တိန့်အန်းမင်းရင်ပြင် ဆန္ဒပြပွဲ နှိမ်နင်းခံရတဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်(တိုင်ပေ)မှာ သရုပ်ဖော်

60765097_2391842427513330_6404686902884040704_n.jpg

တရုတ်နိုင်ငံမှာ သွေးချောင်းစီးခဲ့တဲ့ ဒီမိုကရေစီဆန္ဒပြပွဲ နှိမ်နင်းမှု နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်(တိုင်ပေ)အနုပညာရှင်တစ်ယောက်က လေမှုတ်ဘောလုံးတွေ အသုံးပြုပြီး တင့်ကားရှေ့မှာ မတ်တပ်ရပ်နေသူတစ်ယောက်ရဲ့ပုံစံ သရုပ်ဖော်ခဲ့ပါတယ်။

ဘေဂျင်းမြို့က တိန့်အန်းမင်ရင်ပြင်မှာ တင့်ကားတွေရှေ့ လမ်းပိတ်ပြီး မတ်တတ်ရပ်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံက (၂၀) ရာစုရဲ့ အကျော်ကြားဆုံး ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

ဓာတ်ပုံထဲက အင်္ကျီအဖြူ ဝတ်ဆင်ထားတဲ့ အမျိုးသားကို အခုအချိန်အထိ ခွဲခြားဖော်ထုတ်နိုင်ခဲ့ခြင်းမရှိသလို အဲဒီဖြစ်ရပ်အပြီးမှာ သူ့အနေနဲ့ ဘယ်လိုအဖြစ်မျိုး ကြုံခဲ့ရလဲဆိုတာ တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ အဲဒီပုံရိပ်ဟာ ကမ္ဘာတစ်လွှားမှာ ငြိမ်းချမ်းတဲ့ခုခံတွန်းလှန်မှု သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်။ တရုတ်(တိုင်ပေ)အနုပညာရှင် ရှိတ်က လေမှုတ်ဘောလုံးတွေ အသုံးပြုပြီး တိုင်ပေမြို့က ကျန်းခိုင်ရှက်အထိမ်းအမှတ်ခန်းမမှာ တင့်ကားရှေ့ မတ်တပ်ရပ်နေတဲ့ အမျိုးသားတစ်ယောက်ပုံစံ သရုပ်ဖော်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top