ချစ်သူတွေဖြစ်သွားပြီ ဆိုတဲ့ Suzy နဲ့ Lee Dong Wook

hjsrh_1490061707.jpg

ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး မင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ လီဒေါင်ဝတ် (Lee Dong Wook) နဲ့ ကေပေါ့ပ် ကြိုက်နှစ်သက်သူတွေကြား ရေပန်းစားနေတဲ့ မင်းသမီး ဆူဇီ (Suzy) တို့ နှစ်ဦးသား ချစ်သူတွေ ဖြစ်သွားကြပါပြီတဲ့။

သူတို့နှစ်ဦး တွဲနေကြပြီဖြစ်ကြောင်း သတင်းမီဒီယာ တစ်ခုက ဖော်ပြထားပါတယ်။ အသက် ၁၃ နှစ်တောင် ကွာပြီး ဦးနဲ့သမီး စုံတွဲလို့တောင် ပြောလို့ရတဲ့ သူတို့နှစ်ဦး ချစ်သူဖြစ်သွားတာ မကြာသေးပါဘူး။

Cheondamdong မှာ သူတို့ နှစ်ဦးသား တိတ်တိတ်လေး ဒိတ်လုပ်နေတာကို မျက်မြင်တွေ့တယ်လို့  TV သတင်းတစ်ခုက ဖော်ပြထားပါတယ်။ ပတ်ဝန်းကျင်ကလူတွေ သတိမထားမိအောင် လျှို့ဝှက်ဒိတ်လုပ်ကြပေမဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို  ကြာကြာ မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။

Suzy ရဲ့ ပွင့်လင်းသွက်လက်တဲ့ အပြုအမူတွေမှာ မင်းသားချော Lee Dong Wook တစ်ယောက် နစ်မျောသွားတာလား။ ဒါပေမဲ့ ၂၀၁၂ က ပြုလုပ်ခဲ့တဲ့ Strong Heartအစီအစဉ်မှာတုန်းကလည်း Suzy က သူသဘောကျတဲ့ ယောက်ျားလေးပုံစံက Lee Dong Wook လိုပါ ဆိုပြီး ပြောခဲ့ပါသေးတယ်။

Lee Dong Wook ရဲ့ အေဂျင်စီဖြစ်တဲ့ King Kong Entertainmentက သူတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ Suzy က လီမင်ဟိုနဲ့ ဇာတ်လမ်းတွေ ထွက်ခဲ့တဲ့အချိန်တည်းက လီမင်ဟိုရဲ့ ပရိသတ် နှုတ်ခမ်းနီမလေးတွေရဲ့ မျက်မုန်းကျိုးမှုကို တခဲနက် ရရှိထားတာဆိုတော့ ဒီတစ်ခါမှာရော Arrrjushi ကြီးရဲ့ ပရိသတ်တွေ တုန့်ပြန်မှုက ဘယ်လိုတွေလဲ စောင့်ကြည့်ရမှာပါ။

Ref : koreaboo.com

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top