၂၀၂၀ ခုနှစ်တွင် ကမ္ဘာကျော် နာမည်ကြီး စီးပွားရေး လုပ်ငန်းများနှင့် မဟာဗျူဟာ မိတ်ဖက်ခဲ့သည့် ONE Championship

chatri-sityodtong01.jpg

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အဆင့် အားကစားဆိုင်ရာ မီဒီယာ အဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ၎င်း၏ မဟာဗျူဟာ မိတ်ဖက် စီးပွားရေးကုမ္ပဏီများကို ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်း မိတ်ဖက် စီးပွားရေး လုပ်ငန်းများထဲတွင် JBL, TUMI, RedBull, Lazada, DBS Bank, Foodpanda, Hugo Boss, Harvey Norman, Secretlab, California Fitness, Kredivo, Reckitt Benckiser နှင့် Unilever တို့အပြင် အခြား လုပ်ငန်းများစွာ ပါဝင်လျက်ရှိသည်။

၎င်းမဟာဗျူဟာ စီးပွားရေး မိတ်ဖက်များသည် ONE Championship နှင့် ONE Esports တို့၏ ကိုယ်ခံပညာ ပြိုင်ပွဲများနှင့် အီလက်ထရောနစ် အားကစားဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်။ အဆိုပါ စီးပွားရေးမိတ်ဖက်များသည် စီးပွားရေး၊ ကိုယ်ခံပညာ နှင့် အီလက်ထရောနစ် အားကစား အသိုက်အဝန်းတို့တွင် ပြိုင်ဘက်ကင်းသည့် ပေါင်းစည်းမှု အကျိုးရလဒ်အဖြစ်များစွာသော ကဏ္ဍများတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်ဖြစ်သည်။

ONE Championship အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကိုယ်ခံပညာ အားကစားပြိုင်ပွဲနှင့် အီလက်ထရောနစ် အားကစားပွဲပေါင်း အနည်းဆုံး ၅၀ ကျော်ကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ ထုတ်လွှင့်နိုင်ရန် အဆင်သင့်အနေအထား ဖြစ်နေပြီး ယခင်နှစ်ကထက် ပိုမိုကောင်းမွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်လာရန် ကြိုးပမ်းကြမည်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းကို စစ်မှန်သည့် ကိုယ်ခံပညာ အားကစားရသများကို ပြသပေးမည်ဟု ကတိကဝတ်ပြုထားသည့် ONE Championship သည် အလားအလာ ရှိသည့် အားကစား တိုက်ရိုက်ထုတ်လွှင့်သည့်ကဏ္ဍများနှင့် ကမ္ဘာ့ အားကစားဆိုင်ရာဈေးကွက်များ အားလုံးကို အသုံးချသည်။

ကျယ်ပြန့်လှသော စီးပွားရေးနှင့် မီဒီယာကွန်ရက်တို့၏ အရှိန်အဟုန်ဖြင့် တည်ဆောက်ထားသည့် ONE Championship အဖွဲ့အစည်းသည် တစ်ဟုန်ထိုး တိုးတက်ဖွံ့ဖြိုးနေသည့် အသိုက်အဝန်းနှင့်အတူ စံချိန်တင် မီဒီယာ မက်ထရစ်၊ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော စားသုံးသူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလျက်ရှိသည်။

“ONE Championship အနေနဲ့ ထိပ်တန်းကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တည်ဆောက်နိုင်ဖို့ စိတ်အား ထက်သန် ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြင့်မြတ်သော လူသားဆန်မှု ပြယုဂ်ကို ကိုယ်ခံပညာနဲ့ အီလက်ထရောနစ် အားကစား ပလက် ဖောင်းများမှတစ်ဆင့် ဖော်ထုတ်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်တိုင်းဟာ သဟဇာတဖြစ်ပြီး ပြီးပြည့်စုံသော တီထွင်ဆန်းသစ်မှု၏ ယဉ်ကျေးမှု ကို မျှဝေခံစားပြီး ကျွန်တော်တို့ ONE Championship ၏ ရည်မှန်းချက် ပန်းတိုင်ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ ကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်၊ ခွန်အား၊ အိပ်မက်၊ စေ့ဆော်မှုတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ကစားသမားများရဲ့ ထူးခြားကောင်းမွန်ရင်ခုန်ဖွယ်ရာ အဖြစ် အပျက်များနဲ့ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ပရိသတ်များရဲ့ အာရုံကို ဖမ်းစားထားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။” ဟု ONE Chairman နှင့် CEO ဖြစ်သူ Chatri Sityodtong က ပြောကြားခဲ့သည်။

“The ONE Esports Dota 2 Singapore World Pro Invitational ပြိုင်ပွဲဟာ အရမ်းကို အောင်မြင်မှု ရရှိခဲ့တဲ့ ပြိုင်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ဟာ အီလက်ထရောနစ် အားကစား အသိုင်းအဝန်းနဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေး မိတ်ဖက်များကို အံ့အားသင့်ဖွယ် အတွေ့အကြုံတွေ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ဒီပွဲကို လာရောက်ကြည့်တွရှုခဲ့သူတွေကို စစ်တမ်းကောက်ယူကြည့်ခဲ့ရာမှာ ၈၈ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ရှိသူတွေဖြစ်ပြီး ဒီထဲက ၉၆ ရာခိုင်နှုန်းက နောက်တစ်ကြိမ် ပြုလုပ်မယ့် ONE Esports ပြိုင်ပွဲကို ထပ်မံလာရောက် အားပေးမယ်လို့ ဖြေခဲ့ကြပါတယ်။ ၈၄ ရာခိုင်နှုန်းကတော့ ONE Esports ပြိုင်ပွဲကို ထောက်ပံ့ပေးခဲ့တဲ့ ကုန်အမှတ်တံဆိပ် ပစ္စည်းတွေကို ဝယ်ယူအားပေးချင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ဒီလိုရရှိထားတဲ့ အရှိန်အဟုန်နဲ့ အတူ ဧပြီလမှာ ပြုလုပ်မယ့် ONE Esports Dota 2 Jakarta Invitational ပြိုင်ပွဲနဲ့ ဇွန်လမှာ ကျင်းပမယ့် ONE Esports Singapore Major ပြိုင်ပွဲတွေနဲ့ ရှေ့ကို ဆက်လက်ချီတက်သွားပါမယ်” ဟု ONE Esports ၏ CEO ဖြစ်သူ Carlos Alimurung က ပြောကြားခဲ့သည်။

“ONE Esports ရဲ့ စင်ကာပူနဲ့ ဂျကာတာမှာ ကျင်းပမယ့် Dota 2 World Pro Invitational နဲ့ စင်ကာပူမှာ ပြုလုပ်မယ့် the Dota 2 Major ပြိုင်ပွဲတွေမှာ မိတ်ဖက်အဖြစ် ပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ တရားဝင် အသံပိုင်း မိတ်ဖက် တစ်ဦးအနေနဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆုရှိ ထားတဲ့ အသံပိုင်းဆိုင်ရာ ထုတ်ကုန် ပစ္စည်းတွေနဲ့ လူတိုင်းဟာ သူတို့ ဂိမ်းကစားနေစဉ်နဲ့ ဘဝအချိန်ကို JBLရဲ့ အကောင်းဆုံးအသံပိုင်းဆိုင်ရာ အတွေ့အကြုံ တွေ လွှမ်းခြုံပေးနိုင်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှား ကျေနပ်မိပါတယ်” ဟု Lifestyle Audio Division of Asia Pacific, JBL ၏ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ Grace Koh က ပြောကြားခဲ့သည်။

“ONE Esports ပြိုင်ပွဲတွေမှာ မိတ်ဖက်အဖြစ် ပါဝင်ခွင့်ရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒီကာလဟာ အီလက်ထရောနစ် အားကစား အတွက် အလွန်ထူးခြားတဲ့ အချိန်တစ်ခုဖြစ်ပြီး မိတ်ဖက် ကုန်အမှတ်တံဆိပ် နှစ်ဖက်လုံးအတွက် ထူးခြားဆန်းသစ်သော အလားအလာကောင်းများကို ဖွင့်ပေးထားတဲ့ ထူးခြားဆန်းသစ်တဲ့ မိတ်ဖက် လှုပ်ရှားမှုပါပဲ။ အီလက်ထရောနစ် အားကစားသမားတွေအနေနဲ့ အမြဲတစေ နိုင်ငံတကာကို ခရီးသွားလာ နေရာမှာ ခရီးသွားကိစ္စအတွက် ပူပင်သောက ရောက်နေစရာမလိုတော့တာကြောင့် သူတို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ ကမ္ဘာ့အဆင့် လက်စွမ်းတွေ ကိုသာ ပိုမိုအာရုံစိုက်ဖို့ အခွင့်အလမ်းရရှိသွားပါတယ်။ TUMI အနေနဲ့ ယုံကြည်စိတ်ချရပြီး လိုက်လျောညီထွေဖြစ်စေတဲ့အပြင် သုံးစွဲသူလိုအပ်ချက်နဲ့ သင့်တော်ကိုက်ညီတဲ့ ထုတ်ကုန်များ ဖြစ်စေဖို့ စနစ်တကျ ဒီဇိုင်းရေးဆွဲထားတာကြောင့် သုံးစွဲသူတွေအတွက် စိုးရိမ်ကြောင့်ကြမှုများကို လျော့ကျစေပါ တယ်။ ကျွန်တော်တို့ဟာ အနာဂတ်လူငယ်တွေဖြစ်တဲ့ အားကစားသမားနဲ့ ပရိသတ်တွေနဲ့အတူ ပြည့်စုံကောင်းမွန်တဲ့ ခရီးတစ်ခုကို အတူတကွ ဖန်တီးကြဖို့ စိတ်အားထက်သန်နေပါတယ်။ ဒီခရီးစဉ် တစ်လျှောက်မှာလည်း ပျော်စရာတွေ ကြုံတွေရပါလိမ့်မယ်” ဟု TUMI Greater China, APAC Distribution and Travel Retail ၏ အထွေထွေမန်နေဂျာ Adam Hershman က ပြောကြားခဲ့သည်။

“ DBS Bank အနေနဲ့ ONE Esports Dota 2 World Pro Invitational series တွေမှာ တရားဝင် ဘဏ် မိတ်ဖက် ပြုလုပ်ခွင့်ရတဲ့ အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ်။ အီလက်ထရောနစ် အားကစားနည်းဟာ စင်ကာပူနိုင်ငံနဲ့ အာရှတိုက်ဒေသဆိုင်ရာ တစ်လျှောက် ရေပန်းစားတဲ့ အားကစားနည်း တစ်ရပ်ဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့ ဘဏ်ကဒ်အသုံးပြုသူတွေထဲက Game တွေကို ဝါသနာပါသူတွေအနေနဲ့ DBS Live Fresh Card နဲ့အတူ သူတို့ကြိုက်တဲ့ ကစားသမားတွေ ကို အားပေးနိုင်မှာ ဖြစ်သလို အထူးအခွင့်အရေးတွေလည်း ခံစားနိုင်တော့မှာပါ” ဟု DBS Bank ၏ Head of Payments & Platforms ဖြစ်သူ Anthony Seow က ပြောကြားခဲ့သည်။

အီလက်ထရောနစ် ကုန်သွယ်မှုနှင့် ဈေးဝယ်အပန်းဖြေမှု ပလက်ဖောင်းတွင် ဒေသတွင်းဦးဆောင်နေသည့် Lazada အနေဖြင့် ဂိမ်းကစားသူများနှင့် ဈေးဝယ် သူ နှစ်မျိုးစလုံးအတွက် လူမှုအသိုင်းအဝန်းကြီးတစ်ခု ဖန်တီးစုစည်းနိုင်မည့် အမျိုးမျိုးသော အစပျိုးလုပ်ဆောင်မှုများ ပံ့ပိုးခြင်း၊ ဒေသတွင်း အီလက်ထရော နစ် အားကစားနှင့် ဂိမ်းကစားခြင်း ဖွံ့ဖြိုးရေးအတွက် အလားအလာ ကြီးကြီးမားမားကို Lazada တွင် မြင်တွေ့နေရသည်။

“ONE Esports Dota 2 Singapore World Pro Invitational အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ONE Esports ရဲ့ မိတ်ဖက်အနေနဲ့ ခေါ်ယူပေးနိုင်ခဲ့တာကို အရမ်းကျေနပ်အားရမိပါတယ်။ ဒေသတွင်းမှာရှိတဲ့ ဂိမ်းဝါသနာပါတဲ့ ပရိသတ်တွေအနေနဲ့ App ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ဖို့လည်း မျှော်လင့်ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂိမ်း အသိုင်းအဝိုင်းအတွက် Backstage Tours လိုမျိုး၊ အစီအစဉ်တွေနဲ့ ဂိမ်းဝါသနာပါသူတွေကို ကမ္ဘာ့ ထိပ်တန်း အီလက်ထရောနစ် အားကစားအသင်းတွေနဲ့ တွေ့ဆုံစေတာမျိုး လုပ်ပေးဖို့ရှိပါတယ်။ ဒီလိုအတွေ့အကြုံတွေဟာ ငွေနဲ့ဝယ်ယူလို့ မရနိုင်ပါ ဘူး” ဟု Lazada Singapore ၏ Chief Marketing Officer Michelle Yip က ပြောဆိုခဲ့သည်။

“ ONE ဟာ ယနေ့ခေတ် အာရှသမိုင်းမှာ အကြီးမားဆုံး ကမ္ဘာ့အဆင့် အားကစား မီဒီယာ အဖွဲ့အစည်းပါ။ သူတို့ရဲ့ ကြီးမားလှတဲ့ အားကစားပြိုင်ပွဲတွေ၊ ထုတ်ကုန်တွေ၊ သတင်းအကြောင်းအရာများကြောင့်လည်း ထူးချွန်တဲ့ ကစားသမားတွေကို အများအပြား မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အီလက်ထရောနစ် အားကစားဟာ ဒီနေ့ခေတ်မှာ အလွန်ဖွံ့ဖြိုးနေပါပြီ။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ကြိုးစားမှုတွေကို ဖွံ့ဖြိုးနေတဲ့ အီလက်ထရောနစ် အားကစားနဲ့ ဂိမ်းကစား ခြင်းမှတစ်ဆင့် အာရှကနေ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်တွေထံကို ပံ့ပိုးကူညီပေးချင်ပါတယ်။ ONE အနေနဲ့ အီလက်ထရောနစ် အားကစားသမား များကို လည်း ONE Championship ရဲ့ အားကစားသမားတွေလိုပဲ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး အစွမ်းပြခွင့်တွေပေးချင်ပါတယ်။ နောက်ပြီး သူတို့ ကစားပွဲအတွက် အကောင်းဆုံးပစ္စည်းတွေလည်း တတ်နိုင်သလောက် အသုံးပြုဖို့လည်း လိုအပ်ပါတယ်” ဟု Secretlab ၏ CEO and Co-founder Ian Alexander Ang က ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top