ပြိုင်ဘက်ကစားသမားရဲ့ လိမ်ခေါက်ကျော်ဖြတ်မှုမခံရတဲ့ ဗန်ဒစ်ခ်ရဲ့ စံချိန်မှတ်တမ်း အဆုံးသတ်

67719440_2521775987853306_5508217646413250560_n.jpg

၂၀၁၈ ခုနှစ် မတ်လနောက်ပိုင်း ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ လိမ်ခေါက်ကျော်ဖြတ်မှုမခံခဲ့ရတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒစ်ခ်ရဲ့ စံချိန်မှတ်တမ်းကတော့ ပွဲစဉ် (၆၅) ပွဲမြောက်မှာ အဆုံးသတ်သွားခဲ့ပါပြီ။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျီးဆပ်က ကွင်းတစ်ဝက်မှာ ဗန်ဒစ်ခ်ကို လိမ်ခေါက်နိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအပြောင်းအရွှေ့မှာ ခံစစ်မှူးတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၅) သန်း(မန်ယူအသင်းက လက်စတာနောက်ခံလူ မက်ဂွာရီကို ပေါင်သန်း (၈၀)နဲ့ ခေါ်ယူပြီး စံချိန်ချိုးခဲ့) နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒစ်ခ်ဟာ ၂၀၁၈ ခုနှစ် မတ်လမှာ နယူးကာဆယ်ကစားသမား မာရီနိုရဲ့ လိမ်ခေါက်ကျော်ဖြတ်မှု ခံခဲ့ရပြီးနောက်ပိုင်း ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ လိမ်ခေါက်ကျော်ဖြတ်ခြင်းကိုမခံခဲ့ရပါဘူး။ အခုအခါမှာတော့ ဗန်ဒစ်ခ်ရဲ့ စံချိန်ကို ဂါဘရီယယ်ဂျီးဆပ်က ရပ်တန့်နိုင်ခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top