တရုတ်မင်းသမီးဖန်ဘင်းဘင်း ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မှာလား

yyl-024-2.jpg

တရုတ်ထိပ်တန်းမင်းသမီးချော ဖန်ဘင်းဘင်းဟာ (၂၀၁၈) ခုနှစ်က အခွန်တိမ်းရှောင်မှုကြောင့် ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်နေတာ (၂) နှစ်နီးပါးလောက်ရှိနေပါပြီ။ အခုဆိုရင် ရုပ်ရှင်ဒါရိုက်တာ လီယွီ (Li Yu) ရိုက်ကူးမယ့် ဇာတ်ကားနဲ့ ဖန်ဘင်းဘင်းက ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ရှိလို့နေပါတယ်။

ဖန်ဘင်းဘင်းနဲ့ ပူပေါင်းတင်ဆက်မယ်ဆိုတဲ့ သတင်းတွေအပေါ် လူတစ်ယောက်က အွန်လိုင်းကတစ်ဆင့် ဒါရိုက်တာထံ မေးမြန်းရာမှာ ဒါရိုက်တာက “စိတ်ရှုပ်ထွေးအောင်မလုပ်ပါနဲ့။ ဒါက စီစဉ်နေတုန်းရှိပါသေးတယ်”လို့ ပြောခဲ့ပါတယ်။ ဒါရိုက်တာရဲ့ပြောစကားကို ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက် အတူတူအလုပ်လုပ်နေတာကို အတည်ပြုတဲ့သဘောအနေနဲ့မြင်ရပါတယ်။

ဖန်ဘင်းဘင်းဟာ တရုတ်သရုပ်ဆောင်တွေထဲမှာ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး ဝင်ငွေ ယွမ် သန်း (၃၀၀) ရရှိခဲ့တဲ့ ဝင်ငွေအများဆုံးအနုပညာရှင်လည်းဖြစ်ပါတယ်။ သူ့ကို Lost in Beijing နဲ့ Buddha Mountain ဆိုတဲ့ဇာတ်ကားတွေနဲ့ လူသိများကြပါတယ်။ ဒါပေမဲ့ အခွန်တိမ်ရှောင်တယ်ဆိုတဲ့ သတင်းကြောင့် သူ့ရဲ့အနုပညာအလုပ်က နည်းနည်းတော့မှေးမှိန်သွားခဲ့ပါတယ်။ သရုပ်ဆောင်ကမ်းလှမ်းချက်တွေကို ရပ်တန့်ခဲ့ရသလို နာမည်ကြီးကုန်ပစ္စည်းတံဆိပ်တွေရဲ့ Brand Ambassador အဖြစ်ကနေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ သူက အခွန်တိမ်းရှောင်မှုကြောင့် တရုတ်ယွမ်ငွေ သန်း (၈၅၀)ဒဏ်ကြေးငွေပေးဆောင်ခဲ့ရပါတယ်။ ဒါက တရုတ်သမိုင်းမှာ အခွန်တိမ်းရှောင်မှုအတွက် ဒဏ်ကြေးအများဆုံး ပေးရတာလို့ သတ်မှတ်ထားပါတယ်။

Ref: AsiaOne “Fan Bingbing to make comeback soon? Chinese film director confirms collaboration”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top