BAWDAR ပါတီကို တရားဝင်သံတမန်ဖြစ်သူ လေးဖြူနှင့် အတူကျင်းပ

MG_5081.jpg

HEINEKEN Myanmar မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သော လာဂါအမျိုးအစား ဘီယာအသစ်ဖြစ်သည့် BAWDAR “ဘော်ဒါ” ဘီယာမိတ်ဆက်ပွဲကြီးကို BAWDAR ၏ တရားဝင် သံတမန် (Brand Ambassador) ဖြစ်သော လေးဖြူမှ ပါဝင်တက်ရောက်ပြီး အခြားအနုပညာရှင်များစွာလည်းတက်ရောက်ခဲ့သည့် BAWDAR ပါတီပွဲကြီးအဖြစ် အလံပြဘုရားလမ်းမပေါ်ရှိ Soho ဘားတွင် ယမန်နေ့က ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပါသည်။

BAWDAR ဘီယာသည် မြန်မာဘာသာစကားလုံးကို ဂုဏ်ယူစွာအသုံးပြုထားသည့် HEINEKEN Myanmar ၏ ပထမဆုံးဘီယာအမှတ်တံဆိပ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခဲ့ပါသည်။ ‘မိတ်ဆွေ’ ၊‘အပေါင်းအသင်း’ ဟု အဓိပ္ပာယ်ရသော BAWDAR ‘ဘော်ဒါ’ ဘီယာသည် မြန်မာနိုင်ငံရှိစားသုံးသူများအတွက်သာ အထူးသီးသန့်ဖန်တီးထုတ်လုပ်ထားသည့် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါသည်။ အရည်အသွေး အမြင့်မားဆုံးပါဝင်ပစ္စည်းများနှင့် ချက်လုပ်ထားသည့် BAWDAR ဘီယာသည် ညီညွတ်မျှတသော လာဂါအမျိူးအစားဘီယာဖြစ်ကာ လတ်ဆတ်မွှေးပျံ့သောအရသာကို ပေးစွမ်းနိုင်ပါသည်။

BAWDAR ဘီယာသည် မြန်မာဘာသာစကားလုံးကို ဂုဏ်ယူစွာအသုံးပြုထားသည့် HEINEKEN Myanmar ၏ ပထမဆုံးဘီယာအမှတ်တံဆိပ်ဖြစ်

BAWDAR ပါတီပွဲတွင် တစ်နိုင်ငံလုံးမှ ပရိတ်သတ်အခိုင်အမာရရှိထားပြီးဖြစ်သော နိုင်ငံကျော် ရော့ခ်အဆိုတော် လေးဖြူကို တရားဝင် သံတမန် Brand Ambassador အဖြစ် မိတ်ဆက် ကြေညာခဲ့ပြီး လေးဖြူမှလည်း ၎င်း၏တီးဝိုင်းအဖွဲ့နှင့်အတူ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

BAWDAR ပါတီပွဲကို နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြသော မေရီ၊ ကောင်းကောင်း၊ Lil Z, ရဲနောင် ခိုင်သဇင်ငုဝါ၊ သန္တာဗိုလ်၊ ကျော်ဆု၊ ဖိုးသော် အပါအဝင် အခြားအနုပညာရှင်များနှင့် လူမှုကွန်ရက်မှနာမည်ကျော်ကြားသူများတက်ရောက်ဆင်နွှဲခဲ့ကြပါသည်။

BAWDAR ၏ တရားဝင် သံတမန် (Brand Ambassador) ဖြစ်သော လေးဖြူ တက်ရောက်ပြီး အခြားအနုပညာရှင်များစွာလည်းတက်ရောက်ခဲ့

BAWDAR ဘီယာကို 33cl သံဗူးများ၊ 60cl ပုလင်းများနှင့် စည်ဘီယာအမျိုးအစားများဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ BAWDAR ဘီယာပုလင်းသစ်ကို ဝယ်ယူပါက မြန်မာကျပ် သိန်း (၃၀၀) တန်ဖိုးရှိ အထူးဆုကြီးအပါအဝင် အခြားဆုမဲပေါင်းများစွာပါဝင်သည့် အဖုံးတွင်းကံစမ်းမဲအစီအစဉ်တစ်ရပ်ကိုလည်း လုပ်ဆောင်ထားကြောင်း သိရပါသည်။ အသေးစိတ် အချက်အလက်များကို ထပ်မံသိရှိလိုပါက BAWDAR Beer Facebook Page (https://www.facebook.com/BawdarBeer/) တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top