(၃) လက်မ အရှည်ရှိတဲ့ မျှော့ကို နှာခေါင်းထဲက အစိမ်းထုတ်ခဲ့ပေမဲ့ လုံးဝ မတုန်လှုပ်ခဲ့တဲ့ ကလေး

49250791_332419070941956_2242515120888479744_n.jpg

ဗီယက်နမ်နိုင်ငံ၊ ဖင်နန်ဒေသမှာနေထိုင်တဲ့ အသက် (၆) နှစ်အရွယ်ကလေးမလေးက သူ့ရဲ့နှာခေါင်း နေမထိထိုင်မသာဖြစ်ပြီး ယားယံနေကြောင်း အိမ်သားတွေကို အသိပေးခဲ့ပါတယ်။ ဆေးခန်းပြကြည့်တဲ့အခါမှာတော့ (၃) လက်မလောက်အရှည်ရှိတဲ့ မျှော့တစ်ကောင်က သူ(မ)ရဲ့နှာခေါင်းပေါက်ထဲမှာ ရှိနေတာကိုသိလိုက်ပါတယ်။

အဲဒါကြောင့် ဆရာဝန်က သေးငယ်တဲ့ ဇာဂနာတစ်ခုကို အသုံးပြုပြီး နှာခေါင်းပေါက်ထဲက မျှော့ကို တဖြည်းဖြည်း ဆွဲထုတ်ပေးခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက ဆွဲထုတ်နေစဉ်အတွင်းမှာ နည်းနည်းမှ ဟန်ပျက် တုန်လှုပ်သွားခြင်း မရှိတဲ့ ကလေးမလေးရဲ့ အမူအယာပါပဲ။

Mirror ရဲ့ ပြောပြချက်အရ ဆရာဝန်က ကလေးမလေးဟာ စမ်းချောင်းထဲကရေတွေကို သောက်သုံးတတ်တဲ့အတွက် ဒီမျှော့ဟာ စမ်းချောင်းထဲက ရေကတစ်ဆင့်ပါလာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပထမ သောက်သုံးစဉ်ကတော့ ဒီမျှော့ရဲ့ အရွယ်အစားက အလွန်သေးငယ်ပြီး ကိုယ်ထဲရောက်မှ တဖြည်းဖြည်း ကြီးထွားလာတာလို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ ကလေးငယ်တွေကို မသန့်ရှင်းတဲ့ရေတွေနဲ့ အစားအစာတွေကို မစားသုံးမိအောင် သတိပေးထားဖို့ အကြံပြုချင်ပါတယ်။ ဒါ့အပြင် ပိုးမွှားကင်းစင်စေဖို့ မသန့်ရှင်းတဲ့အရာတွေကို ကိုင်ပြီးတိုင်းမှာ လက်ကို သန့်ရှင်းအောင်ဆေးကြဖို့လည်း သတိပြုစေချင်ပါတယ်။ ဗီဒီယိုကိုတော့ အောက်က လင်ခ့် (link) ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

https://bit.ly/2H5ICIR

Ref: Daily Mail, 9gag “Disgusting moment a doctor pulls a three-inch WORM from a six-year-old girl’s nose a month after it got lodged inside”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top