ယူရစ်အက်ဆစ်ပမာဏ လျော့နည်းစေမယ့် သဘာဝနည်းလမ်းများ

a-senior-woman-in-wheelchair-with-a-health-R7DMY9T.jpg

ယူရစ်အက်ဆစ်ဆိုတာ အနီရောင်အသား၊ ဝမ်းတွင်းကလီစာသား၊ ပင်လယ်စာ၊ မှို၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါရှိပြီး ဂေါက်ရောဂါဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်း ပြူရင်း (purine) ပြိုကွဲမှုကြောင့် ဖြစ်ပေါ်လာတာပါ။

ယူရစ်အက်ဆစ်ကို များသောအားဖြင့် ဆီးကနေ စွန့်ထုတ်တာဖြစ်ပြီး သင့်ရဲ့ကျောက်ကပ်က အလုပ်ကောင်းကောင်းမလုပ်ဘူး ဒါမှမဟုတ် သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ်တွေ ထုတ်တာ များနေပြီဆိုရင် ဒါက ပြဿနာရှိပါတယ်။

ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေက အဆစ်အမြစ်ထဲမှာ စုပုံနိုင်ပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကို ဂေါက်ရောဂါဖြစ်တယ်လို့ ခေါ်ပါတယ်။ ကျောက်ကပ်ထဲမှာ ယူရစ်အက်ဆစ်တွေ စုပြုံလာတဲ့ အခါ ဆီးကျောက်တည်နိုင်ပါတယ်။

သွေးထဲက ယူရစ်အက်ဆစ်ပမာဏ ပုံမှန်ဖြစ်စေဖို့ ဆောင်ရွက်သင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးပါမယ်။

ရေလုံလုံလောက်လောက်သောက်ပါ

ရေ လုံလုံလောက်လောက်သောက်တာက ယူရစ်အက်ဆစ် ပမာဏကို ပုံမှန်ထိန်းပေးပြီး ကျောက်ကပ်ကို သန့်စင်ပေးပါတယ်။ ရေ၊ သဘာဝရေနွေးကြမ်း၊ သကြားပါဝင်မှုနည်းတဲ့ သစ်သီးဖျော်ရည်သောက်ပေးခြင်းနဲ့ ရေဓာတ် ပြည့်ဝအောင်နေပါ။

ပြူရင်း (purines)

ပါဝင်မှုများတဲ့ အစားအစာတွေကိုရှောင်ပါ အနီရောင်ရှိအသား၊ မွေးမြူရေး အသား၊ မှို၊ ကညွတ်နဲ့ ပန်းဂေါ်ဖီ တို့က ပြူရင်းဓာတ်ရရှိတဲ့ ရင်းမြစ်တွေပါ။ ယူရစ်အက်ဆစ်ကို ထိန်းထားချင်တယ်ဆိုရင် ဒီလို အစားအစာတွေ အများကြီး စားသုံးမှုကို ရှောင်ပါ။

ဗီတာမင် C

ပမာဏ လုံလောက်စွာ မှီဝဲပါဗီတာမင် C က ယူရစ်အက်ဆစ် ပမာဏကို ထိန်းထားပေးပါတယ်။ ဗီတာမင် C ရနိုင်တဲ့ အကောင်းဆုံးရင်းမြစ်တွေက ဘယ်ရီသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတို့ပဲ ဖြစ်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပါ

လုံလောက်တဲ့ အမျှင်ဓာတ် စားသုံးပေးမှုက ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေ ကင်းဝေးစေပါတယ်။ နှံစားသီးနှံ၊ ငှက်ပျောသီး၊ ပန်းသီး၊သစ်တော်သီးတို့မှာ အမျှင်ဓာတ် ကြွယ်ဝပါတယ်။

အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပါ

အဆီနည်းတဲ့ နွားနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က ယူရစ်အက်ဆစ် ပမာဏ လျော့နည်းစေပါတယ်။

Ref: fabiosa “Simple Tips To Lower Your Uric Acid Naturally”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top