သင်ဟာ PUBG ဂိမ်းကို မဆော့ရမနေနိုင်ဖြစ်နေပါသလား

pubg.png

လက်ရှိ လူတိုင်းကို တမ်းတမ်းစွဲဖြစ်စေတဲ့ ဂိမ်းကို ပြောပါဆိုရင်တော့ PUBG ဂိမ်းကို ပြောရမှာပဲ။ လူမျိုးမရွေး ကလေး၊ လူကြီးတွေကြား ခေတ်စားနေတဲ့ ဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။ PUBG က multi-player ဂိမ်းဖြစ်တာကြောင့် ဂိမ်းကစားတဲ့သူတွေ မဆော့ဘဲ မနေနိုင်အောင် ဖြစ်နေပါပြီ။ အခုဆိုရင် တချို့နိုင်ငံတွေနဲ့ နိုင်ငံတဝှမ်းမှာရှိတဲ့ စာသင်ကျောင်းတွေက PUBG ဂိမ်း အတူတကွ ဆော့ကစားခြင်းကို တားမြစ်ထားတာကြောင့် အရမ်းအရေးကြီးလာပါပြီ။

PUBGရဲ့ အရမ်းခဲရာခဲဆစ်နိုင်တဲ့အရာက ဂိမ်းမှာ ပါဝင်တဲ့ ဇာတ်အိမ်ရဲ့ အဓိကအင်္ဂါရပ်တွေပါပဲ။ ကစားတဲ့သူက ဂိမ်းထဲမှာ သေသွားရင်လည်း အသက်တွေပြန်ရတဲ့အတွက် နောက်ထပ်ပြန်ကစားလို့ရပါတယ်။ အဲဒါကြောင့်ပဲ အဆုံးမသတ်နိုင်ဘဲ အချိန်အကြာကြီးကစားဖြစ်နေတာဖြစ်ပါတယ်။

အဲဒီလို PUBG ဂိမ်းစွဲလမ်းမှုကို ဖယ်ရှားပစ်ချင်ရင်တော့

PUBG က “Health Reminder”ကို မိတ်ဆက်ပေးထားပါတယ်။ ဒါကလည်း ဂိမ်းစွဲတဲ့သူတွေအတွက် အဆင်ပြေတဲ့နည်းဖြစ်ပါပဲ။ PUBGက ဝေဖန်တိုက်ခိုက်မှုတွေ ရရှိနေခဲ့ကတည်းက ဂိမ်းတီထွင်တဲ့သူတွေက ဂိမ်းကစားသူတွေအတွက် ဂိမ်းထဲမှာ feature အသစ်တစ်ခု မိတ်ဆက်ပေးခဲ့ပါတယ်။ (၆) နာရီလောက် အချိန်အကြာကြီး ကစားပြီးသွားတဲ့ ဂိမ်းကစားသမားတွေကို နောက် (၂၄) နာရီမှ ဂိမ်း ပြန်လာကစားရမယ်ဆိုတဲ့ Notification ပေးပို့ပေးပါတယ်။ အဲဒီ notification ကို လက်ခံရရှိတဲ့သူက ဂိမ်းထဲဝင်ရောက်လို့မရအောင် ပိတ်ဆို့ထားလိုက်ပြီး (၂၄) နာရီကြာတဲ့အထိ ကစားလို့ရနိုင်မှာမဟုတ်ပါဘူး။

ဂိမ်းကို ကျန်းမာရေးနဲ့ညီညွှတ်အောင် ကစားပါ

PUBGရဲ့ Health Reminders က ပိတ်ဆို့ထားတဲ့ အချိန်အတောအတွင်းမှာ အဆင်ပြေမေယ့် ပိတ်ဆို့ထားတာ မရှိတော့တဲ့အခါမှာတော့ ကျန်းမာရေးနဲ့ညီညွှတ်အောင် ကစားပြီး ဂိမ်းစွဲလမ်းခြင်းတွေ မဖြစ်အောင် နေသင့်ပါတယ်။

ဂိမ်းကို ဘယ်လောက် ကြာကြာ ကစားရမလဲ

တချို့လူတွေက ဂိမ်းကို (၈-၁၀) နာရီ ကစားကြပါတယ်။ အဲဒီလောက်အကြာကြီး ဂိမ်းကစားခြင်းက အချိန်တော်တော်လေးများနေပါပြီ။ ပုံမှန်အားဖြင့် ဂိမ်းကစားရမဲ့ အချိန်အတိုင်းအတာက နေ့တိုင်း (၁-၂) နာရီလောက်ပါပဲ။

သင့်ရဲ့ဘဝကို ဂိမ်းကြောင့် အနှောင့်အယှက်မဖြစ်ပါစေနဲ့

သင့်ရဲ့ဘဝဝထဲကို PUBG ဂိမ်းတစ်မျိုးတည်းတင်မကဘဲ ဘယ်ဂိမ်းကိုမှ အဝင်မခံဖို့ အရေးကြီးပါတယ်။ တကယ်လက်တွေ့ဘဝမှာ မရှိတဲ့အရာတွေကို ဂိမ်းထဲမှာ အသည်းအသန်လုပ်ဆောင်နေကြပါတယ်။ ဂိမ်းလောကကြီးမှာရှိတဲ့ အရာဝတ္ထုတွေက အပြိုင်အဆိုင်ရယူရ၊ ယှဉ်ပြိုင်ကြရပြီး နေထိုင်မကောင်းဖြစ်လာနိုင်ပါတယ်။ အခြားစွဲလမ်းမှုတွေထက် ဂိမ်းစွဲခြင်းက အန္တရာယ်ပိုရှိပြီး သင့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

Ref: TOI “Are you addicted to PUBG? Ways to get rid of your addiction”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply