“Rush” ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ ရှားပါး McLaren M23 ပုံစံတူဖော်မြူလာဝမ်းကားကို လေလံတင်ရောင်းချမယ်

21-10-2022-yyl-05.jpg

"Rush" ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ ရှားပါး McLaren M23 ပုံစံတူဖော်မြူလာဝမ်းကားကို လေလံတင်ရောင်းချမယ်

၂၀၁၃ ခုနှစ်ရဲ့ Rush” ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ McLaren M23 ပုံစံတူဖော်မြူလာဝမ်းကားကို ရောင်းချဖို့ စီစဉ်ထားပါတယ်။ ဒီဖော်မြူလာဝမ်းကားဟာ ထုတ်လုပ်ခဲ့ဖူးတဲ့ ပုံစံတူကားနှစ်ကားထဲမှာ တစ်ကားဖြစ်ပါတယ်။ ဇာတ်ကားမှာ အသုံးပြုဖို့အတွက် ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုရှင် ဂျိမ်းစ်ဟန့်ရဲ့၁၉၇၆ ခုနှစ်မူရင်းဖော်မြူလာဝမ်းကားကို အခြေခံပြီး အသေးစိတ်ကအစ တစ်ထပ်တည်းတူညီအောင် ထုတ်လုပ်ခဲ့တာပါ။

“Rush” ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ ရှားပါး McLaren M23 ပုံစံတူဖော်မြူလာဝမ်းကားကို လေလံတင်ရောင်းချမယ်

“Rush” ဇာတ်ကားမှာ ဒီဖော်မြူလာဝမ်းကား ပါဝင်ခဲ့ပြီးနောက် ကားဝါသနာရှင်တစ်ဦးက ဝယ်ယူခဲ့တာပါ။ သူက ဒီဖော်မြူလာဝမ်းကားကို Silverstone Auctions လေလံပွဲမှာ ပေါင် ၈၀၀၀၀ နဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကားချစ်သူတွေနဲ့ ဖော်မြူလာဝမ်းကာပြိုင်ပွဲချစ်သူတွေက ဒီကားကို ဘာမင်ဂမ်မြို့က Lancaster Insurance Classic Motor Show မှာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လူကိုယ်တိုင်လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရောင်းချမှုကိုတော့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

“Rush” ဇာတ်ကားမှာ အသုံးပြုခဲ့တဲ့ ရှားပါး McLaren M23 ပုံစံတူဖော်မြူလာဝမ်းကားကို လေလံတင်ရောင်းချမယ်

Rush ဇာတ်ကားက ၁၉၇၆ ခုနှစ်ပြိုင်ပွဲရာသီအတွင်း ဖော်မြူလာဝမ်းကားမောင်းသမားတွေဖြစ်တဲ့ ဂျိမ်းစ်ဟန့်တ်နဲ့ နစ်ကီလော်ဒါတို့ကြား ပြိုင်ဆိုင်မှုအကြောင်း အတ္တုပ္ပတ္တိဆိုင်ရာရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ရွန်ဟောင်းဝပ်က ရိုက်ကူးခဲ့ပြီး ဂျိမ်းစ်ဟန့်တ်အဖြစ် ခရစ်ဟမ်းစ်ဝါ့သ်နဲ့ နစ်ကီလော်ဒါအဖြစ် ဒန်နီရယ်ဘရူလ်တို့က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: TheSun “Ultra-rare McLaren M23 replica used in film ‘Rush’ goes on sale – and it’s set to fetch a huge sum”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top