက်ကာနေး (Paul McCartney) နဲ့ ဂျက်စတင်ဘီဘာ (Justin Bieber) တို့ပါပဲ။

အက်ဒ်ရှီရန်က ပွဲဦးထွက်တစ်ကိုယ်တော်သီချင်း “The A Team” နဲ့ ၂၀၁၁ခုနှစ် UK ဂီတဇယားထဲ ပထမဆုံးပါဝင်လာခဲ့ပါတယ်။ အဲဒီကတည်းက သူဟာ နံပါတ် (၁) ဖြစ်ခဲ့တဲ့ တစ်ကိုယ်တော်သီချင်း (၈) ခုရှိခဲ့သလို သူ့ရဲ့အယ်လ်ဘမ် (၄) ခုကလည်း ဗြိတိန်ဂီတဇယားရဲ့ ထိပ်ဆုံးနေရာတွေရောက်ခဲ့ပါတယ်။

“ကျွန်တော်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက အားပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်တော့ရဲ့လေးစားစရာကောင်းတဲ့ ပရိသတ်တွေကို။ ဒါကတော့ နောက် (၁၀) နှစ်အတွက်ပါ” လို့ အက်ဒ်ရှီရန်က ပြောပါတယ်။

နာမည်ကြီးသီချင်း”Shape of You” သီချင်းကလည်း ၂၀၁၇ခုနှစ်မှာ (၁၄) ပတ်လုံးလုံး နံပါတ် (၁) နေရာရောက်ရှိခဲ့တဲ့အတွက် Official Charts Companyရဲ့ နာမည်ကြီးဆယ်စုနှစ်သီချင်း (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ပါဝင်လာခဲ့ပါတယ်။ အက်ဒ်ရှီရန်ရဲ့ နောက်ထပ်သီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Thinking Out Loud” နဲ့ “Perfect”တို့ကလည်း အဲဒီစာရင်းရဲ့ထိပ်ဆုံး (၁၀) ခုထဲပါဝင်ခဲ့တဲ့အပြင် အယ်လ်ဘမ် (၃) ခုကလည်း ထိပ်ဆုံး (၁၀) ခုစာရင်းထဲဝင်အောင်လုပ်နိုင်ခဲ့ပါတယ်။

Ref: Ed Sheeran takes the crown for UK’s artist of the decade

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top