လေယာဉ်ပြတင်းပေါက်ပွင့်သွားချိန်မှာ ခင်ပွန်းခြေထောက်ကို မြဲမြံစွာဆွဲထားပြီး အသက်ကယ်တင်ခဲ့တဲ့ ဇနီး

wisa.jpg

အမြင့်ပေ ၂၀၀၀၀ မှာ လေယာဉ်ပြတင်းပေါက် ပွင့်ထွက်သွားပြီး အပြင်ဘက် စုပ်ယူခံရတဲ့ ခင်ပွန်းသည်ရဲ့ ခြေထောက်ကို ဇနီးက မလွှတ်တမ်း ဆွဲကိုင်ထားပြီး အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ဇူလိုင်လ ၁၀ ရက်က ဂရိနိုင်ငံ သက်ဆာလိုနီကီမြို့မှ ဂျာမနီနိုင်ငံ မန်မင်ဂန်မြို့သို့ ပျံသန်းတဲ့ ခရီးစဉ်အမှတ် FR1879 Boeing 737-800 လေယာဉ်ဟာ အမြင့်ပေ ၂၀၀၀၀ အရောက်မှာ အင်ဂျင်အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားပြီး ဆားဘီးယားနိုင်ငံသား ကာရိုဗစ်ရဲ့ဘေးဘက် ပြတင်းပေါက်ကို ထိမှန်ခဲ့တာကြောင့် ပြတင်းပေါက် ပွင့်ထွက်သွားခဲ့တာပါ။

အပြင်ဘက်သို့ စုပ်ယူခံရလို့ ပြတင်းပေါက်မှာ တွဲလောင်းဖြစ်နေတဲ့ ကာရိုဗစ်ရဲ့ ခြေထောက်ကို သူ့ဇနီးက ၅ မိနစ်နီးပါး ဖမ်းဆွဲထားခဲ့ရပါတယ်။ ကာရိုဗစ်တို့ ဇနီးမောင်နှံဟာ ဂရိနိုင်ငံကို အပန်းဖြေ ခရီးထွက်ပြီးအပြန် အခုလို ထိတ်လန့်ဖွယ် ဖြစ်ရပ် ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

‘ ငါတို့ သေရင်လည်း အတူတူ သေကြတာပေါ့ ‘ လို့ တွေးမိခဲ့တယ်။ ” တော်တော် ကြောက်စရာကောင်းလွန်းပါတယ်” လို့ ကာရိုဗစ်ရဲ့ဇနီး ဂျာကိုဗစ်က ဆိုပါတယ်။

အဲဒီအချိန်မှာ တခြားခရီးသည်တွေကလည်း သူတို့ကို ကူညီဖို့ ရောက်လာခဲ့ကြပြီး အမျိုးသားတစ်ဦးရဲ့ ကူညီပေးမှုက သူတို့အတွက် အလွန်အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ဂျာကိုဗစ်က ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်ကို ထွက်ခွာရာလေဆိပ်သို့ အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

Ref: Wife who held on to her husband’s legs after he was sucked out of Ryanair jet window at 20,000ft describes battle to save him

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top