ကိုဘီ ဘရိုင်ယန်နဲ့ပတ်သက်ပြီး အမြဲတမ်းသတိတရဖြစ်နေမယ့်အရာ (၅) ခု

yyl-029-16.jpg

အမေရိကန် ဂန္တဝင်ဘတ်စကက်ဘောကစားသမား ကိုဘီ ဘရိုင်ယန် (Kobe Bryant) သေဆုံးခဲ့တဲ့သတင်းက တစ်ကမ္ဘာလုံးကလူတွေကို တုန်လှုပ်စေခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုက သူ့သမီး ဂီယန်နာအပါအဝင် လူ (၈) ဦး သေဆုံးသွားစေခဲ့တာပါ။ အခုဆို ကိုဘီ ဘရိုင်ယန်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေကလည်း ပန်းချီတွေဖန်တီးခဲ့ကြပါတယ်။ ဒီအကြောင်းအရာကနေ ကိုဘီ ဘရိုင်ယန်အကြောင်းကို ကမ္ဘာတစ်ဝှမ်းကလူတွေ အမြဲတမ်းသတိရနေမယ့်အရာတွေကိုလည်း စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

၁ ကိုဘီ ဘရိုင်ယန်က ဂန္တဝင်အာကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်

ကိုဘီ ဘရိုင်ယန်က အကောင်းဆုံး ဘတ်စကတ်ဘောကစားသမားတွေထဲက တစ်ယောက်အဖြစ် မှတ်ယူခံထားရပါတယ်။ သူဟာ Most Valuable Player Award၊ အိုလံပစ်ရွှေတံဆိပ်ဆု တွေအပါအဝင် ဆုများစွာရရှိခဲ့ပါတယ်။ သူက ဘတ်စကတ်ဘောအသင်းမှာ ကျောနံပါတ် (၈) နဲ့ (၂၄) တို့ကိုတောင် ရရှိခဲ့ပါတယ်။

၂ သူ့ရဲ့မိသားစုကို နှစ်နှစ်ကာကာချစ်တဲ့သူတစ်ယောက်

ကိုဘီက သူ့ရဲ့မိသားစုကို ဘယ်လိုချစ်လဲဆိုတာကို ဓာတ်ပုံတွေကြည့်ရုံနဲ့ ပေါ်လွင်နေပါတယ်။ သူ့ဇနီးနဲ့ ကလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်ဆိုတာကို ပြောစရာမလိုအောင် သူ့ရဲ့ပရိသတ်တွေက သိကြမှာပါ။

၃ အခြားသူတွေအပေါ်ကိုလည်း ကူညီခဲ့တယ်

ကိုဘီဟာ ကားမတော်တဆဖြစ်ခဲ့တဲ့ လူတချို့ကို ကူညီခဲ့ဖူးပါတယ်။ ကားမတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ ရမ် ဝီလျံ (Ryan Williams) က ကိုဘီက သူ့ရဲ့ကားဆီပြေးလာပြီး ကူညီခဲ့ကြောင်း၊ ကြင်နာတတ်ကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ရမ်က နောက်ထပ်ကားမတော်တဆဖြစ်မှုကို မျက်မြင်တွေ့ခဲ့ပြီး အဲဒီမှာ ကိုဘီလည်းရှိခဲ့ပါတယ်။ ကားမတော်တဆမှုမှာ ပါဝင်ခဲ့လူတိုင်းကို ကူညီခဲ့သလို ကလေးတွေကိုလည်း နှစ်သိမ့်ပေးခဲ့ပါတယ်။

၄ အခြားသူတွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့တယ်

ဘတ်စကတ်ဘောကစားသမား ဂျိုလ် အန်ဘစ် (Joel Embidd) ကလည်း ကစားသမားမဖြစ်ခင်က ဘယ်က စကစားရမလဲမသိခဲ့ပါဘူး။ ၂၀၁၀ ကစားပွဲတွေကို ကြည့်ပြီး ကိုဘီကြောင့် ဘတ်စကတ်ဘော စကစားခဲ့တာဖြစ်ကြောင်း သူက ပြောပါတယ်။ သူဟာကိုဘီလို ကစားသမားဖြစ်ချင်ခဲ့တာပါ။ ကိုဘီအခုလိုသေဆုံးသွားတဲ့အတွက် အရမ်းဝမ်းနည်းရကြောင်းလည်း ပြောပါတယ်။ ဂျိုလ်အပြင် အခြားကစားသမားတွေအတွက် ကိုဘီဟာ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့သလို သူတို့လေးစားတဲ့ ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

၅ အခြားသူတွေကို သူ့ရဲ့စကားတွေနဲ့ ခွန်အားဖြစ်စေခဲ့တယ်

ကိုဘီရဲ့ပြောစကားတွေ၊ အဆိုအမိန့်တွေကလည်း အခြားသူတွေအတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့အဆိုအမိန့်တချို့ကို မျှဝေပေးလိုက်ရပါတယ်။
– မကောင်းတဲ့၊ ဖိအားဖြစ်စေတဲ့၊ စိန်ခေါ်မှုဖြစ်တဲ့အရာရာတိုင်းက ကျွန်တော်တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေပါပဲ
– ကျွန်တော်တို့က အမြဲတမ်းအတူတူပါပဲ။ သာမန်အရာတွေကို လုပ်တယ်။ သာမန်အရာတွေလုပ်တဲ့အထဲမှာ ကျွန်တော်မပါဘူး။
– မအောင်မြင်လို့ အခြားသူတွေကို အပြစ်တင်တဲ့ လူတွေနဲ့ တူတဲ့အရာ ကျွန်တော်မှာ ဘာဆိုဘာမှမရှိပါဘူး။ ကောင်းတဲ့အရာတွေက ကြိုးစားမှုနဲ့ ဇွဲလုံ့လဝီရိယတို့က လာတာပါ။ အပြစ်တင်စကားတွေမဆိုပါနဲ့။
– မင်း လက်လွှတ်လိုက်တဲ့ခဏတာက တစ်စုံတစ်ယောက်ကို အနိုင်ရဖို့ခွင့်ပြုလိုက်တဲ့အခိုက်အတန့်ပါပဲ။
ကိုဘီကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ လူတွေဖန်တီးထားတဲ့ လက်ရာတချို့ကိုလည်း မျှဝေပေးလိုက်ရပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top