ဂျက်မားက သူ့ရုပ်ရည်နဲ့ တူညီတဲ့ ကလေးငယ်တစ်ယောက်ကို ထောက်ပံ့မယ်

chinese-billionaire-jack-ma-will-support-his-viral-8-year-old.jpg

တရုတ်နိုင်ငံ၏ အကြီးဆုံး e-commerce စီးပွားရေးလုပ်ငန်း ဖြစ်တဲ့ “ အလီဘာဘာ (Alibaba) ရဲ့ CEO ဖြစ်သူ ဂျက်မား ဟာ ဘီလီယံနာ သူဌေးတစ်ဦးဖြစ်ပါတယ်။


အခု သူဟာ သူငယ်ငယ်တုန်းက ရုပ်ရည်နဲ့ တထေရာတည်းနီးပါး တူညီတဲ့ ကလေးငယ်လေးတစ်ယောက်ကို  တက္ကသိုလ်က ဘွဲ့ရသွားတဲ့ အချိန်ထိ အထောက်အပံ့တွေ ပေးသွားတော့မယ်လို့ သိရပါတယ်။

ဖန့်ရှောင်ကျင်းလို့ ခေါ်တဲ့ (၈) နှစ်သားအရွယ်ကလေးဟာ သူဌေးဂျက်မားနဲ့ ရုပ်ချင်းဆင်တာကြောင့် “မား အသေးစားလေး  (mini Ma) ” ဆိုတဲ့ နာမည်နဲ့ တရုတ်နိုင်ငံက အင်တာနက်သုံးစွဲသူတွေကြားမှာ နာမည်ကျော်ကြားခဲ့ရပါတယ်။ ဂျက်မားကိုယ်တိုင်ဟာလည်း ကလေးရဲ့ ဓာတ်ပုံကို ပထမဆုံး စပြီး မြင်တွေ့လိုက်ရချိန်မှာ “ ကျွန်တော့်မိသားစုဝင်တွေက ကျွန်တော်ငယ်ငယ်က ဓာတ်ပုံကို အင်တာနက်ပေါ် တင်ထားတယ်လို့တောင် ထင်ခဲ့တာ “ လို့ ဆိုပါတယ်။ သူဌေးကြီးနဲ့ ရုပ်ချင်းဆင်နေခဲ့ပေမယ့် ဖန့်ရှောင်ကျင်းရဲ့ ဘဝက ကံမကောင်းခဲ့ရှာပါဘူး။ မိသားစုဝင်ငွေနည်းပါးရတဲ့ အထဲမှာ အမေက နေမကောင်းဖြစ်နေပြီး အဖေကလည်း ခြေတစ်ဖက်ပြတ်ဒုက္ခိတ ဖြစ်နေပါသတဲ့။

အခုဆိုရင်တော့ ဂျက်မားက အထောက်အပံ့တွေ ပေးသွားတော့မယ့်အတွက် “ မား အသေးစားလေး” ရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ဘွဲ့ရတဲ့ အထိ အထောက်အပံ့တွေ ရမယ်ဆိုတော့ “ ဖန့်ရှောင်ကျင်းကလေးဟာ ဟားဘတ်တက္ကသိုလ်မှာတောင် သွားတက်ဖို့ အခွင့်အရေး ရချင်ရဦးမှာ “ လို့ “ Shanghaiist “ သတင်း website မှာ ရေးသားထားပါတယ်။

Ref : Shanghaiist; “Jack Ma says he will support his 8-year-old lookalike until the boy graduates from university”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top