PUBG MOBILE သည် ယခုကဲ့သို့ မြန်မာဘာသာစကားကို In-game တွင် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခြင်းမှ တစ်ဆင့် မြန်မာကစားသမားများအချင်းချင်း ပိုမိုနီးစပ်စေပြီး အချိတ်အဆက်မိသော ဂိမ်းအတွေ့အကြုံများကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားသည်။
ဇူလိုင်လ၊ ၁၀ရက်နေ့၊ ၂၀၂၆၊ ရန်ကုန်၊ မြန်မာ — ကမ္ဘာတစ်ဝန်းမှ လူကြိုက်များသော နာမည်ကြီး Mobile Game တစ်ခုဖြစ်သည့် PUBG MOBILE သည် မြန်မာနိုင်ငံရှိ ကစားသမားများအတွက် ဂိမ်းအတွင်း ပိုမိုလွယ်ကူစွာကစားနိုင်ရန် မြန်မာဘာသာစကားကို တရားဝင် ထည့်သွင်းမိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုလိုမျိုး မြန်မာဘာသာစကားထည့်သွင်းခြင်းကြောင့် မြန်မာနိုင်ငံက ကစားသမားတွေအနေနှင့် မိမိတို့ရဲ့ မိခင်ဘာသာစကားဖြင့် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ပြောဆိုသည့်နေရာတွင် လွယ်ကူနားလည်စေပြီး ပိုမိုပျော်ရွှင်စရာကောင်းသော ဂိမ်းအတွေ့ အကြုံတွေကို ခံစားရစေဖို့ ရည်ရွယ်သည်။
ယခုမိတ်ဆက်မှုသည် မြန်မာကစားသမားများအတွက် ပိုမိုအသုံးပြုရလွယ်ကူသော ဂိမ်းအတွေ့အကြုံများ ဖန်တီးပေးရန် PUBG MOBILE ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေသည်။ မြန်မာဘာသာစကားထည့်သွင်းအသုံးပြုနိုင်လာခြင်းကြောင့် ကစားသမားများအနေဖြင့် မိမိတို့ ဘာသာစကားဖြင့် ပိုမိုအဆင်ပြေလွယ်ကူစွာ အချိတ်အဆက်မိမိ ကစားနိုင်တော့မည်ဖြစ်ပြီး ဂိမ်းအတွင်းရှိ Menu များ၊ Setting များနှင့် အရေးကြီးသော လုပ်ဆောင်ချက်များကို ပိုမိုနားလည်လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။
PUBG MOBILE သည် ကစားသမားများ၏ Gaming Experience များကို အမြဲတမ်းမြှင့်တင်နိုင်ရန် အာရုံစိုက်လုပ်ဆောင်လျက်ရှိပြီး ယခု မြန်မာဘာသာစကားမိတ်ဆက်ခြင်းသည် မြန်မာ Esports အသိုက်အဝန်းအတွက် ပိုမိုရင်းနှီးလွယ်ကူစေကာ အားလုံးပါဝင်နိုင်ပြီးကောင်းမွန်သော ဂိမ်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်မည့် အရေးပါသောခြေလှမ်းတစ်ခုလည်းဖြစ်သည်။
PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE အနေနဲ့ မြန်မာနိုင်ငံက ကစားသမားတွေအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဂိမ်းအတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်ကာ အမြဲအစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။ ယခုလို မြန်မာဘာသာစကားထည့်သွင်းပေးလိုက်ခြင်းဟာ ဂိမ်းကို ပိုမိုအသုံးပြုရလွယ်ကူစေရုံသာမက မြန်မာကစားသမားတွေအတွက် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အတွေ့အကြုံများကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယခုလုပ်ဆောင်ချက်က ကစားသမားတွေအနေနဲ့ မိမိတို့ဘာသာစကားဖြင့် ပိုမိုကောင်းမွန်တဲ့ ဂိမ်းကစားမှုအတွေ့အကြုံကို ရရှိစေပြီး PUBG MOBILE နဲ့အတူ ပိုမိုနီးကပ်သော ချိတ်ဆက်မှုများကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုမိတ်ဆက်မှုကို ပိုမိုထင်ရှားစေရန် PUBG MOBILE သည် နာမည်ကြီး မြန်မာသရုပ်ဆောင် နေထူးနိုင်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပါဝင်သည့် Campaign Video များကို ထုတ်လုပ်ထားပြီး မြန်မာဘာသာစကားဖြင့် အသုံးပြုကစားနိုင်ခြင်းကြောင့် ဂိမ်းအတွေ့အကြုံပိုင်းမှာ ပိုမိုလွယ်ကူရင်းနှီးစေကြောင်းကို ပရိသတ်များအတွက် စိတ်ဝင်စားဖွယ် ဖန်တီးတင်ဆက်ထားပါသည်။
ယခုကဲ့သို့ မြန်မာဘာသာစကားကို ထည့်သွင်းမိတ်ဆက်လိုက်ခြင်းသည် မြန်မာကစားသမားများအတွက် ပိုမိုအသုံးပြုရလွယ်ကူပြီး မြန်မာနိုင်ငံက ကစားသမားများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ဂိမ်းအတွေ့အကြုံများ ဖန်တီးပေးရန် PUBG MOBILE ၏ ဆက်လက်ကြိုးပမ်းမှုကို ထင်ဟပ်ပြသနေသည်။ PUBG MOBILE အနေဖြင့် မြန်မာ Esports အသိုက်အဝန်းအတွက် ပိုမိုကောင်းမွန်သော ဂိမ်းအတွေ့အကြုံများရရှိစေရန်အတွက် အစီအစဉ်များကို ဆက်လက်ဖန်တီးပြုလုပ်သွားမည်ဖြစ်သည်။
#BurmeseChickenDinner
#PUBGMOBILE
#PUBGMOBILEMM
#Yoyarlay
NZ (ရိုးရာလေး)

