Game of Thrones ရဲ့ Season (4) ကို ပြန်လည်ခံစားခြင်း

the-raven1-690x262.jpg

Season (4) အစမှာတော့ ဂျော်ဖရီက တိုင်ရီယွန်ကို မကျေနပ်ချက်တွေနဲ့ပေါင်းပြီး အတိုးချနှိပ်စက်နေတာကို တွေ့ရမှာပါ။ တိုင်ရီယွန်က ဆန်ဆာနဲ့လက်ထပ်လိုက်ရပေမဲ့ ကလေးသာသာရှိတဲ့ဆန်ဆာကို မသိမ်းပိုက်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ချစ်သူဖြစ်တဲ့ ပြည့်တန်ဆာဟောင်း ရှေးကို နန်းတွင်းကစားပွဲတွေထဲ ကြားညပ်မှာစိုးတာကြောင့် ပိုက်ဆံပေးပြီးထွက်သွားခိုင်းပေမဲ့ အထင်လွဲခံရပါတယ်။

တစ်ချိန်တည်းမှာပဲ နေပြည်တော်ကို ဒွန်းပြည်မင်းသား အိုဘရန်မာတဲဟာ သူ့ညီမ စော်ကားခံရပြီး အသတ်ခံခဲ့ရတာကိုလက်စားချေဖို့ ဂျော်ဖရီ မင်္ဂလာပွဲလာတက်တာဖြစ်ကြောင်း တိုင်ရီယွန်ကိုပေါ်တင်ပြောပြီး ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျော်ဖရီနဲ့ မာဂျရီတိုင်ရဲတို့ရဲ့မင်္ဂလာပွဲမှာ ဂျော်ဖရီ အဆိပ်ခတ်အသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဆာဆီဟာ သားစိတ်နဲ့ပူဆွေးပြီး နဂိုအမုန်းဓာတ်ခံနဲ့ မောင်ဖြစ်တဲ့ တိုင်ရီယွန်က ဂျော်ဖရီကို မကျေနပ်လို့လုပ်ပါတယ်ဆိုပြီး
စွပ်စွဲပါတော့တယ်။

ဂျော်ဖရီက တိုင်ရီယွန်ကို မကျေနပ်ချက်တွေနဲ့ပေါင်းပြီး အတိုးချနှိပ်စက်နေ

အရှုပ်အထွေးတွေကြားထဲမှာ ဆန်ဆာကတော့ သူ့ရဲ့ အရင်သစ္စာရှိတပ်သားတစ်ယောက် လာခေါ်ထုတ်လို့ လွတ်မြောက်သွားခဲ့ပါတယ်။ သစ္စာရှိလူယုံဆိုတာလည်း တကယ်တော့ little finger ကပိုက်ဆံပေးစေခိုင်းခဲ့တာဖြစ်ကြောင်း ဆန်ဆာသိလိုက်ရတုန်းမှာပဲ
Little finger က ခေါ်လာပေးသူကို လက်စလက်နမကျန်အောင်သတ်ပြီး ဆန်ဆာကိုတော့ ကိုယ်တိုင်နေပြည်တော်ကနေ ခိုးထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့်တိုင်ရီယွန်တစ်ယောက်တည်း တရားခံအဖြစ် စွပ်စွဲခံရပြီး စွဲချက်တင်ခံရပါတယ်။

တိုင်ရီယွန်တစ်ယောက်တည်း တရားခံအဖြစ် စွပ်စွဲခံရပြီး စွဲချက်တင်ခံရပါတယ်

အံအားသင့်စွာပဲ သက်သေအကုန်လုံးက တိုင်ရီယွန်လုပ်တယ်ဆိုတဲ့သဘောသက်ရောက်အောင် ထွက်ဆိုခဲ့ကြပါတယ်။ ဒီထဲမှာ အအံ့ဩရဆုံးကတော့ ပြဿနာတက်မှာစိုးလို့တောင် ပန်တို့မြို့ကို တိုင်ရီယွန်ကိုယ်တိုင် လှေပေါ်တင်ပို့လိုက်တဲ့ သူ့အချစ်တော်မလေးရှေးပါ ပါနေတာပါပဲ။ တော်တော်နာကျည်းသွားတဲ့ တိုင်ရီယွန်က နှစ်ဦးချင်း စီးချင်းတိုက်ပြီးဆုံးဖြတ်ဖို့ အရွဲ့တိုက်စိန်ခေါ်လိုက်ပါတယ်။ ဆာဆီကတော့ သူ့ဘက်ကThe Mountain ကိုထုတ်မယ်လို့ပြောနိုင်ပေမဲ့ တိုင်ရီယွန်ဘက်ကတော့ ဂျေမီရောဘရွန်ကပါ တိုက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်။ တိုင်ရီယွန်ကိုယ်စား The Mountain ကို တိုက်ပေးမယ့်သူမရှိဖြစ်နေစဉ်မှာပဲ အိုဘရန်မာတဲက Mountain ကို လက်စားချေပြီး လန်နစ္စတာတွေကို အရှက်ခွဲချင်တဲ့အတွက် စီးချင်းတိုက်ပေးဖို့ သဘောတူခဲ့တယ်။

ဇာတ်ရှိန်ပိုတက်လာသလို အခြေအနေတွေကလည်း ပိုရှုပ်ထွေးလာတဲ့အပြင် ဇာတ်ကောင်တွေအတွက် တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ အပြောင်းအလဲကြီးတွေကို တွေ့မြင်ရမှာပါ

တကယ်တိုက်ကြတဲ့အချိန်မှာ အိုဘရန်နိုင်လုဆဲဆဲဖြစ်ခဲ့ပြီးမှ အာရုံထွေပြားနေလို့ The Mountain ရဲ့ ရက်ရက်စက်စက်သတ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် တိုင်ရီယွန်လည်း သေဒဏ်ကျသွားပါတယ်။ ညီကိုချစ်တဲ့ ဂျေမီက တိုင်ရီယွန်ကို တိတ်တဆိတ်ကယ်ထုတ်ပါတယ်။ ဒါပေမဲ့ တိုင်ရီယွန်က ဗေရီးစ်နဲ့ ထွက်မပြေးခင်မှာ အဖေဖြစ်တဲ့တိုင်ဝန်ကို သိပ်ချစ်ရတဲ့ရှေးနဲ့တွေ့လိုက်လို့ လုပ်ကြံသွားခဲ့တယ်။

ဒီအချိန်မှာ ဒနဲရိစ်ကတော့ ပင်လယ်တစ်ဘက်ခြမ်းမှာ မီရင်းကိုသိမ်းလိုက်ပြီး သခင် ၁၆၃ ယောက်ကို တိုင်မှာ ကျွန်တွေကိုသံရိုက်အပြစ်ပေးပုံအတိုင်း တထေရာတည်း ပြန်လည်အပြစ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူအရင်ကကျွန်စနစ်မရှိအောင်ပြုလုပ်ပေးခဲ့တဲ့ အက်စတာပူနဲ့ယွန်းကိုင်မြို့မှာ သခင်တွေပြန်ကြီးစိုးနေတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။ ဒီအတွက်ကြောင့်ပဲ ဒနဲရိစ်ဟာ အနောက်ပိုင်းကိုတိုက်ခိုက်ဖို့အစီအစဉ်ကို ခေတ္တရပ်ဆိုင်းလိုက်ပြီး ကျွန်ပင်လယ်အော်ကိုသာ တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ကြံရွယ်ကာ ကိုယ့်ကိုယ်ကိုယ်လည်း ဘုရင်မလို့ ကြေညာလိုက်ပါတော့တယ်။

ဒနဲရိစ်ရဲ့နဂါးဒရိုဂိုက ကလေးမလေးတစ်ယောက်ကို မီးမြှိက်သတ်လိုက်မိလို့ ကျန်နဂါးနှစ်ကောင်ကိုပါ သံကြိုးတွေနဲ့ချည်ပြီး ထိန်းထားလိုက်ရ

မီရင်းမှာ ဒနဲရိစ်က ဘုရင်မအနေနဲ့အုပ်ချုပ်နေရင်းနဲ့ သူ့ရဲ့နဂါးသုံးကောင်ကကြီးလာပြီး ထိန်းမရတော့တာတွေကို သိလာခဲ့ပါတယ်။ ဒါတင်မကဘဲ ဆာဂျိုရာဆီလာတဲ့စာတစ်စောင် ဆာဘရစ်စတန်ဆီရောက်သွားအပြီးမှာ ဒနဲရိစ်ဟာ လက်ရုံးလိုအားထားရတဲ့ ဆာဂျိုရာကိုလည်း အတွင်းလူမှန်းသိပြီး ပြည်နှင်ဒဏ်ပေးလိုက်ရပါတော့တယ်။ ဒနဲရိစ်ရဲ့ကံဆိုးမှုတွေက ဆက်တိုက်ဆိုသလို ဆာဂျိုရာကိစ္စအပြီးမှာပဲ သူ့ရဲ့နဂါးဒရိုဂိုက ကလေးမလေးတစ်ယောက်ကို မီးမြှိက်သတ်လိုက်မိလို့ ကျန်နဂါးနှစ်ကောင်ကိုပါ သံကြိုးတွေနဲ့ချည်ပြီး ထိန်းထားလိုက်ရပါတော့တယ်။

မြောက်ပိုင်းမှာတော့ ဝင်းတာဖဲလ်မှာ ရမ်ဆေးက ထင်တိုင်းကျဲနေပြီး
သီယွန်ကို ကောင်းကောင်းနှိပ်စက်ရင်း ရိခ် လို့ပါနာမည်ပြောင်းထားလိုက်ပါတယ်။ ဒါကြောင့် သီယွန့်အမ ယာယာ လာကယ်တာတောင် ပြန်မလိုက်သွားရဲတော့တဲ့အထိ ဖြစ်သွားပါတယ်။ ဝင်းတားဖဲလ်ကိုပြန်ရောက်လာတဲ့ ရုပ်စ်ဘာ်တွန်ဟာသူ့ရဲ့မျိုးမစစ်သားရမ်ဆေးကို သီယွန်ကိုနှိပ်စက်ထားတာကြောင့် အပြစ်တင်ခဲ့ပေမဲ့ ရမ်ဆေးကို တရားဝင်သားအဖြစ် အသိအမှတ်ပြုစာထုတ်ပေးခဲ့တယ်။ မြို့ရိုးမှာတော့ အင်အားနည်းနေတဲ့ညစောင့်တပ်ကို မြို့ရိုးအပြင်ဘက်က ဘုရင်လို့သတ်မှတ်ထားတဲ့ မန့်စ်ရိုင်ဒါက လူရိုင်းမျိုးနွယ်စုအားလုံးကို စုစည်းပြီးလာတိုက်ပါတယ်။ လူရိုင်းမျိုးနွယ်တွေက မြောက်ပိုင်းက ရွာအတော်များများကိုသိမ်းပြီး ဆမ်ကတော့ ဂီလီတို့သားအမိကိုစိတ်ပူတဲ့အတွက် ရဲတိုက်နက်အနီးကရွာတစ်ရွာကိုရွှေ့ပြောင်းနေစေခဲ့ပါသေးတယ်။

ဂျွန်စနိုးရဲ့ဦးဆောင်မှုနဲ့ ခုခံလိုက်နိုင်ပေမဲ့ ဂျွန်ရဲ့ချစ်သူ အီဂရက်လည်း တိုက်ပွဲမှာသေသွားရတယ်။
Three eyed raven ဆီထွက်လာတဲ့ ဘရန်ကတော့ လမ်းမှာ ဂျွန်စနိုးကို တွေ့ခဲ့ပေမဲ့ ဦးတည်ချက်မပြောင်းစေအောင် သွားမခေါ်တော့ဘဲ ခရီးပဲဆက်ထွက်ခဲ့တယ်။
စတန်းနစ်ဘရာသီယွန်ကတော့ ဆာဒေဗိုရဲ့အကြံပေးချက်အရ ဘရာဗိုကသံဘဏ်ကနေ ငွေချေးပြီး golden company လို့ခေါ်တဲ့ ကြေးစားစစ်တပ်ကိုငှားဖို့ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ညစောင့်တပ်ကို သိမ်းသွင်းဖို့ကြံပြီး မြောက်ပိုင်းကိုထွက်လာခဲ့ပါတယ်။

The Hound နဲ့အတူရှိနေတဲ့ အာယာကတော့ စတာ့ခ်ကလေးတွေကို ကာကွယ်ပေးဖို့လိုက်ရှာနေတဲ့ ဘရီအန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ပါတယ်။ အာယာကိုပြန်ခေါ်သွားဖို့လုပ်ရင်း ဘရီအန်းနဲ့ The Hound တို့ တိုက်ခိုက်ကြရင်း The Hound သေလုဆဲဆဲဖြစ်သွားရတယ်။ သူ့ကိုသတ်သွားဖို့ အာယာကိုတောင်းဆိုပေမဲ့ အာယာက ဒီအတိုင်းသာခံစားရစေဖို့ ထားခဲ့လိုက်တယ်။ နောက်တော့ တစ်ကိုယ်ထဲ Esso ကိုထွက်လာပြီး တစ်ချိန်က သူကျေးဇူးရှိခဲ့တဲ့ မျက်နှာမဲ့လူသတ်သမား ဂျာဂါဟေဂင်ဆီသွားခဲ့တယ်။

ဒီလိုနဲ့ season (4) အပြီးမှာတော့ ဇာတ်ရှိန်ပိုတက်လာသလို အခြေအနေတွေကလည်း ပိုရှုပ်ထွေးလာတဲ့အပြင် ဇာတ်ကောင်တွေအတွက် တစ်ဆစ်ချိုး ပြောင်းလဲသွားစေနိုင်တဲ့ အပြောင်းအလဲကြီးတွေကို တွေ့မြင်ရမှာပါ။

ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top