ဘာကိုလော့မြို့က ပြည်သူတွေကို ပိုက်ဆံဝေပေးခဲ့တဲ့ မန်နီ ပက်ကွီအို

yyl-21-014.jpg

နာမည်ကျော်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ မန်နီ ပက်ကွီအိုဟာ ဘာကိုလော့မြို့မှာ နေထိုင်သူတွေကို Bacolod City Government Center မှာ ပီဆို (၄.၁) သန်းဝေပေးခဲ့တယ်လို့ သတင်းထွက်ရှိချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း သူဟာ University of Saint La Salle မှာ သူတည်ထောင်ခဲ့တဲ့ Maharlika Pilipinas Basketball League ရဲ့ ကစားပွဲတစ်ခုကို တက်ရောက်ရင်းနဲ့ ပီဆို (၁.၅) သန်းဝေပေးခဲ့ဖူးပါတယ်။ အရင်အပတ်ဗုဒ္ဓဟူးနေ့က ပက်ကွီအိုက Bacolod Master Sardines နဲ့ the Cebu City Sharks တို့ရဲ့ ကစားပွဲကို ကြည့်ရှုဖို့အတွက် ထပ်မံလာရောက်ခဲ့ပါတယ်။ ဘာကိုလော့အသင်းက စီဘူးအသင်းကို (၈၀-၈၅) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

သူက အဲဒီပွဲကို လာရောက်ရင်းနဲ့ Bacolod Government Center ရဲ့ဝင်ပေါက်မှာ ဘာကိုလော့ပြည်သူတွေကို အချိန်တစ်နာရီနီးပါးလောက် သူ့ရဲ့ကိုယ်ပိုင်ငွေတွေကို ပေးဝေခဲ့ပါတယ်။ သူကလည်း ဆင်းရဲတဲ့ဒဏ်ကို ကြုံတွေ့ခံစားခဲ့ဖူးတာကြောင့် မရှိဆင်းရဲတဲ့သူတွေကို သူ့ငွေတွေပေးရတာကို ပျော်ရွှင်နေတာပါ။ သူက ဒီမြို့မှာ “Pabahay Program” လုပ်လို့ရတဲ့ မြေနေရာတစ်ခုကို ရှာဖွေနေပါတယ်လို့ လည်းပက်ကွီအိုက ပြောပါတယ်။

ပက်ကွီအိုက လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပြီး အခုဆိုရင် သူရဲ့ပိုင်ဆိုင်မှုတွေ၊ အသားတင်ဝင်ငွေတွေအရ သူဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယမြောက်အချမ်းသာဆုံး လွှတ်တော်အမတ်ဖြစ်ပါတယ်။ သူ့ရဲ့အသားတင်ဝင်ငွေက ပီဆို (၃) ဘီလျံရှိတယ်လို့ သိရပါတယ်။

မန်နီ ပက်ကွီအို ပိုက်ဆံဝေပေးခဲ့တဲ့ဗီဒိယို

Ref: Panay News “Pacquiao gives P4.1M to Bacolod City’s poor”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top