အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၀-၁-၂၀၁၉ မှ ၂၆-၁-၂၀၁၉ ရက်နေ့အထိ)

Bay_Din_4__Week_4_January.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂၀-၁-၂၀၁၉ မှ ၂၆-၁-၂၀၁၉ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများတွင် လူယုံသတ်သဖြင့် ငွေကြေး၊ပစ္စည်းများ ဆုံးရှုံးရတတ်သည်။ ရုံးရောက်သည်အထိဖြေရှင်းရတတ်သဖြင့် အထူးသတိထားပါ။ အလုပ်တွင် စာရင်းစစ်ကြောင့် သောကရောက်ရတတ်သည်။လုပ်ဖော်ကိုင်ဘက် ရှယ်ယာလုပ်ငန်းများ မသင့်မတင့်ဖြစ်တတ်သည်။ ကျန်းမာရေးအနေဖြင့် နှလုံးရောဂါသည်များ သတိထားရမည့် အချိန်ဖြစ်သည်၊ သောကရောက်စရာကိစ္စများရှောင်ပါ။ အချစ်ရေးမှာ မိမိချစ်ရသောသူ၏ စိတ်နေစိတ်ထားကို အထူးသတိထားရန် လိုအပ်သည်၊ အများနှင့်မတူ တမူထူးခြားသည့် ချစ်သူကို ရရှိတတ်သည်။ အိမ်ထောင်သည်များ ကံကောင်းပါသည်။ ပညာရေးသမားများအတွက် စာကို အထူးဦးစားပေးလုပ်ဆောင်သင့်သည်။ ပြည်ပသို့ သွားရောက်မည့်သူများ ကံကောင်းသောအချိန်ပါ။ အစိုးရဝန်ထမ်းများ အလုပ်ခွင်တွင် အရေးကြီးစာရွက်စာတမ်းကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်သည်။

အကျိူးပေးဂဏန်း – ၁၊ ၆၊၉ ယတြာ – ကလေးများကို အုန်းသီးပါသောမုန့်များ ဝယ်ကျွေးပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် ရှယ်ယာလုပ်ငန်းများ အထူးကောင်းမွန်နေပြီး ပြည်ပသွင်းကုန်လုပ်ငန်းများတွင် အနည်းငယ်စိတ်ညစ်ရမည်။ အထည်လုပ်ငန်း၊လျှပ်စစ်ပစ္စည်းလုပ်ငန်းတို့ဖြင့် အဆင်ပြေနေမည်။ သတိထားရမည်မှာ ဘဏ်ချေးငွေကိစ္စဖြစ်ပြီး ထိုကိစ္စအတွက် ရင်မအေးရဖြစ်သည်။ ငွေကြေးကိစ္စ တာဝန်ခံခြင်း၊အာမခံခြင်းအတွက် တပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ ကျန်းမာရေးအတွက် ကျောက်ကပ်၊အစာအိမ်ရောဂါနှင့် ဒူးရောဂါသမားများ သတိထားပါ။ အချစ်ရေးတွင် သံသယဖြင့် ဆက်သွားနေပါက ဝေးရတတ်သည်၊ သူတပါးအပြောများကို မယုံပါနှင့်။ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်၊ သူများစကားမယုံပါနှင့်။ ပညာရေးအတွက် သင်တန်းတစ်ခုတက်ရမည်၊ စာကိုသာသေချာလုပ်ပါ။ ကားကိစ္စအတွက် လူယုံမထားသင့်ပါ၊ပစ္စည်းပျက်စီးတတ်သည်။ အစိုးရလက်နက်ကိုင်ဝန်ထမ်းများ အရာရှိစာမေးပွဲအတွက် သတင်းကောင်းကြားရမည်၊ အောင်မြင်မည်။

အကျိုးပေးဂဏန်း ၂၊၃၊၇ ယတြာ – တနင်္လာနေ့တွင် ရဟန်းတော်များကို ဆွမ်းကပ်လှူပါ။

အင်္ဂါ

ဒီတစ်ပတ်မှာတော့ အဂါၤသားသမီးတို့၏ကံကြမ္မာမှာ စီးပွားရေးကိစ္စများ က့ကောင်းခြင်းများစတင်ရောက်ရှိလာပြီဖြစ်သည်။ ရပ်ထားရသည့်လုပ်ငန်းများ ပြန်လည်ပတ်မည်။ အထူးသဖြင့် ငွေဝင်နေသော ကျောက်မျက်ရတနာများ ဈေးကောင်းရမည်။ ကျန်းမာရေးအနေဖြင့် ခါးနာဝေဒနာ၊ ကျောက်ကပ်ဝေဒနာများ အထူးသတိပြုသင့်တဲ့အချိန်ပါ။ ဒီတစ်ပတ်အတွင်း ခွဲစိတ်ကုသရမည့် လူနာဖြစ်ခဲ့ပါက ဆေးထိုးမှားတတ်သဖြင့် အထူးသတိပြုပါ။ သို့သော် မစိုးရိမ်ပါနှင့်။ အချစ်ရေးအနေနှင့် အဖြေရရန်စောင့်ပါ။ အိမ်ထောင်သည်များ ပြည်ပမှ လက်ဆောင်ပစ္စည်းရရှိတတ်သည်။ သားသမီးသတင်းကောင်း ကြားရပါမည်။ ပညာရေးသမားများ ပြည်ပသို့သွားရောက်ရန်အကြောင်းပေါ်မည်။ ဝန်ထမ်းများ ရန်ရှိသဖြင့် စကားဆင်ခြင်ပြောပါ။

အကျိုးပေးဂဏန်း ၃၊၇၊၈ ယတြာ – အများပြည်သူများအား ရေသန့်ဘူးနိုင်သလောက် လှူဒန်းပါ။

ဗုဒ္ဓဟူး

ယခုတစ်ပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့၏ စီးပွားရေးတွင် ယခင်အပတ်ကကဲ့သို့ပင် ဝမ်းသာစရာလုပ်ငန်းအောင်မြင်ခြင်းများ စိ်တ်ချမ်းသာစရာများ ဆက်လက်ကြုံတွေ့ရအုံးမည်။ ပြည်တွင်းခရီးဝေးပြည်ပခရီးဝေးများသွားရန်အတွက် အထူးကောင်းသောအချိန်ဖြစ်သည်။ ထိုခရီးမှ လုပ်ငန်းကိုအကြောင်းပြုပြီး အကျိုးအမြတ်များရမည်။ ကျန်းမာရေးအနေနှင့် အဆုတ်နှင့်ဆိုင်သောကိစ္စ၊ မောခြင်း၊ အသက်ရှူမဝခြင်းတို့ အထူးသတိပြုပါ။ အချစ်ရေးကိစ္စများ အနှောက်အယှက်ရှိပြီး သဘောထားကြီးနိုင်မှကောင်းပါမည်။ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ စိတ်ဝမ်းကွဲမည်။ မိသားစုတစ်နေရာစီ ခွဲနေရတတ်သည်။ စက်၊ ယာဉ်၊ ကျောက်မျက်ရတနာတို့ဝင်မည်။ ပညာရေးအနေဖြင့် ဆရာဖြစ်သူနှင့် အတိုက်အခံမဖြစ်ရန် သေချာသတိပြုပါ။ အထူးကြိုးစားမှုများမှ အောင်မြင်မည်။ အစိုးရဝန်ထမ်းများ အလုပ်ကိစ္စနှင်ပါသက်ပြီး အတိုင်အတောခံရတတ်သဖြင့် အထူးသတိပြု ဆက်ဆံပါ။

ရာဟု။    ။ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေး ကောင်းနေတတ်ပါသည်။ စီးပွားရေးတွင် လယ်ယာထွက်ကုန်ကိုအကြောင်းပြုပြီး ငွေကုန်လိမ့်မည်။ အချစ်ရေးညံ့ပြီး အချစ်ရေးကိုအကြောင်းပြုလို့ ရန်ဖြစ်တတ်သည်။ အာမခံခြင်းသတိပြုပါ။

အကျိုးပေးဂဏန်း ၄၊၂၊၅ ယတြာ – ငှက်စာကျွေးပါ။ ငှက်လွှတ်ပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း ရတနာပစ္စည်းရောင်း/ဝယ်ခြင်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဆေးပစ္စည်းလုပ်ငန်း လုပ်ဆောင်သူများ အောင်မြင်မည်။ ငွေကြေးဆိုင်ရာကိစ္စရပ်များ အနည်းငယ်သတိထားပါ၊ ယုံကြည်အောင်ပြောပြီး လိမ်လည်ခြင်းခံရတတ်သည်။ ပြည်ပအကူအညီရောက်လာမည်။ အိမ်၊မြေ ရောင်း/ဝယ်ဖြစ်မည်။ အချစ်ရေးအတွက် ငယ်ရွယ်သောချစ်သူကို ရရှိလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေဖြစ်ပြီး နေမည်။ ကျန်းမာရေးအတွက် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းစသည့် လူအများဖြစ်တတ်သည့်ရောဂါများ ဖြစ်နေတတ်သည်။ ဂရုစိုက်ပါ။ ပညာရေးသမားများ ကံကောင်းပါသည်။ ဝန်ထမ်းများ သင်တန်းသစ်တက်ရမည်။

အကျိုးပေးဂဏန်း- ၂၊၅၊၊၇ ယတြာ – နွမ်းပါသူကို ဆေးဝါးများတတ်နိုင်သလောက် ပေးလှူပါ။ ကူညီပါ။

သောကြာ

သောကြာသားသမီးများ ယခုတစ်ပတ်သည်လည်း ဆက်လက်ကံကောင်းနေပါသည်။ လုပ်လက်စစီးပွားရေးလုပ်ငန်းများကို ဆက်လုပ်ပါ၊ အခက်အခဲများရှိသော်လည်း အောင်မြင်သွားပါလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေလုပ်ငန်း၊လုပ်ကိုင်သူများ အမြတ်ငွေရမည်။ ရှယ်ယာများသတိထားပါ။ ယခုတစ်ပါတ်အတွင်း အကြွေးရရန်ရှိပါကအားစိုက်ပြီးတောင်လိုက်ပါ၊အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် အစာအိမ်ရောဂါဖြစ်တတ်သည်။မတော်တဆ ထိခိုက်မိခြင်းလည်း ရှိလိမ့်မည်၊သတိထားပါ၊ ဆေးရုံ၊ဆေးခန်း ရောက်ရတတ်သည်။ အချစ်ရေးအတွက် ကံကောင်းပါသည်၊ လက်ဆောင်ပစ္စည်းများလည်း ရရှိမည်။ အိမ်ထောင်ရေးသာယာမှုဖြစ်မည်။ ကား၊စက်ပစ္စည်းကိုအကြောင်းပြုပြီး စိတ်ညစ်ရန်အကြောင်းတော့ရှိသည်၊ သတိထားရန်ဖြစ်သည်။ ပညာရေးသမားများ တွက်စာကြိုးစားရန်ဖြစ်ပါသည်။ လက်နက်ကိုင်ဝန်ထမ်းများ အထူးသတိရှိပါ။

အကျိုးပေးဂဏန်း ၆၊၇၊၉ ယတြာ – သီလရှင်များကို ရေသန့်ဘူးလှူပါ။

စနေ

ယခုတစ်ပတ်အတွက် စနေသားသမီးတို့ ရည်ရွယ်ချက်များအတိုင်း စီးပွားရေးအကောင်အထည်ပေါ်ပါလိမ့်မည်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေမည်။ ရေလုပ်ငန်း၊ သင်္ဘောသားနှင့် အရက်လုပ်ငန်းလုပ်ကိုင်သူများ မူဝါဒရေးရာစကားပြောရလိမ့်မည်။ လုပ်ငန်းများလည်း စစ်ဆေးခံရတတ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်းတွင်ဖြစ်တတ်သည့် ရောဂါများရတတ်သည်။ မတော်တဆ ဦးခေါင်းထိခိုက်မိတတ်သဖြင့် သတိထားပါ။ ယာဉ်ကားအတွက် ပူပန်ရမည်။ ရှယ်ယာ၊ဘဏ်ချေးငွေလုပ်ငန်း များအောင်မြင်မှုရမည်။ အချစ်ရေးမှာတော့ မိဘတို့သဘောတူသူနှင့် လက်ထပ်ရမည်အကျင်းအကြပ်ထဲရောက်နေတတ်ပြီး ချစ်ရသူနှင့်ဝေးရမည့်အခြေအနေ ဖြစ်နေလိမ့်မည်၊ ဘဝတစ်သက်တာအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ရန်လိုပါသည်။ အိမ်ထောင်ရှင်များ သည်လည်း မိဘတို့ကြောင့် စိတ်သောကရောက်နေရမည်။ ပညာရေးသမားများ စာမေးပွဲများ အောင်မြင်မည်။ ဝန်ထမ်းများ မိမိအထက်လူကြီးကို အကြောင်းပြုပြီး လက်ဆောင်ပစ္စည်းများရတတ်သည်။

အကျိုးပေးဂဏန်း – ၂၊၆၊၉ ယတြာ – စနေနေ့တွင် ရဟန်းတစ်ပါးအား ဆပ်ပြာလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top