Followers သန်း တစ်ရာပြည့်သွားပြီဖြစ်တဲ့ အဆိုတော် ဂျက်စတင် ဘီဘာ

jus.jpg

ဆယ်ကျော်သက် မြီးကောင်ပေါက် မလေးတွေရဲ့ အသည်းကျော် အဆိုတော် ဂျက်စတင်ဘီဘာ (Justin Bieber) ဟာဆိုရင်တော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာ (Twitter) မှာ Followers ပေါင်း သန်းတစ်ရာပြည့်သွားခဲ့ပါပြီ။

အဆိုပါအကြောင်းအရာနဲ့ပက်သက်ပြီး Twitter ဘက်မှလည်း ဘီဘာ့အတွက် ဂုဏ်ယူတဲ့ စကားအချို့အပြင် ဘီဘာ အရင်က တင်ခဲ့တဲ့ ပို့စ်လေးများကို ဗီဒီယိုပြုလုပ်ပြီး တင်ပေးခဲ့ရာမှာ မန်းရှင်းခေါ်ပြီး ကြည့်ရှုကြသူ နှစ်သိန်းခန့်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါ့ပြင် တွစ်တာမှာ ဘီဘာရဲ့ ပရိတ်သတ်တွေက ပြန်လည် မျှဝေပြီး ပို့စ်တင်ခဲ့တာကတော့ သန်းရှစ်ဆယ်ခန့်ရှိခဲ့ပါပြီ။

ဘီဘာအနေနဲ့ သူဓာတ်ပုံတွေတင်နေကျ Instagram အကောင့်ကို တစ်ကြိမ်ထက်ပိုပြီး Deactivate ပြုလုပ်ခဲ့တဲ့ နောက်ပိုင်းမှာ အခုလို Twitter ကိုပဲ ပိုမို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဘီဘာရဲ့ ရည်းစားဟောင်းဖြစ်တဲ့ ဆီလီနာဂိုးမက်ဇ် (Selena Gomez) ကတော့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ Followers ၁၂၆ သန်းနဲ့ အတူ Followers အများဆုံးသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Twitter မှာ အခုလို Followers သန်းတစ်ရာပြည့်သွားတဲ့ သူတွေအနေနဲ့ဆိုရင်တော့ ဘီဘာက ဒုတိယမြောက်ပဲဖြစ်ပါတယ်။ ဘီဘာထက် အရင် followers သန်းတစ်ရာ ရရှိခဲ့တဲ့ သူကတော့ အမျိုးသမီး အဆိုတော် ကေတီပယ်ရီ (Katy Perry) ပါပဲ။ သူတို့နောက်မှာ တော့ အမျိုးသမီးအဆိုတော်တွေဖြစ်ကြတဲ့ တေလာဆွစ်ဖ် (Taylor Swift) ကfollowers ပေါင်း ၈၅.၅ သန်းနဲ့ ရီဟားနား (Rihanna) က followers ပေါင်း ၇၆.၉ သန်းရှိနေတယ်လို့သိရပါတယ်။
Ref: Daily Mail: Unbeliebable! Justin Bieber hits 100 million Twitter followers… becoming second person ever to reach milestone after Katy Perry

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top